Skip to main content
မနေ့က ဘာရယ်မဟုတ် တီဗွီရှေ့ ထိုင်ရင်း Sister's keeper ဆိုတဲ့ ရုပ်ရှင်လေး ကြည့်မိခဲ့တယ်။ ကင်ဆာဝေဒနာသည် သမီးကြီးအတွက် မိသားစုဝင်တွေ အားလုံး ကူညီပေးဆပ်ခဲ့ကြပုံတွေ.. မိခင်တယောက်အနေနဲ့ သမီးအသက်ကို ဆွဲဆန့်ဖို့ပဲ မျှော်လင့်ချက်တွေနဲ့ တခြား ဘယ်သူ့က်ုမှ ဘယ်အရာက်ုမှ ထည့်မတွက်တော့တဲ့ ပြင်းပြထက်သန်တဲ့ ဆန္ဒ... နောက်ဆုံး ကာယကံရှင် သမီးက သူ့တွက် ထိခိုက်ပေးဆပ်ခဲ့ကြတဲ့ မိသားစုတွေအပေါ် ကျေးဇူးတင်အားနာရင်း သူ့ကို လွှတ်ပေးလိုက်ဖို့သာ တောင်းဆိုလာတော့တယ်..

ဆက်စပ်ရင်း ပုံ့လေးကို သတိရမိတယ်... ဘဝတွေ.....

ဒီနေ့မနက် သမီးသူငယ်ချင်းရဲ့ အမေ အသုဘ လိုက်ပို့ဖြစ်တယ်။ သိပ်ထက်မြက် ဖြတ်လတ် သွက်လက်တဲ့လအမျိုးသမီးပေါ့... အနာဂတ်ကောင်းတွေ (သူ့အတွက်သာမက) အသိုင်းအဝိုင်းကိုပါ မျှဝေမြှင့်တင်ပေးနေတဲ့ အမျိုးသမီး... ကလေးတွေနဲ့ ပတ်သက်ပြီး မျက်မှန်းတန်း သိကြရုံဆိုပေမယ့် သူ့ရဲ့ ထက်မြက်သွက်လက်တာတွေကို သဘောကျ အားကျခဲ့တယ်... inner က လာတဲ့ စိတ်အားတက်ကြွ ယုံကြည်လှုပ်ရှားမှုတွေ.... 

သာယာလှပတဲ့ မိသားစုဘဝလေးရယ်...အဲဒီလိုပဲ ကြည့်နေရင်းနဲ့ သမီးငယ်က သူ့သူငယ်ချင်းမေမေမှာ အဆုတ်ကင်ဆာဖြစ်နေတယ်ဆိုတဲ့ သတင်းကြားတော့ ... ကိုယ် သိခဲ့တဲ့ ကျန်းမာရေးလိုက်စားတဲ့ စမတ်ကျကျ လှလှပပ အမျိုးသမီးလေး...ကိုယ် စိတ်မကောင်းဖြစ်မိတယ်... မမြဲတဲ့တရားဆိုတာ လူတိုင်းနဲ့ ဆိုင်ပေမယ့် ကိုယ်နဲ့ ပတ်သက်တဲ့ သူတွေကိုတောင် သာယာလှပနေတဲ့ အသိုက်အမြုံလေးတွေ မပျက်စီးစေချင်မိဘူး... အရွယ်မရောက်သေးတဲ့ ကလေးနှစ်ယောက်ရဲ့ မိခင်နေရာ အလိုလို ရောက်သွားတော့ ... အို... ကိုယ် ဝမ်းနည်းလို့ မဆုံးဘူး...

ကိုယ် စိတ်ဝင်စားတဲ့ အဲဒီအမျိုးသမီး သူ့နောက်ဆုံးအချိန်တွေ အသုံးချသွားတာလည်း လေးစားချီးကျူးမိပါရဲ့.... မိသားစုအနေနဲ့ ဒေါက်တိုင်တစ်ခု ယိုင်နဲ့ပျက်စီးသွားရင် ပုံမှန်အတိုင်းရှိဖို့ ဘယ်ဖြစ်နိုင်ပါတော့မလဲလေ.... 

မဖြစ်မနေ ကိုယ်က စောထွက်ရမယ့် ခရီးအတွက် သူ တတ်အားသမျှ ဒါန သီလ အထူးသဖြင့် ဘာဝနာတရားတွေ ကျင့်ကြံအားထုတ်ရင်း သံသရာခရီးအတွက် သူ ထောက်တည်ရာ တခု အပါ သယ်သွားနိုင်ခဲ့တယ်။ 

ကျန်ရစ်သူ သမီး နဲ့ သားအတွက် အမေဆိုတာ အစားထိုးမရတဲ့အတွက် ကလေးတွေဘေးမှာ ဆက်ရပ်တည်မပေးနိုင်တော့တဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ 

ဒီလိုပါပဲ... တယောက်တည်းလာခဲ့တဲ့ ခရီးမှာ တယောက်ထဲပဲ ထွက်သွားရမှာပါပဲ....ဘယ်ကလာမှန်း မသိပေမယ့် ဘယ်ကိုသွားရမလဲဆိုတာေ တာ့ ကိုယ်တွေရွေးချယ်မှုပါပဲ.....

အတ္တတွေ လောဘ ဒေါသတွေ မာနတွေနဲ့ ပူလောင်မှုတွေ ဆက်သယ်သွားကြဦးမလား....


ဖန်သားပြင်ပေါ်က ဘဝတွေရယ်.. အပြင်လောက က ရုပ်ရှင်တွေ..... ကိုယ်တိုင် ရွက်လွှင့်နေတဲ့ သံသရာရဲ့ ခရီးသည်  မှတ်တမ်း တပိုင်းတစပေါ့....  

Comments

Popular posts from this blog

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။

Let It Be!!

ခုလို အခြေအနေကြီးထဲ ဘယ်သူ့ဘယ်သူမှ မကူမကယ်နိုင်အောင် ကိုယ်စီ ကိုယ်ငှ အပူတွေနဲ့ရယ်.... ပြောရမယ်ဆို.... ကိုယ်ဟာ သိပ်တွယ်တတ်တဲ့ ကောင်… သိပ်ပြီး ပူပန်တတ်ခဲ့တဲ့ ကောင်…. ခုတော့လည်း.... အရာရာကို ဖြေလျော့လို့ သူ့သဘောသူဆောင်လို့ သဘောထားတတ်လိုက်ချိန်မှာ အတော် သက်သာရာ ရသွားခဲ့ပြီ... အရင်က အိမ်က လူတွေ အပြန်နောက်ကျရင် ပူရဲ့... ပူတာမှ ရှာကြံပြီးကို တွေး တွေးရင်း အကြီးကြီးဖြစ်လာတဲ့အထိ ပူပန်တတ်တာမျိုး.... ကိုယ့် တာဝန်ဝတ္တရားရယ်ပဲဆိုပြီး မနိုင်ရင်ကာတွေ ထမ်းပြီး သေလုအောင် ပင်ပန်းလည်း ကြိတ်မှိတ်ပြီး လုပ်တတ်တာမျိုး... ခုတော့.... ကိုယ် ပူပင်စိတ်ဝင်လာပြီဆိုတာနဲ့ သတိလေးက အချက်ပေးပြီ.... ဆက်ပြီး အကြီးမခံတော့ဘူး.... ကိုယ် ဘာတတ်နိုင်လဲ စဉ်းစားတယ်... အဆုံးစွန်ဆုံး ကိုယ်မရှိတော့ရင်ရော ဘယ်လိုဖြစ်မလဲထိ စဉ်းစားလိုက်ရင် အရာရာဟာ အေးဆေးဖြစ်သွားတာပဲ... အရင်ကတော့ လူကြီးမိဘတွေကိုလည်း ပူတယ်... သားသမီးတွေကိုလည်း ပူတယ်...  အခုကတော့.... ပူတာကို ဘယ်လိုရှင်းလို့ရမလဲလို့ပဲ problem solve လုပ်ဖို့ကို စဉ်းစားတယ်... ဘာလုပ်နိုင်မလဲ...မလုပ်နိုင်တော့တဲ့...ကိုယ်မရှင်းနိုင်တဲ့ ကိစ္စဆိုရင် let it be… ပဲ … တတ်နိုင်သလောက် နည်းလမ်းမျ...

အဝေးမြင် အနီးမှုန်....(နောက်ဆုံး)

အနီးမှုန်.. “မောင် ဒီနေ့ meeting ရှိုလို့နောက်ကျမယ်နော်…သီရိ..” “အော်…ဟုတ်.. သီရိလည်း ခိုင် ရန်ကုန်ရောက်တုန်း အိမ်လာလည်မယ် ဆိုလို့ စောင့်နေတာ… ဘယ်မှာလုပ်မှာလဲ.. meeting က..” “ ရုံးမှာပဲသီရိရေ.. နိုင်ငံခြားသားတွေပါမယ်.. ပြီးရင်တော့ တခုခုလိုက်ကျွေးရမှာပေါ့..” “ ဘယ်ဆိုင်မှာလဲ..မောင်..” “ အနီးအနားက အေးအေးဆေးဆေးဆိုင်မျိုးပဲ ဖြစ်မှာပါ.. ဒါလည်း မသေချာသေးပါဘူး… ကိုယ် ဖုန်းဆက်မယ်လေ..” “ ဟုတ်… အပြန်ကျ ခေါက်ဆွဲကြော်ဝယ်လာခဲ့နော်မောင်..ကလေးတွေ စားဖို့..” “ အင်း..အင်း..ဟုတ်ပြီ..ဒါပဲနော်” ခိုင့်ကို အိမ်ပြန်ပို့ပေးပြီးအပြန် စင်တင်တေးဂီတရှိသည့် ဆိုင်တစ်ဆိုင်ရှေ့မှာ သူမရဲ့မောင့်ကားကို လှမ်းတွေ့လိုက်သည်။ သူမ အဲဒီဆိုင်အပြင်ဘက်ရောက်နေမှန်း မောင်သိရင် အံ့အားသင့်သွားစေချင်သည်။ နောက်ချင်စိတ်ဖြင့် ဆိုင်အပြင်ဘက်မှာ ကားရပ်ပြီး သူမ မောင့်ဖုန်းကို လှမ်းခေါ်လိုက်သည်။ ချက်ချင်း မကိုင်သေး။ တော်နေကြာမှ ဟဲလို..ထူးသံကြားသည်…။ “မောင်..ဘယ်မှာလဲဟင်” “ ဧည့်သည်တွေကို ထမင်းလိုက်ကျွေးနေတယ် သီရိ” သူမ မောင့်ကို ဆိုင်အပြင်ဘက် လှမ်းထွက်လာတာမြင်လိုက်ရသည်.. “ဘယ်ဆိုင်မှာလဲ ..မောင်ရဲ့” “ အဲ..မီလျံကွိုင်မှာ….” “ သီချင်းသံတွေ ကြားနေ...