တခါတလေ ဘဝမှာ ဘာမှမလုပ်ပဲ herbination ကို အလုပ်တခုလို လုပ်နေရတဲ့ အချိန်တွေ ရှိတယ် မဟုတ်လား... ခုလည်း စုစည်းလို့ မရတဲ့ စိတ်တွေကို အဆိုးဘက်ရောက်မသွားအောင် ရုပ်ရှင်ကြည့်လိုက် တရားနာလိုက်နဲ့ ချော့မော့နေရတယ်... ကုသိုလ်အလုပ်တွေမှာ အာရုံစူးစိုက်လို့ မရတော့ မောဟမှာပဲ မျောမျော ....မျှောပစ်လိုက်တော့တာပါပဲ... ခက်တာက ကိုယ်ကြိုက်တဲ့ drama တွေက စိတ်ပင်ပန်းစရာတွေဆိုတော့ အမောမပြေ ပိုမောလေဆိုသလို.... ဒါနဲ့ လွှတ်ထားလို့ကလည်း မဖြစ်တော့ "ထာဝရငြိမ်းချမ်းရေး" ဆိုတာကို ရသလောက် ယူသွားနိုင်ဖို့ ကြိုးစားရတော့တာပေါ့... ဒီနေ့အဖို့ သဘောကျနေတာက... သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ ၊ ပညာ တရားငါးပါးနဲ့ ပြည့်စုံအောင် ဖြည့်ကျင့်နေထိုင်ပြီး ဒီဘဝ တမဂ်တဖိုလ် မရနိုင်သေးလို့ နောက် နောက် ဘဝတွေ ထပ်နေရဦးမယ်ဆိုရင် ကိုယ်လားရာဘဝတွေ ရွေးချယ်ထားလို့ ရသတဲ့... ကိုယ့်မှာ ပြုကျင့်ထားတဲ့ ကုသိုလ်ကောင်းမှုတွေ ရှိလျက်သားနဲ့ ဘယ်ဘုံဘဝလို့ စိတ်ထဲ သတ်မှတ် ရွေးချယ်ထားတာမရှိရင် ကောင်းတဲ့ ဘုံဘဝတော့ ရောက်ချင်ရောက်မယ် .. တိတိကျကျတော့ မဖြစ်နိုင်တဲ့ အပြင် နိကန္တိဆိုတဲ့ အစွဲတွေ ရှိနေတတ်လို့ နိမ့်ကျတဲ့ ဘုံဘဝတွေကိုလည်း ရောက်သွားနိုင်သတဲ့။ ဒါကြောင့် ကုသိ...
TRANQUILITY, CALM & PEACEFUL CORNER FOR ME!!