Thursday, December 18, 2008

ယုံကြည်ချက်နှင့် အသက်ရှင်သည်။ (ဘာသာပြန်သူ- မိုးမိုး (အင်းလျား))

ယုံကြည်ချက်နှင့် အသက်ရှင်သည်

မင်းက ငါ့ကို...
ဆုံးရှုံးမှုတွေကြားမှာ ပစ်ထားခဲ့သတဲ့လား။
အနိုင်ယူဖို့ရယ် လက်မြှောက် အရှုံးပေးဖို့ရယ် ဆိုတာတွေဟာ
ငါ့အတွက် မဟုတ်ဘူးလို့ ငါယူဆထားတယ်။

ငါ့ကိုယ်ငါ.....
ရေထဲကို အဆုံးတိုင် နစ်မြှပ်ပစ်လိုက်မယ် ဆိုတာတောင်
အောက်ခြေအထိတော့ နစ်မြှုပ်မသွားနိုင်သေးပါဘူး။

ငါ့မှာ ရှိသမျှကို ငါလောင်းဝံ့တယ်၊
တပြားမှာ မကျန်ရင်လဲ
ငါ့ကိုယ်ငါ လောင်းကြေးထားဝံ့တယ်။
ငါဟာ ဆုံးရှုံးမှုတွေ အားလုံးကို ကျော်ဖြတ်ပြီး
မလွဲမသွေ အနိုင်ရဦးမှာပဲလို့
ငါ ယုံကြည်ပြီးသားမို့ဘဲ။         ။

မိုးမိုး(အင်းလျား)

( တဂိုးရဲ့ စာနုယဉ်ကို မိုးမိုး(အင်းလျား) ဘာသာပြန်ထားတာပါ။ ဘယ်ထဲကနေ ကျမ ကူးထားမိမှန်း မမှတ်မိတော့ပါဘူး။ ကိုယ့်ကို သူများက ရှုံ့းစေချင်တဲ့အခါ ၊ ကိုယ် ငိုနေတာကိုကြည့်ချင်နေတဲ့ လူတွေကို ရင်ဆိုင်ဖို့ အားဖြည့်တဲ့အခါ.. ဖတ်ဖြစ်တဲ့ စာလေး ဆိုပါတော့...)

6 comments:

Craton said...

ဖတ်ပြီး အားလေးနည်းနည်းတက်သွားပါတယ် မသိင်္ဂီ
း)

sonata-cantata said...

ကိုယ့်ကိုကိုယ် အဓိပတိထားတယ်ပေါ့ ကောင်းတယ် သူငယ်ချင်း... တို့တော့ ယောင်ဝါးနေဆဲ...

ThuHninSee said...

အင်း..ဟောရင်းသာ ပျံလွန်တော်မူမယ်..
အမိုက်အမဲလေးတွေက မလိုက်နာနိုင်။

PAUK said...

အင်းး
အရှုံးမပေးချင်ပါဘူး..
(အရှုံး မပေးနိုင်ပါဘူး..လို့ပြောတာမဟုတ်ပါ)
မသီဂီ င်္ ...
စိတ်ဓါတ်တွေက...ဟိုးအောက်ဆုံးမှာ...
............
ထွက်ပေါက်တွေမရှိတော့..
ဒီနေ့ ...ပေါက်ကွဲသွားတယ်..
(မပေါက်ကွဲသင့်တဲ့သူဆီမှာ..)
မားဆီ ဖုန်းဆက်တော့..စကားတစ်ခွန်းလောက်အဆင်မပြေတာနဲ့
ကျနော့စကားလုံးတွေ တရားလွန်သွားတယ်..
အခုတော့..
စိတ်ဓါတ်တွေကျတာထက်...
မားကို ပေါက်ကွဲလိုက်တာကို..
နောင်တ ရမဆုံး....

Ko Nge said...

May lay,

Just Look back. I'm right behind you.
Whatever you face, you'll be always a winner if you can control inner world.
Ko Nge

Nu Thwe said...

အားရှိစေတဲ့ စာတစ်ပုဒ် အတွက် ကျေးဇူးတင်ပါတယ်။ စစ်တမ်းကို လာဖြေသွားတဲ့ အတွက်ရောပါပဲ။ နောက်မှ စိတ်ကြိုက် အကြာကြီး စာလာဖတ်ဦးမယ်။ ဖတ်ချင်တာတွေ များလွန်းလို့။