Skip to main content

Posts

Showing posts with the label နှစ်သက်မိသော သူတို.၏ စကားများ။

ဘယ်သူများ ပြောသွားခဲ့တာပါလိမ့်????

 ဘယ်သူပြောသွားတာလဲ... “ခေါင်းဆောင်လုပ်တဲ့လူတွေဟာ ကိုယ်ယုံကြည်တဲ့ ကိစ္စကို တိုင်းသူပြည်သားတွေကို ပြောရဲရမယ်၊ ရှင်းပြရဲရမယ်၊ အသက်စွန့်သင့်တဲ့ နေရာမှာ စွန့်ရဲရမယ်။ ပရိယာယ်သုံးသင့်တဲ့ နေရာမှာ သုံးရမယ်၊ အချိန်အခါလိုက်ပြီး လုပ်ရမယ်၊ အများယောင်လို့ ယောင်ရတယ်။ အမောင် တောင်မှန်းမြောက်မှန်းမသိဆိုရင် ခေါင်းဆောင် မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို မယုံတဲ့ လူဟာ ဘယ်အခါမှ တခြားလူကို မယုံဘူး။ ကိုယ့်တိုင်းသူပြည်သားကိုလည်း မယုံဘူး။ ကျွန်တော့်အဖို့ ကျွန်တော့်ကိုယ်ကို ကျွန်တော်ယုံတယ်။ ခင်ဗျားတို့ကိုလည်း ယုံကြည်တယ်။ မြန်မာ့လွတ်လပ်ရေးကိုလည်း ယုံကြည်တယ် ဘယ်ကိစ္စမဆို လုပ်ရင် မှားတယ် မှန်တယ် ဆိုတာ ရာဇ၀င်က ဆုံးဖြတ်လိမ့်မယ်” (တက္ကသိုလ်စိန်တင်၏ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု မှတ်တမ်းများနှင့် ဗိုလ်ချုပ်အောင်ဆန်း စာအုပ်မှ)