ဒီ ဧပြီလမှာ ကျမ ပို.စ်တွေ မတင်ဖြစ်ပါဘူး။ အိမ်မှာ အင်တာနက်ကွန်နက်ရှင်က တချိန်လုံးပြုတ်ကျနေတာရော၊ ဘလောက်ဂ်တွေကိုလည်း အကုန်ပိတ်ထားတော့ ကျော်ခွပြီး ရေးနေရတာကလည်း လက်ဝင်၊ ကလေးတွေ ကျောင်းပိတ်ရက်ဆိုတော့ သူတို.နဲ. အချိန်ကုန်တာများတာရော၊ နေကပူပူ မီးတွေကပျက်၊ အင်ဗာတာက မကောင်း၊ UPS ကလည်း အားမရှိ..... အကြောင်းမျိုးစုံတော့ ကျမလည်း ဘလောက်ဂ်နဲ. ဝေးနေရပါတယ်။ သင်္ကြန်တွင်းတုန်းက ၃-ရက်လောက်တော့ မီးလာပါရဲ.။ ဒါပေမယ့် နေကမကောင်းဖြစ်နေတော့ လူရော စိတ်ပါ အနားပေးနေရသေးတယ်။ အခုတော့ Phuket- Bangkok ခရီး စ ပါပြီ။ အခု တည်းနေတဲ့ Hotel ကလည်း အင်တာနက် ပေးသုံးထားတော့ အဆင်ပြေပါတယ်။ အပြင်ရောက်တော့မှ အင်တာနက်လည်း ကောင်းကောင်းမွန်မွန် မြန်မြန်ဆန်ဆန် သွားတာ မြင်ဖူးတော့တာပါပဲ။ ကျမတို. မနှစ်က နည်းပညာတွေမှာ တိုးတက်နေတဲ့ အာရှရဲ. စင်ကာပူကို ရောက်တုံးက တည်းခဲ့တဲ့ YORK HOTEL နဲ.တော့ တခြားစီပါပဲ။ ဒီလောက်တိုးတက်တယ်ဆိုတဲ့ တိုင်းပြည်မှာ ကျမ အင်တာနက် ကောင်းကောင်း မသုံးခဲ့ရပါဘူး။ ဟိုတယ်ကလည်း အလကားမပေးပါဘူး။ ဈေးကကြီးသေး၊ ပိုက်ဆံပေးပြီး အင်တာနက် သုံးဖို.ကွန်ပျူတာကလည်း စက် ၂လုံးထဲရယ်၊ ကျမတော့ အဲဒီတစ်ခါတော့ စင်ကာပူကို တော်တော် အံ့သြပါတယ်။...
TRANQUILITY, CALM & PEACEFUL CORNER FOR ME!!