၂၀၁၃ က ကုန်တော့မယ်။ ပြန်ကြည့်လို့ မှတ်မှတ်ရရ ဘာတွေ ရှိခဲ့သလဲ။ သားကြီးမေမြို့မှာ ကျောင်းတက်နေလို့ မေမြို့ရောက်ဖြစ်တယ်။ သားကြီးဆီ သွားရင်း ရွှေဘို ခင်ဦးဘက်မှာ ရှိတဲ့ သူငယ်ချင်းရဲ့ ယာထဲ သွားလည်ဖြစ်တယ်။ နောက် ကန့်ဘလူမဝေးတာနဲ့ ဖိုးဖိုးဆီကို တသက်မှာ ပထမဦးဆုံးအကြိမ် ရောက်သွားခဲ့တယ်။ ကားနဲ့တောင် နာရီဝက်လောက် ကားလမ်းပေါ်ကနေ အထဲဝင်ရတဲ့ လှည်းလမ်းလေးအတိုင်း သွားခဲ့ကြရတယ်။ မိုးရာသီဆို လမ်းမပေါက်ဘူးတဲ့။ သိပ္ပံမောင်ဝဆိုတဲ့ စာရေးဆရာကြီး၊ အောက်စဖို့ဒ်ရောက်ခဲ့တဲ့ တခေတ်တခါက အိုင်စီအက်စ် အရေးပိုင်မင်းလည်း ခေတ်ပျက်တော့ အဲဒီတောခေါင်ခေါင်မှာ အသက်ဆုံးရှုံးခဲ့ရတယ်။ လေးဆယ်စွန်းစအရွယ်ကောင်းလေးမှာ ဖြစ်ရလေခြင်းလို့ လေးဆယ်ကျော်နေပြီဖြစ်တဲ့ မြေးမက တွေးတောနေမိရဲ့။ မွေးနေ့မှာ ဆုံးပါးခဲ့လို့ မွေးနေ့ဆိုတာရဲ့ ပယောဂ ဂယက်ဟာ ဖိုးဖိုးရဲ့ သားသမီးတွေဆီမှာ ရိုက်ခတ်ထင်ဟပ်နေဆဲပဲဆိုတာ သံသရာရဲ့ တနေရာရာမှာ ရှိနေမယ့် ဖိုးဖိုးကတော့ သိမယ်မထင်မိဘူး။ ဖိုးဖိုးရဲ့ သမီးငယ် မယ်ကေး ( သူ့မွေးပြီးမှ တချိန်လုံး ပြေးနေရလို့ မယ်ပြေးလို့သာ ခေါ်လိုက်ချင်ရဲ့လို့ မှတ်ချက်ချဖူးတဲ့) ကတော့ သူ့ဖခင်ရဲ့ အုတ်ဂူကို တသက်လုံးနောက်ထပ် ဘယ်တော့မှ ပြန်မလာနိုင်ခဲ...
TRANQUILITY, CALM & PEACEFUL CORNER FOR ME!!