Skip to main content

Posts

Showing posts with the label အမှတ်တရ၊ (ဓာတ်ပုံ)

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။

တစ်ခါတုန်းက တက္ကသိုလ်မှာ

ဒါက ဘ၀ရဲ့ အမှတ်တရပုံတွေထဲက တစ်ပုံပါ။ ကျမတို့ ပထမနှစ် စာမေးပွဲဖြေခါနီး သူငယ်ချင်းတစ်အုပ် ရွှေတိဂုံဘုရားဖူးရင်းရိုက်ထားခဲ့တဲ့ ပုံလေးပါ။ ပုံထဲမှာ သူငယ်ချင်းနှစ်ယောက် ပါမလာခဲ့ပါဘူး။ စာမေးပွဲနီးလို့ စာခြောက်နေခဲ့တာလား၊ ဒါမှမဟုတ်.. အကြောင်းတစ်ခုခုကြောင့် ကျန်ရစ်ခဲ့တာလားတော့ ခုချိန်မှာ သေသေချာချာ မမှတ်မိတော့ပါဘူး။ အဲဒီသူငယ်ချင်းတွေနဲ့လည်း အစကနေ အဆုံးအထိ တတွဲတွဲတော့ မဖြစ်ခဲ့ရပေမယ့် တစ်ချိန်တုန်းကတော့ လှပခဲ့တဲ့ သဇင်ဆောင်ရဲ့ ညနေခင်းလေးတွေမှာ ပါဝင်ပတ်သက်ဖူးခဲ့ကြပါတယ်။ အခုတော့လည်း တစ်ယောက်တစ်ကွဲစီ.... ပေါ့လေ...။  အင်း.. လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်ကျော်က ပုံလေးပါ။ အဲဒီထဲက စစ်အင်္ကျိနဲ့တစ်ယောက်။ သူကတော့ စစ်သား၊ စစ်ဗိုလ် ဖြစ်မလာခဲ့ပဲနဲ့ကို ....အားလုံးနဲ့ အဝေးဆုံးအရပ်ဆီ.. သည်တစ်သက် ပြန်မဆုံနိုင်တဲ့ ခရီးကို ထွက်ခွာသွားခဲ့ပါပြီ။  အချိန်တွေလည်း ကြာမြင့်ခဲ့သလို ...ဘ၀တွေလည်း ပြောင်းလဲခဲ့ပေါ့။ အဲဒီတုန်းက အပျော်မျိုးတွေနဲ့လည်း ခုချိန်မှာ ဖြူစင်စွာ မပျော်ရွှင်နိုင်တော့ပါဘူး။ အတ္တစွဲကိုယ်စီ၊ ဘ၀ကိုယ်စီ၊ ခံယူချက်ကိုယ်စီနဲ့ ဘ၀ကို ရှေ့ဆက်လျှောက်နေကြဆဲပါပဲ....။ တချို့ကတော့လည်း မလှမ်းမကမ်းမှာ၊ တချို့ကျတော့လည်း နီး...