ဒီနေ့ ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ် လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ.. : P
အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။
လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။
Comments
သူများတွေက ဒီဖက် လှည့် က၊ မမက ဟိုဖက် လှည့် က..။
အသဲယားလိုက်တာနော်။
မမကို ချစ်သွားပြီ။
အဓိက မင်းသမီးဆိုတော့..ဒီလိုပဲ..
ထူးထူးခြားခြားလုပ်မှ မင်းသမီးအလှပိုပေါ်လွင်တာပေါ့..
သူမတူတဲ့ ကကွက်နဲ့ ဆိုလို့
အသံထွက်အောင် သဘောကျသွားပါတယ်။
ဆိုင်းသံ၊ ဗုံသံကြားရင် ၀ါသနာကို တားမရတော့တာ အမှန်ပါ။
လေးစားလျက်
ဝင်းဇော်
မနော်ကတော့ ငယ်ငယ်ကသိပ်ကခဲ့တာဆိုပဲ
ပဲ လည်းသိပ်များသတဲ့ ခုနေလက်ချိုးခိုင်းလို့ကတော့
အင်း..ချိုသင်းနဲ့အိအိကိုရော မသိဂီ င်္ငယ်ငယ်ကကို
ရော ကျော်တက်မလားမသိ..း)ဘေးကနေတန်းမညှိပဲ
ကျော်မှာလေ ..း)
I Like To Move It, Move It သီချင်းနဲ့များကနေသလား မှတ်ရတယ်။
Your photos are funny and so lovely. Anyway, u can dance.
ရှစ်ရှာလေး....။
ငယ်ငယ်ထဲက.. သူများနဲ့ မတူဘူးပေါ့။း)
ဘာပဲပြောပြော မော်ကြီးရဲ့ ချိုမိုင်မိုင်ထက် သာပါတယ်။
အဟိ ပဲခူးဆား သိရင် - မှာ
တိုးတိုးလေး ပြောအုန်းမယ် ပုံလေးတွေ က ချစ်စရာလေးတွေနော်
မဇနိ
ကလေးကတည်းက ထူးခြားမယ် ဆိုတာ ပြနေတဲ့ ဗီဇပါ ဟိဟိ။ အေးဆေးပဲ စင်ပေါ်ရောက်လို့ကတော့ ကိုယ်က ချင်ရာ ကမယ် ဒါပဲ ... လာမတားနဲ့ ဟုတ်ဘူးလား....
ဘယ်နှစ်ခါ ပြန်ကြည့်ကြည့် ကြည့်မိတိုင်းပြုံးနေဖြစ်တာ ချစ်စရာကောင်းလွန်းလို့ပေါ့.. ဟုတ်ဖူးလား...
ငယ်ငယ် ကတည်းက stand out from the crowd ပေါ့လေ။
စကားမစပ် ကျွန်တော့ကို ဘယ်လိုခေါ်ခေါ်ရပါတယ် ခင်ဗျာ။ ကျွန်တော်တို့ မြန်မာ ထုံးစံက ယောက်ျားလေး အသက် 20 ကျော်ရင် ကိုတပ်ခေါ်တာပဲကို။
ကျွန်တော်က ရယ်စရာ အနေနဲ့ ရေးထားတာပါခင်ဗျာ
Thanks
အပြစ်ကင်းစင် လှလှပပ ကနေလိုက်ကြတာများ မြူးကြွလို့..
အားပေးသွားပါတယ်..း)
နှစ်သစ်မှာ ပျော်ရွင်ပါစေ။
ငယ်ငယ်ထဲက သူများထက် ထူးခြား ပေါ်လွင်ချင်တယ် ထင်ပါရဲ့နော်။
ချစ်စရာလေးနော်
ငယ်တုန်းပုံလေးတွေကတော့ တကယ်ကိုအပစ်ကင်းတာပဲး)
အစ်မက ပါရမီပါတယ်နော် :D
နေကောင်းပါရဲ့လား..
ဘယ်တွေ လည်လည် သွားနေလို့လဲ...
မတွေ့တာကြာပြီ...
ပုံထဲက အမပုံက လက်ကားထားတဲ့ တစ်ယောက်လားဟင် ထူးထူးခြားခြား ပဲ :D
ဒေါ်သီင်္ဂီရေ...
ကတာလေးပြီးရင် ဆိုတာလေးလဲ လုပ်ပါအုံး..
ပရိသတ်ကြီးက မျှော်နေကြပြီ...
(နေကောင်းရဲ့လားလို့ လာချောင်းတာပါ)
ဟိုနေ့ကရေးသွားတဲ့ Comment လေးထဲမှာ "တို့လဲ သက်ဝေကို သက်ဝေ အနေနဲ့ပဲ သိတာနော်" ဆိုတဲ့အထိကတော့ ဟုတ်ပါပြီ...
နောက်ဆက်တွဲက "ဟဲဟဲ တကယ်ပြောတာပါ" ဆိုတော့... ရင်ထဲမှာ ဖလပ် ဖလပ် နဲ့ ဘုရား.. ဘုရား.. လို့ ရေရွတ်လိုက်မိတဲ့အထိ...။
ဓါတ်ပုံတွေကချစ်စရာလေး၊ ငါလည်းငယ်ငယ်တုန်း မူကြို ၄ မှာ က ပါတယ်။ နင့်လိုဘဲ.သူများ က “ဘယ်” ဆို ငါ က“ညာ”၊ သူများ က “ညာ” ဆို ငါ က“ဘယ်”။ ဟီးဟီး။ လသာ ၂ ရောက် တဲ့အထိ က တုံးဘဲ ပေါ့။ ဒါမဲ့ အဲကျတော့ ညီသွားတယ်။ နောင်မှ ဓါတ်ပုံ share တာပေါ့.