Skip to main content

Posts

Showing posts from December, 2009

MERRY CHRISTMAS TO ALL!

ဒီဇင်ဘာလ ၂၅  ရက်နေ့ ခရစ်စမတ်နေ့အတွက်  ချစ်သော မိတ်ဆွေ သူငယ်ချင်းများနဲ့ မောင်နှမ  များ  အားလုံး  ပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်...   MyNiceSpace.com ' ကျမတို့ ငယ်ငယ်တုန်းက ဖေဖေ တာဝန်ကျရာ နယ်တွေကို လိုက်ပါပြောင်းရွှေ့နေထိုင်ခဲ့ရလေတော့ လွိုင်ကော်တို့ ဟားခါးတို့လို ခရစ်ယာန်ဘာသာဝင်တွေများတဲ့ ဒေသတွေမှာလည်း နေခဲ့ရပါတယ်။  သူတို့တွေနဲ့ အတူ ခရစ်စမတ်ဆိုလည်း ပျော်လိုက်ရွှင်လိုက်ကြပေါ့...  carol-singing တွေလာရင်လည်း ပျော်ဖို့ကောင်းလိုက်တာ... သူများတွေအိမ်ရှေ့ရောက်နေရင် ဘယ်တော့ ကိုယ့်ဆီလာမလဲ မျှော်ရတာပေါ့...  နောက် မေမေက သူငယ်ငယ်ကပျော်ရွှင်ခဲ့ရတဲ့ အတိုင်း ကျမတို့ကို ခရစ်စမတ်နေ့မှာ ခြေအိတ်တွေချိတ်ခိုင်းပြီး လက်ဆောင်တွေ ပေးတတ်ပါသေးတယ်... အဲဒီတော့လည်း ကလေးတွေပီပီ ဘယ်အချိန်များ စန်တာဘိုးဘိုးကြီး လာထည့်မလဲ ကောင်းကောင်းမအိပ်နိုင်ခဲ့ရဘူးပေါ့....များသောအားဖြင့်ကတော့ သကြားလုံးတို့ ချောကလက်တို့ပါပဲ...  မှတ်မှတ်ရရ ရှိနေခဲ့တဲ့ လက်ဆောင်ကတော့ ယမ်းသေနတ်လေးတလက်ပါ။ အစ်ကိုနဲ့ မောင် ယောကျာင်္းလေးနှစ်ယောက်ကြားက ကျမ မိန်းကလေးအတွက် အိမ်မှာကစားဖော်က သူတို့ပါပဲ..အဲဒီတော့ သူတို့က သေနတ်ပစ်တမ်းကစားရင် ကျမက သူတို