Wednesday, March 11, 2009

အမှတ်တရ...

၁၉၈၈-ခုနှစ်ရဲ့ မတ်လ ၁၁-ရက်နေ့...

အဲဒီနေ့က ကြို့ကုန်းက ရန်ကုန် စက်မှုတက္ကသိုလ်ဝင်းထဲမှာ  စည်ကားနေကြတယ်လေ..။ စုပေါင်း သွေးလှူပွဲ ရှိတာကိုး။ ကျောင်းသူ ကျောင်းသားတွေလည်း စိတ်အားထက်သန်စွာ ကိုယ့်သွေးတွေကို ပေးလှူခဲ့ကြတယ်..။  (အဲဒီနေ့ သွေးလှူပွဲကတော့ ၀မ်းမြောက်စွာနဲ့ပေါ့...)

ကျမလည်း သွေးလှူဖို့ ရည်စူးထားခဲ့လို့  အဲဒီ အလှူပွဲ ၀င်နွှဲခွင့်ကြုံခဲ့သေးပါတယ်.... အဲဒါ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်များတောင် ဖြစ်မလားမသိ...။ ပြီးတော့ သွေးလှူရှင်တံဆိပ်လေးတစ်ခုရယ်.. သွေးလှူမှတ်တမ်းကဒ်လေးရယ်.. ကြက်ဥပြုတ်လေး တစ်လုံးရတာတော့ မှတ်မိနေခဲ့တယ်...။


ပြီးတော့ အဲဒီ သွေးလှူရှင်တံဆိပ်ကလေးကို တစုံတယောက်ကို မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့လိုက်တယ်... အဲဒီနေ့က သူ့ မွေးနေ့ပါ.....။ သူ့မွေးနေ့မှာ ကိုယ်ရည်စူးလှူဖြစ်ခဲ့တဲ့ သွေးအလှူဟာ  လိုအပ်နေတဲ့ တစ်စုံတစ်ယောက်အတွက် အထောက်အကူဖြစ်ခဲ့ရင်.. သူရော ကိုယ့်အတွက်ပါ မွန်မြတ်တဲ့ အလှူဖြစ်စေဖို့ပါ...။


သွေးလှူပြီးပြီးချင်းပဲ  ရန်ကုန်ကနေ  မိဘတွေရှိတဲ့ ပဲခူးကို လိုင်းကားနဲ့ ပြန်လာတော့ ခေါင်းတွေ  တအားမူးနေလို့ မရပ်နိုင်ပဲ အတူလိုက်လာတဲ့ သူငယ်ချင်းရဲ့ လက်ကိုတွဲ ကားကြမ်းပြင်ပေါ်မှာ ငုတ်တုတ်ထိုင်နေခဲ့ရသေးတယ်...

အဲဒီက အပြန်  ကျောင်းပြန်တက်တော့ .. တစ်ဆယ့်သုံးရက်နေ့...  ကျမတို့ရဲ့ ကျောင်းသားဘ၀တွေမှာ... အပျော်တွေ ပျက်သုဉ်းပြီး အမှောင်ထု ကြီးစိုးခဲ့ရတော့.. မှတ်မှတ်ရရပါပဲ...။

နှစ်ဆယ့်တစ်နှစ် ကြာခဲ့ပါပြီ...။

အခုချိန်မှာ သွေးလှူရှင် တံဆိပ်လေးလည်း ဟိုရောက်ဒီရောက်နဲ့ ပျောက်ဆုံးသွားခဲ့ပေမယ့် အနှစ်သာရနဲ့ အတိတ်က အရိပ်တွေကတော့ ကျန်နေဆဲပါ...။

သွေးလှူရှင်တံဆိပ်ကလေးကို လက်ခံမိပြီး အခုတော့ ပိုင်ရှင်အပြင် ကလေးသုံးယောက်ကိုပါ ကြည့်ရှူ စောင့်ရှောက်နေရတဲ့ အိမ်ဦးနတ်ကို ကိုယ်ရော စိတ်ပါ ချမ်းသာ ကျန်းမာစွာနဲ့ ဒီမိသားစုလေးကို ဆထက်တိုးပြီး စောင့်ရှောက်နိုင်ပြီး ဗုဒ္ဓဘာသာဝင်တို့ရဲ့ နောက်ဆုံးပန်းတိုင်ကို ခရီးအရောက် လမ်းမပျောက်ပဲ အရောက်လှမ်းနိုင်ပါစေ...လို့ မွေးနေ့ဆုမွန်ကောင်း တောင်းလိုက်ပါတယ်နော်..။

ဟုတ်ကဲ့.. မိတ်ကောင်းဆွေကောင်းနဲ့ အတူ လမ်းကြုံလိုက်ရတာပေါ့...။

25 comments:

KLNG said...

Happy Birthday ပါမမtg ရဲ့ကိုငယ်
(အချစ်မွေးနေ့မှန်းအောက်ပိုင်းကျမှ ပဲသိတော့တယ်ဟိ)

မီယာ said...

မသိင်္ဂီ...သူ့ကိုပေးတဲ့ မွေးနေ့လက်ဆောင်က အဓိပ္ပါယ် ရှိလိုက်တာ... Happy birthday!

May said...

ရေးထားတာရော နောက်ခံပေါ်လွင်နေတဲ့
အကြောင်းအရာလေးတွေကိုရော စိတ်ဝင်စားစွာဖတ်သွားပါတယ်။
မွေးနေ့ရှင်နဲ့ မိသားစုအားလုံး ထာဝရငြိမ်းချမ်းပျော်ရွှင်ပါစေ...
မေအောင်

khin oo may said...

့happy birthday ပါ တီဂျီရဲ့ ကိုငယ်.

khin oo may said...

မေအောင်. မဂ်လာပါ။ တီဂျီ. ကာကာ အားလုံးမီယာ နဲ့တကွ. happy party..

ဇနိ said...

ပျော်ရွှင်ပါစေ...

PAUK said...

မသိဂီ င်္ ရဲ့ ကိုငယ်
မွေးနေ့မှာပျော်ရွှင်ပါစေ...

sin dan lar said...

Happy Birthday!

သက်ဝေ said...

သိင်္ဂီ ရဲ့ ဘ၀လက်တွဲဖေါ် မိတ်ဆွေကောင်း
မွေးနေ့မှာ မိသားစုနဲ့အတူတူ ပျော်ရွှင် ချမ်းမြေ့ပါစေ...

MANORHARY said...

မသိဂီ င်္ ရဲ့လေးစားစရာကောင်းတဲ့ ဆုတောင်းနဲ့ တင်
တော်တော်ပြည့်စုံနေပါပြီ...ပျော်ရွှင်စရာမွေးနေ့လေးမှာ
ချစ်သောမိသားစုလေးနဲ့အတူပျော်ရွှင်နိုင်ပါစေလို့...

ခင်မင်းဇော် said...

သိဂီ င်္ရဲ့ လက်တွဲဖော်
ပျော်ရွှင်သော မွေးနေ့ ပေါင်းများစွာကို
ချစ်သောမိသားစုနဲ့ အတူဆင်နွဲနိုင်ပါစေ။
ချစ်ခင်စွာဖြင့်
အမ ခင်မင်းဇော်

Welcome said...

တစ်ချိန်က
မွန်မြတ်တဲ့ အလှူနဲ့
အဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်အတွက်
မွေးနေ့ရှင်လည်း
ကျေနပ်ပျော်ရွှင်လိမ့်မယ်လို့ ထင်မိပါတယ်။
နွေးထွေးပျော်ရွှင်တဲ့ မိသားစုလေးဖြစ်ပါစေ..

လေးစားခင်မင်လျက်

sonata-cantata said...

သွေးလို့ ခေါ်ခေါ်
အသက်လို့ပဲ ပြောပြော...

အချစ်လို့ ဆိုဆို
အနှစ်လို့ပဲ ပိုပို...

မေတ္တာကို သစ္စာပေါင်းလို့
ချစ်သဒ္ဓါတွေ လောင်းလိုက်ပါတဲ့
မောင်နဲ့မယ်
သိင်္ဂီ နဲ့ ကျော်ငယ်...

ဧရာသီတာ

Ko Nge said...

Thanks to all for wishes and reading thought of May Lay .
May Lay, as time goes by, i found more love, care, kindness and mitta from u.
yours Ko Nge

သင်းနွယ်ဇင် said...

ဟီးဟီး အားလုံးပြည့်စုံနေလို့ ဘာဆုတောင်းပေးရမလဲမသိတော့ဘူးနော်။

ဒီနေ့ကစလို့သက်ရာကျော်တိုင် ဒီမိသားစုလေးနဲ့အတူ
ပျော်ရွှင်ချမ်းမြေ့စွာနဲ့နောက်ဆုံးပန်းတိုင်ကို
အရောက်လှမ်းနိုင်ကြပါစေ။

ဖိုးဂျယ် said...

မွေးနေ့မှာ ပျော်ရွှင်ပါစေ ဦးဦးရေ
နောင်နှစ်ပေါင်းများစွာ ဒီမိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်
အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်ပါစေလို့
တားငယ်လေး ဖိုးဂျယ်မှ ဆုမွန်ကောင်းတောင်းပေးပါတယ်။

သီဟသစ် said...

မမ tg ရေ
ခုလို အောင်မြင်ပျော်ရွှင်သော မိသားစု ဘ၀လေး အမြဲတမ်း ပိုင်ဆိုင်နိုင်ပါစေခင်ဗျာ။

Taungoo said...

အကို့ရဲ့ မွေးနေ့မှသည် အမတို့ မိသားစုတွေအားလုံး ပျော်ရွှင်အေးချမ်းကြပါစေ...

တန်ခူး said...

အကိုကြီးရဲ့ xxမြောက်မွေးနေ့ မှသည် နောင်နှစ်ပေါင်း ရာထောင်သောင်းတိုင်အောင် ချစ်ဇနီးချောလေးရယ်၊ သားသားမီးမီးလေး ၃ယောက်ရယ် ဝေေ၀ဆာဆာနဲ့  ပျော်ရွှင်စွာ ဆင်နွှဲနိုင်ပါစေလို့ … မ ရေ… ကျောင်းက သွေးလှူပွဲဆို သူများကို အားပေးဖို့  ရောက်ဖြစ်တယ်… ကိုယ်ကိုယ်တိုင်ကတော့ သွေးအားနည်းတတ်သူမို့  လှူလို့ မရဘူးလေ… မြတ်တဲ့မွေးနေ့ လက်ဆောင်လေးမို့  ပြန်တွေးတိုင်း ကြည်နူးစရာနော်…

mgnge said...

ပဲခူး ကလားဟင်...။
စာထဲဖတ်မိလို့ ပါ..။

ပျော်ရွှင်ပါစေ..။

Moe Cho Thinn said...

မမရေ
အသွေးထဲ အသားထဲက ချစ်မြတ်နိုးတဲ့ သဘောဆောင်လို့ မမ မွေးနေ့လက်ဆောင်လေးက ချစ်ဖို့ ကောင်းလိုက်တာ။ အကောင်းဆုံးဆုမွန်တွေ ပြည့်စုံတဲ့ မိသားစုလေးဆိုတော့ ဆုတောင် တောင်းပေးဖို့ လိုမယ် မထင်။
ကိုဧရာ မသီတာ ကဗျာလေးက ကောင်းလွန်းလို့ ကဗျာလေးနဲ့ ထပ်တူ ညီမျှပါပဲ မမ နဲ့ အကိုရေ..

ဇနိ said...

နောက်ကျနေတဲ့ မွေးနေ့ဆုတောင်းလေးပါ အစ်မသိဂီင်္ရေ။ ပျော်ရွှင်ဖွယ်မွေးနေ့လေးဖြစ်ပါစေ။ ချစ်တဲ့မိသားစုကို ပိုဂရုစိုက်နိုင်ပါစေနော်။

Craton said...

အန်တီtgဆုတောင်းသလိုပါပဲဗျို့..
(စကားမစပ် ၁၉၈၈တဲ့.. သားသားတို့အမွေးသေးဝူးးးဂျ)

tg.nwai said...

ဆုတောင်းပေးတဲ့ သူငယ်ချင်း မိတ်ဆွေများအားလုံးကို ကျေးဇူး အထူး တင်ရှိပါကြောင်းပါ..
ဘာမုန့်နဲ့မှ ဧည့်မခံလိုက်ရတဲ့အတွက်တော့ ဆောတီးပါ..အဲ..နောင် အပြင်မှာတွေ့တော့မှ တကယ်ကျွေးပါမယ်..ဟဲဟဲ

စိုးဇေယျထွန်း said...

မွေးနေ့မှာ ဘာလက်ဆောင်ပေးရင် ကောင်းမလဲ စဉ်းစားနေတာ။ အခုတော့အကြံရသွားပြီ။ အဲလိုမျိုး တစ်ခါမှ မစဉ်းစားခဲ့ဖူးဘူး