ဒီက ပုံလေးကို ယူထားပါတယ်။ ဒီလထဲမှာ ကျမရဲ့ ချစ်သော မောင်ငယ်နဲ့ မိသားစု ရန်ကုန်ကို အကြောင်းကိစ္စတခုကြောင့် ဆယ်ရက်တိတိ ရောက်လာခဲ့ပါတယ်။ သူ့မိသားစုဆိုတာက သူ့မဟေသီနဲ့ သားတော်မောင် အခါလည်သားအရွယ် အမွှာညီနောင် နှစ်ယောက်ရယ်..ပေါင်း လေးယောက်ရယ်ပါ။ ကျမတို့လည်း နီးမှ သိရလို့ ပြင်ဆင်ချိန် သိပ်မရလိုက်ပါဘူး။ ကိုယ့်မိဘအိမ်ပြန်လာတာပေမယ့် အခြေအနေတွေက ပြောင်းလဲသွားခဲ့ပြီဆိုတာကို သူ ဒီရောက်မှ သဘောပေါက်သွားပါတယ်။ မီးပျက်ပြီး ပူအိုက်နေတဲ့ အချိန်တွေမှာ ရေပြောင်း မြေပြောင်းမို့ ကလေးတွေ နေလို့ ဘယ်လိုမှ အဆင်မပြေတာနဲ့ တရက်သာ အိမ်မှာ နေနိုင်ပြီး ဟိုတယ်ပြောင်းရပါတော့တယ်။ ပြောင်းဖို့ကိုလည်း ကျမကပဲ အကြံပေးခဲ့ပါတယ်။ အဲဒီမှာတင် ကျမလည်း ကျမတို့ရဲ့ ငယ်ဘ၀လေးကို ပြန်သတိရမိလိုက်ပါတယ်..။ ဘာတွေ ကွာခြားကုန်ကြပြီလဲ ဆိုတာကိုပါ။ ကျမတို့ ငယ်စဉ်က အဖိုးအဖွားတွေဆီ သွားရတာ ပျော်ရွှင်နေတာပါပဲ။ ဖေဖေ့ရဲ့ မိဘများက မန္တလေးတိုင်းက မြို့လေးတမြို့မှာ နေကြပါတယ်။ နွေရာသီ မောင်နှမတွေ စုံကြရင် သူတို့နေတဲ့ အဲဒီအိမ်ကျဉ်းကျဉ်းလေးထဲမှာ ခြင်ထောင်တွေကို တန်းစီထောင်ပြီး အိပ်ကြရပါတယ်။ အိပ်ခန်းထဲက ကုတင်တွေပေါ်မှာတောင် လူပြည...
TRANQUILITY, CALM & PEACEFUL CORNER FOR ME!!