Skip to main content

Posts

Showing posts from March, 2011

သတိရလို့ ရေးဖြစ်သွားတဲ့ စာ။

ဘလော့ဂ်မှာ စာမရေးဖြစ်တာ... စာတွေ မတင်ဖြစ်တာ တော်တော်ကြာသွားခဲ့ပြီပဲ...။ အသစ်မရေးနိုင်တဲ့ ကိုယ့် ဘလော့ဂ်လေးကို သွားသွားကြည့်ရတာလည်း အားနာလှတယ်...။ ရေးမယ် ရေးမယ်လို့ အားခဲပြီး မရေးဖြစ်ခဲ့တာတွေကြောင့် ဒီနေရာလေးကို ပိတ်ပစ်လိုက်ရင် ကောင်းမလားတောင် စဉ်းစားမိရဲ့။ ဒါပေမယ့် သံယောဇဉ်ကြီးတတ်တဲ့ ကျမအတွက်တော့ ဒီကိစ္စက အဲဒီလောက် ဘယ်လွယ်လိမ့်မလဲလေ...။ သူများတွေလို  အဆင့်အြမင့် အဖိုးတန်စာတွေ ဟုတ်မနေပေမယ့် သားသမီးတိုင်းဟာ မိဘတွေအတွက်တော့ ရတနာချည်းပါပဲ။ အဲဒါအပြင် မိတ်ဆွေတချို့ရဲ့ ပိတ်ထားတဲ့ တံခါး၀ ကနေ လှည့် လှည့်ပြန်လာရတဲ့ ခံစားမှုကြောင့်လည်း ကိုယ့်တံခါးလေးကို အမြဲဖွင့်ထားချင်ခဲ့တာပါ...။ စာတွေ သိပ်ရေးချင်ခဲ့တဲ့ အချိန်တချိန်ရှိခဲ့ပါတယ်... ၂၀၁၀ နိုဝင်ဘာလအတွင်းမှာ ကျမအတွက်တော့ အမှတ်တရ ရေးချင်စရာတွေ သိပ်များခဲ့တယ်လေ... မြန်မာပြည်အတွက် အပြောင်းအလဲတွေ များခဲ့တဲ့ လ ဆိုလည်း မမှားသလို ကျမအတွက်လည်း ဆယ်စုနှစ်အတွင်း သူငယ်ချင်းတွေနဲ့ အများဆုံးတွေ့ခွင့်ရခဲ့တဲ့ အချိန်လေးတွေပေါ့။ မိတ်ဆွေဟောင်းတွေနဲ့ ပြန်ဆုံခဲ့ရသလို မိတ်ဆွေ အသစ်တွေလည်း အများကြီးတိုးခဲ့ပါတယ်။ ဘလော့ဂ်တွေကနေ စခဲ့တဲ့ ခင်မင်မှုတွေကနေ အပြင်မှာပါ စာရေးဆရာမ ချေ