Skip to main content

Posts

Showing posts from November, 2013

မီတာနှင့် အပြိုင် ချာချာလည်နေမိသော အတွေးများ.....

အရင်လ (အောက်တိုဘာ) ကုန်ခါနီးတုန်းက မီတာခတွေ တိုးကောက်မယ် ဆိုတဲ့ ကြေငြာချက် ထွက်လာခဲ့တယ်။ ကုန်ဈေးနှုန်းတွေ တသမတ်တည်း တက်နေတဲ့ ခေတ်ကြီး ဆိုတော့ ပြည်သူတွေကတော့ သူတို့ ဘက်က တိုးပေးရမှာကို မကြိုက်ကြဘူးပေါ့။ အခွန်အခ တိုးပေးရတယ်ဆိုတာက သူတို့ဆီက ကုန်ပေါက်တွေ ထပ် တိုးလာမှာကိုး။ ဒါကလည်း သဘာဝကျပါတယ်လေ။ လျှပ်စစ်မီးကြောင့် ဆင်းရဲခဲ့ရတဲ့ ဒုက္ခကို နာတာရှည်ရောဂါသည်လို ခံစားခဲ့ရတဲ့ ပြည်သူတွေအနေနဲ့ ခဲမှန်ဖူးတဲ့ စာသူငယ်လို မဲမဲမြင် ကြောက်နေတော့မှာပါပဲ။ အဲဒီ ဒုက္ခကို မခံစားခဲ့ဖူးတဲ့သူတွေကတော့ ဘယ်လိုမှ စာနာနားလည်နိုင်မှာ မဟုတ်ပါဘူး။ ကိုယ်တိုင်လည်း အဲဒီဒုက္ခကို မခံစားခဲ့ရခင်တုန်းကတော့ သူများတွေ စိတ်ဆင်းရဲတုန်းက ပင်ပန်းမှာပဲလို့ ကိုယ်ချင်းစာပြီး တွေးမိရုံလောက်ပဲလေ။ ကိုယ်တိုင် အဲဒီ လျှပ်စစ်မီး အလှည့်ကျ ဒုက္ခသည်ထဲ ပါလာတော့မှ ခံစားရတဲ့ ပင်ပန်းဆင်းရဲက  စိတ်ဒဏ်ရာ ရလောက်အောင်ကိုပါပဲ။ ဘယ်အချိန် မီးလာမလဲ။ ဘယ်အချိန် မီးပျက်မလဲ။ ဒီရေ အတက်အကျကတော့ လပြည့် လကွယ်နဲ့ ဆိုင်သလို ကိုယ့်စိတ်အတက်အကျကလည်း မီးလာ မီးပျက်နဲ့ တိုက်ရိုက် အချိုးကျ နေခဲ့ကြရတယ်။ မီးမှောင်မှောင်ထဲမှာ မနေနိုင်တော့ ဘက်ထရီအိုးဖိုး၊ အင်ဗာတာဘိုး၊ မီးစက်ဖိုး၊