ယုံကြည်ချက်နှင့် အသက်ရှင်သည် မင်းက ငါ့ကို... ဆုံးရှုံးမှုတွေကြားမှာ ပစ်ထားခဲ့သတဲ့လား။ အနိုင်ယူဖို့ရယ် လက်မြှောက် အရှုံးပေးဖို့ရယ် ဆိုတာတွေဟာ ငါ့အတွက် မဟုတ်ဘူးလို့ ငါယူဆထားတယ်။ ငါ့ကိုယ်ငါ..... ရေထဲကို အဆုံးတိုင် နစ်မြှပ်ပစ်လိုက်မယ် ဆိုတာတောင် အောက်ခြေအထိတော့ နစ်မြှုပ်မသွားနိုင်သေးပါဘူး။ ငါ့မှာ ရှိသမျှကို ငါလောင်းဝံ့တယ်၊ တပြားမှာ မကျန်ရင်လဲ ငါ့ကိုယ်ငါ လောင်းကြေးထားဝံ့တယ်။ ငါဟာ ဆုံးရှုံးမှုတွေ အားလုံးကို ကျော်ဖြတ်ပြီး မလွဲမသွေ အနိုင်ရဦးမှာပဲလို့ ငါ ယုံကြည်ပြီးသားမို့ဘဲ။ ။ မိုးမိုး(အင်းလျား) ( တဂိုးရဲ့ စာနုယဉ်ကို မိုးမိုး(အင်းလျား) ဘာသာပြန်ထားတာပါ။ ဘယ်ထဲကနေ ကျမ ကူးထားမိမှန်း မမှတ်မိတော့ပါဘူး။ ကိုယ့်ကို သူများက ရှုံ့းစေချင်တဲ့အခါ ၊ ကိုယ် ငိုနေတာကိုကြည့်ချင်နေတဲ့ လူတွေကို ရင်ဆိုင်ဖို့ အားဖြည့်တဲ့အခါ.. ဖတ်ဖြစ်တဲ့ စာလေး ဆိုပါတော့...)
TRANQUILITY, CALM & PEACEFUL CORNER FOR ME!!