Skip to main content

Posts

Showing posts from January, 2010

ဘဏ်သို့ တစ်ခေါက်....

မနေ့က ပုဂ္ဂလိကဘဏ်တစ်ခုကို ရောက်သွားခဲ့ပါတယ်။    ဘဏ်ထဲမှာ လူခပ်ပါးပါးဆိုတော့ အရင်လို ကားပေါ်ကနေ စောင့်မနေတော့ပဲ အထဲဝင် စပ်စုကြည့်ဖို့ စိတ်ကူးရတာနဲ့ အထဲကို သူနဲ့ အတူ လိုက်ဝင်ခဲ့ပါတယ်။ မှန်နံရံတွေရဲ့ အပြင်ကနေ mask ကိုယ်စီနဲ့ ဘဏ်ဝန်ထမ်းတွေ တွေ့တော့ တယ်ဟုတ်နေပါလားပေါ့။ တွေးရင်းနဲ့ လှမ်းလာတာ အပေါက်၀ ရောက်တော့ ငွေစက္ကူအဟောင်းတွေရဲ့ အနံ့အသက်တွေက ဆီးကြိုနှုတ်ဆက်လိုက်တော့မှ  အဲဒီက  ဝန်ထမ်းတွေရဲ့ ကျန်းမာရေးဆိုတာ ခေါင်းထဲ ပြေးဝင်လာရပါတယ်။ မြန်မာပြည်က လက်ရှိသုံးစွဲလည်ပတ်နေတဲ့ ငွေစက္ကူတွေမှာ နှစ်ရာကျပ်တန်တွေလောက်အထိက ဟောင်းနွမ်းစုတ်ပြတ်နေတာတွေကို လူတွေက လက်ခံနေကြရပါတယ်။ အရင်ကလို ဟောင်းနေလို့ ပြန်လဲပေးပါ ပြောလို့ မရတော့တာ၊ မပြောကြတော့တာ  ကြာပါပြီ။ တခြားဘဏ်တွေတော့ မသိပါဘူး.. အဲဒီဘဏ်ကတော့ တစ်ပတ်ကို ကျပ်သိန်းတစ်ရာပဲ လက်ခံပေးပါတယ်။  ပြန်ထုတ်တာက ပမာဏများရင်တော့ ကြိုပြောထားရပါတယ်။ နောက်ပြီး အရင်ကလို သုံးလ တကြိမ် အတိုးပေးမှာ မဟုတ်တော့ပဲ ခြောက်လ တကြိမ်သာ အတိုးပေးမယ် ဆိုတဲ့ စာကပ်ထားတာကိုလည်း တွေ့ခဲ့ရပါတယ်။ ကြည့်ရတာ ဘဏ်တိုးနဲ့ ထိုင်စားနေတဲ့လူတွေရဲ့ ဒဏ် မခံနိုင်တော့ဘူး ထင်ရဲ့။ ဝင်လာတဲ့ လူတွေကလည်း ပိုက်ဆံအဟောင်း