Skip to main content

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P
 
 
အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။
လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။

Comments

Moe Cho Thinn said…
ချစ်စရာကောင်းလိုက်တာ မမရယ်။
သူများတွေက ဒီဖက် လှည့် က၊ မမက ဟိုဖက် လှည့် က..။
အသဲယားလိုက်တာနော်။
မမကို ချစ်သွားပြီ။
ThuHninSee said…
ဟားဟား..သူမတူတဲ့ ကကွက်နဲ့ပေါ့လေ။
PAUK said…
မသိင်္ဂီက
အဓိက မင်းသမီးဆိုတော့..ဒီလိုပဲ..
ထူးထူးခြားခြားလုပ်မှ မင်းသမီးအလှပိုပေါ်လွင်တာပေါ့..
Welcome said…
အစ်မရေ ..

သူမတူတဲ့ ကကွက်နဲ့ ဆိုလို့
အသံထွက်အောင် သဘောကျသွားပါတယ်။
ဆိုင်းသံ၊ ဗုံသံကြားရင် ၀ါသနာကို တားမရတော့တာ အမှန်ပါ။

လေးစားလျက်
ဝင်းဇော်
Thant said…
ဟုတ်တယ်နော်။ လက်ချိုးတာများ လွယ်တယ်မှတ်လို့။ ဟား ဟား ဟား....
ခေါင်းဆောင်မင်းသမီးဆိုတာ တခြားမင်းသမီးတွေနဲ့ အကကွက် မတူဘူးလေ အစ်မရ ဟီးဟီး ကြည့်ပြီး ပြုံးရာက အားရပါးရ ၇ယ်မိသည်..ဟီဟီ အစ်မက ငယ်ငယ်ကတည်းက ချစ်စရာလေးပဲ..
MANORHARY said…
မသိဂီ င်္ကနေတာ ချစ်စရာလေးးးးးးးးးးး
မနော်ကတော့ ငယ်ငယ်ကသိပ်ကခဲ့တာဆိုပဲ
ပဲ လည်းသိပ်များသတဲ့ ခုနေလက်ချိုးခိုင်းလို့ကတော့
အင်း..ချိုသင်းနဲ့အိအိကိုရော မသိဂီ င်္ငယ်ငယ်ကကို
ရော ကျော်တက်မလားမသိ..း)ဘေးကနေတန်းမညှိပဲ
ကျော်မှာလေ ..း)
Sonata Cantata said…
ပထမပုံလေးက
I Like To Move It, Move It သီချင်းနဲ့များကနေသလား မှတ်ရတယ်။
မီယာ said…
မသိင်္ဂီ သူများနဲ့ မတူတာ ဂုဏ်ယူပါအမရေ.. ဓါတ်ပုံကြည့်ပြီး အရမ်းသဘောကျနေတယ်... ဘေးမကြည့် လိုက်မညှိ ဆိုတာလည်း ရီရတယ်
Unknown said…
Ma Theingi
Your photos are funny and so lovely. Anyway, u can dance.
:P said…
ဟားဟား... ကချင်သလို ကနေတာ ရီရတယ်..။
ရှစ်ရှာလေး....။
kay said…
မသီဂီ င်္ရေ- ပုံဟောင်းလေး တွေ ပြန်ကြည့် ရတာ..တကယ် တမျိုးလေးပဲနော်။
ငယ်ငယ်ထဲက.. သူများနဲ့ မတူဘူးပေါ့။း)
said…
ချိုထားတာတွေ အခုမှထုတ်ကြွားတယ်။
ဘာပဲပြောပြော မော်ကြီးရဲ့ ချိုမိုင်မိုင်ထက် သာပါတယ်။
အဟိ ပဲခူးဆား သိရင် - မှာ
ဟားဟား ခါးနဲ့လက်က တတောင့်ထဲ ဘယ်ဆိုးလို့တုံး :D
တကယ်မိုက်တယ် အခုခေတ် dancing on the ice အက ကသလား အောင်းမေ့ရတယ် ချန်ပီယံ ပေးလိုက်ပြီနော်း-)
တိုးတိုးလေး ပြောအုန်းမယ် ပုံလေးတွေ က ချစ်စရာလေးတွေနော်
ဇနိ said…
အမသိဂီင်္ ချစ်စရာကောင်းလိုက်တာ။ ငယ်ငယ်ကတည်းက မခေဘူးပဲ။ ညီမတော့ မကတတ်ဘူး။ ကလေးလေးတွေ ချစ်စရာနော်။
မဇနိ
ဒီလိုကရဲတာပဲ ချီးကျူပါဦးနော်.. တီဇက်အေ တင်တဲ့ ဗွီဒီယိုထဲက ဆို ငိုတောင် ငိုနေတာ ။
ကလေးကတည်းက ထူးခြားမယ် ဆိုတာ ပြနေတဲ့ ဗီဇပါ ဟိဟိ။ အေးဆေးပဲ စင်ပေါ်ရောက်လို့ကတော့ ကိုယ်က ချင်ရာ ကမယ် ဒါပဲ ... လာမတားနဲ့ ဟုတ်ဘူးလား....
သက်ဝေ said…
ချစ်စရာကောင်းလိုက်တာ သိဂီ င်္ရယ်... တကယ်ပြောတာပါ နောက်တာမဟုတ်ပါဘူး...
ဘယ်နှစ်ခါ ပြန်ကြည့်ကြည့် ကြည့်မိတိုင်းပြုံးနေဖြစ်တာ ချစ်စရာကောင်းလွန်းလို့ပေါ့.. ဟုတ်ဖူးလား...
မမtg ရေ

ငယ်ငယ် ကတည်းက stand out from the crowd ပေါ့လေ။

စကားမစပ် ကျွန်တော့ကို ဘယ်လိုခေါ်ခေါ်ရပါတယ် ခင်ဗျာ။ ကျွန်တော်တို့ မြန်မာ ထုံးစံက ယောက်ျားလေး အသက် 20 ကျော်ရင် ကိုတပ်ခေါ်တာပဲကို။

ကျွန်တော်က ရယ်စရာ အနေနဲ့ ရေးထားတာပါခင်ဗျာ

Thanks
မ ရေ… ဒီလို ထူးထူးခြားခြားပုံလေးက အရမ်းတန်ဖိုးရှိတယ်နော်… သေချာသိမ်းထားပါ မ ရေ… မြေးမြစ်တွေထိ ပြလို့ ရတာပေါ့… ချစ်စရာဖြူစင်မှုတွေ ထင်းကနဲ တွေ့ ရတဲ့ ပုံလေးမို့  photo of the year ပါပဲ မ ရယ်…
ပုံလေးတွေက ချစ်စရာ..
အပြစ်ကင်းစင် လှလှပပ ကနေလိုက်ကြတာများ မြူးကြွလို့..

အားပေးသွားပါတယ်..း)
khin oo may said…
cute

နှစ်သစ်မှာ ပျော်ရွင်ပါစေ။
ပုံထဲမှာ ချစ်စရာလေး။
ငယ်ငယ်ထဲက သူများထက် ထူးခြား ပေါ်လွင်ချင်တယ် ထင်ပါရဲ့နော်။
;)
ချစ်စရာလေးနော်
ငယ်တုန်းပုံလေးတွေကတော့ တကယ်ကိုအပစ်ကင်းတာပဲး)
အစ်မက ပါရမီပါတယ်နော် :D
PAUK said…
မသီင်္ဂီ
နေကောင်းပါရဲ့လား..
ဘယ်တွေ လည်လည် သွားနေလို့လဲ...
မတွေ့တာကြာပြီ...
Phyo Maw said…
အဖြူအမဲ ပုံလေးတွေ မြင်ရတော့ ငယ်ဘ၀တွေ သတိရမိတယ်။
ပုံထဲက အမပုံက လက်ကားထားတဲ့ တစ်ယောက်လားဟင် ထူးထူးခြားခြား ပဲ :D
သက်ဝေ said…
ကဲ.. ကဲ...
ဒေါ်သီင်္ဂီရေ...
ကတာလေးပြီးရင် ဆိုတာလေးလဲ လုပ်ပါအုံး..
ပရိသတ်ကြီးက မျှော်နေကြပြီ...
(နေကောင်းရဲ့လားလို့ လာချောင်းတာပါ)
သက်ဝေ said…
စကားမစပ်...
ဟိုနေ့ကရေးသွားတဲ့ Comment လေးထဲမှာ "တို့လဲ သက်ဝေကို သက်ဝေ အနေနဲ့ပဲ သိတာနော်" ဆိုတဲ့အထိကတော့ ဟုတ်ပါပြီ...
နောက်ဆက်တွဲက "ဟဲဟဲ တကယ်ပြောတာပါ" ဆိုတော့... ရင်ထဲမှာ ဖလပ် ဖလပ် နဲ့ ဘုရား.. ဘုရား.. လို့ ရေရွတ်လိုက်မိတဲ့အထိ...။
khin oo may said…
ကြာလိုက်တာနော်. တပုဒန်နဲ့ တစ်ပုဒ် တရေးအိပ်စောင့်လို့ရတယ်။
JulyDream said…
အဖြူအမည်းပုံတွေ ပြန်မြင်ရင် အတိတ်ကို လွမ်းသလိုလို ခံစားမိတယ်။
လေးမီ said…
သီင်္ဂီ
ဓါတ်ပုံတွေကချစ်စရာလေး၊ ငါလည်းငယ်ငယ်တုန်း မူကြို ၄ မှာ က ပါတယ်။ နင့်လိုဘဲ.သူများ က “ဘယ်” ဆို ငါ က“ညာ”၊ သူများ က “ညာ” ဆို ငါ က“ဘယ်”။ ဟီးဟီး။ လသာ ၂ ရောက် တဲ့အထိ က တုံးဘဲ ပေါ့။ ဒါမဲ့ အဲကျတော့ ညီသွားတယ်။ နောင်မှ ဓါတ်ပုံ share တာပေါ့.

Popular posts from this blog

တစ်ဆယ့်သုံးမှသည်....သက်ဆုံးတိုင်.......။

Cool Myspace Comments Free Myspace Graphics & Comments ဆယ့်သုံးနှစ်တောင် ရှိသွားပြီလားဟင်...။ မနေ့တနေ့ကလိုပါပဲ...။ အချိန်တွေ  ကုန်လွယ်လွန်းလိုက်တာလေ...။ သံသရာဆုံးတိုင်  အချင်းချင်း ပါရမီတွေဖြည့်ရင်း.....။ just  ....LET  IT BE ME.......

Let It Be!!

ခုလို အခြေအနေကြီးထဲ ဘယ်သူ့ဘယ်သူမှ မကူမကယ်နိုင်အောင် ကိုယ်စီ ကိုယ်ငှ အပူတွေနဲ့ရယ်.... ပြောရမယ်ဆို.... ကိုယ်ဟာ သိပ်တွယ်တတ်တဲ့ ကောင်… သိပ်ပြီး ပူပန်တတ်ခဲ့တဲ့ ကောင်…. ခုတော့လည်း.... အရာရာကို ဖြေလျော့လို့ သူ့သဘောသူဆောင်လို့ သဘောထားတတ်လိုက်ချိန်မှာ အတော် သက်သာရာ ရသွားခဲ့ပြီ... အရင်က အိမ်က လူတွေ အပြန်နောက်ကျရင် ပူရဲ့... ပူတာမှ ရှာကြံပြီးကို တွေး တွေးရင်း အကြီးကြီးဖြစ်လာတဲ့အထိ ပူပန်တတ်တာမျိုး.... ကိုယ့် တာဝန်ဝတ္တရားရယ်ပဲဆိုပြီး မနိုင်ရင်ကာတွေ ထမ်းပြီး သေလုအောင် ပင်ပန်းလည်း ကြိတ်မှိတ်ပြီး လုပ်တတ်တာမျိုး... ခုတော့.... ကိုယ် ပူပင်စိတ်ဝင်လာပြီဆိုတာနဲ့ သတိလေးက အချက်ပေးပြီ.... ဆက်ပြီး အကြီးမခံတော့ဘူး.... ကိုယ် ဘာတတ်နိုင်လဲ စဉ်းစားတယ်... အဆုံးစွန်ဆုံး ကိုယ်မရှိတော့ရင်ရော ဘယ်လိုဖြစ်မလဲထိ စဉ်းစားလိုက်ရင် အရာရာဟာ အေးဆေးဖြစ်သွားတာပဲ... အရင်ကတော့ လူကြီးမိဘတွေကိုလည်း ပူတယ်... သားသမီးတွေကိုလည်း ပူတယ်...  အခုကတော့.... ပူတာကို ဘယ်လိုရှင်းလို့ရမလဲလို့ပဲ problem solve လုပ်ဖို့ကို စဉ်းစားတယ်... ဘာလုပ်နိုင်မလဲ...မလုပ်နိုင်တော့တဲ့...ကိုယ်မရှင်းနိုင်တဲ့ ကိစ္စဆိုရင် let it be… ပဲ … တတ်နိုင်သလောက် နည်းလမ်းမျ...