Skip to main content

Posts

Showing posts from August, 2011

သားကြီးဖတ်ဖို့....(၁)

  မေလမှာ သားကြီးကို ပညာရေးလေ့ကျင့်ရေးစခန်း ပို့ခဲ့တာဆိုတော့ ... အခု သြဂုတ်လမှာ သုံးလကျော်ကျော်။  ဒီလ ၁၄ -ရက်နေ့မှာ သားကြီးက ၁၄-နှစ်တင်းတင်းပြည့်တော့မယ်။ မိသားစု မပါပဲ သားရဲ့ မွေးနေ့ကို ပထမဦးဆုံးအကြိမ် စတင် ဖြတ်သန်းရတော့မယ်....။ သားကို မိဘရင်ခွင်က ထုတ်ပြီး အဝေးက ဘော်ဒါကို ပို့တော့ ထောက်ခံတဲ့သူထက် ကန့်ကွက်ခဲ့သူတွေက များခဲ့တယ်။ သား ဖေဖေကိုယ်တိုင်က အင်တင်တင်ရယ်...။ ဘဖိုးကလည်း ဒီအကြောင်း စ ရင် လေသံ ကောင်းကောင်း မရှိလှဘူး။ မေမေလည်း ဘယ် စိတ်ကောင်းပါ့မလဲ။ သားကို အရင် မေမေတို့ စီစဉ်ထားတာကို နားလည် သဘောပေါက်အောင် ပြောပြပြီး သားကိုယ်တိုင် နားလည်လက်ခံတော့မှ ဘော်ဒါပို့ခဲ့တာပါ။  မေမေတို့ မိဘရင်ခွင်က ခွာတော့ ဆယ်တန်းအောင်ပြီး တက္ကသိုလ်တက်တဲ့ အရွယ်.... သားကတော့ ငယ်ပါသေးတယ်လေ... ဒါပေမယ့် ဘယ်လို လုပ်မလဲကွယ်... တခါတခါ ဆုံးဖြတ်ချက်ချရတာ ကိုယ်လုပ်နိုင်တဲ့ ဘောင်ထဲမှာ အကောင်းဆုံးဖြစ်မယ်လို့ ထင်တဲ့ အရာကိုပဲ မျှော်လင့်ပြီး ရွေးချယ်ရတာမျိုးပါ။ မေမေတို့ ရွေးချယ်ခဲ့တာကလည်း ရလဒ် ကောင်းတွေ ဖြစ်ချင်မှ ဖြစ်လာမယ်...  ဒါပေမယ့် မိဘတွေရဲ့ သားသမီးတွေ အတွက် အတတ်နိုင်ဆုံး အကောင်းဆုံးကို မျှော်လင့်ပြီး ကာကွယ် စောင့်ရှ