Skip to main content

ထော်လာဂျီတစီးနဲ့ စိတ်ရောင်စုံ။

မြင်နေရတဲ့ အမြီးအမောက်မတည့်တဲ့ လောကကြီးထဲက အဖြစ်အပျက်လေးတစ်ခုပါ... မထူးဆန်းတဲ့ ထော်လာဂျီတစ်စီးနဲ. ပြောင်းလဲသွားကြတဲ့ လူတွေအကြောင်းလေး ပြောပြချင်ပါတယ်။ ရှေးရှေးတုန်းက ..... လို. အစချီရလောက်အောင်တော့ မကြာသေးပါဘူး။ ဒါပေမယ့်.... ထားလိုက်ပါတော့.....

ဟိုးရှေးရှေးတုန်းကပေါ့...။ ရွာတစ်ရွာမှာ ဦးကကြီးဆိုတဲ့ လယ်ပိုင်ရှင်တစ်ယောက်က အလုပ်အကိုင်လေး နည်းနည်းပါးပါး အဆင်ပြေလာတော့ တစ်ရွာနဲ.တစ်ရွာ ကူးသန်းသွားလာတဲ့ အခါ အဆင်ပြေပြီး မြန်မြန်ဆန်ဆန် သွားနိုင်ဖို. ထော်လာဂျီတစ်စီး ၀ယ်လိုက်တယ်တဲ့... (မမေးနဲ.နော်... အဲဒီခေတ်ထဲက
ထော်လာဂျီ ရှိနေပြီ)... အဲဒီထော်လာဂျီကလည်း တစ်ဘက်ရွာက သူကြီးရဲ. ထော်လာဂျီ အဟောင်းကို အင်စတော်မန်နဲ. ရတာလေ။ ဦးကကြီးတို.ကလည်းသူကြီးစီးတဲ့ ထော်လာဂျီကို အင်စတော်မန်နဲ. ရတော့ ပျော်ပျော် ကြွားကြွားကြီး ယူတာပေါ့...။
အဲ....ဦးကကြီးက ကိုယ်တိုင်မမောင်းတတ်တော့ သူ.အိမ်အလုပ်တွေမှာဝိုင်းကူလုပ်တဲ့ နွားကျောင်းသား မောင်ဘကို ကားဒရိုင်ဘာ ....အဲ .... ထော်လာဂျီဒရိုင်ဘာလုပ်စေတယ်တဲ့။ နောက်လဲ သူ.ခိုင်းရမဲ့အတူတူ သူကြီးလို ဒရိုင်ဘာမောင်းတာ ထိုင်စီးမယ်ပေါ့။ သူက ဘော့စ် ဖြစ်သွားပြီလေ။ သူတို.ရွာမှာ တစ်စီးတည်းသော ထော်လာဂျီမို.ဂုဏ်ယူစရာပဲပေါ့။ မောင်ဘကလဲ သူမောင်းရမယ် ဆိုတော့ သ လိုက်တာ...မြို.ကသူဌေးတွေ စီးတဲ့ကားလို ပြောင်လက်နေအောင် ရေတွေဆေး၊ ဖုံတွေ သုတ်ပေါ့...။ ရွာဆိုတော့ ဖုံထူထူနဲ.မို. မောင်ဘလဲ သူ.ကား(ဘီးရော စက်ရောပါလို.ကားလို.ပဲခေါ်တော့မယ်နော်) တချိန်လုံး သ နေဆိုပဲ။ ဦးကကြီး တစ်ဖက်ရွာ သွားတော့မယ်ဆို... မောင်ဘကဦးကပ်စေးကားမောင်းတဲ့ ပိုင်းလော့ တိုက်ဂါးလိုပဲ.... ရယ်ဒီ ဘော့စ် ပဲ...။
အဲ....တဖြည်းဖြည်းနဲ. မောင်ဘလဲ အဲဒီကားကို သ ရင်း သ ရင်းနဲ. သူ.စိတ်ထဲ သူ.ကားလို. မှတ်ထင်လာတယ်။ ဦးကကြီးတို.စီးတာတောင် သူ.မျက်နှာပေးက သူ.ကားငှားစီးတဲ့ ပုံစံမျိုးချိုးလာတယ်။ အရင်က ရိုရိုကျိုးကျိုး ရှိခဲ့တဲ့ မောင်ဘ တစ်ယောက်။ ဦးကကြီးတို.အိမ်ကအိမ်သားတွေကို သိပ်အဖက်မတန်သလို၊ မတူမတန်သလို သူ.စိတ်ထဲ ဖြစ်လာတယ်။ နောက်တော့ သူ.ရဲ. အလုပ်ရှင် ဖြစ်တဲ့ ဦးကကြီးကိုတောင် အထွန်.တွေ တက်တတ်လာတယ်။
ဦးကကြီးက ဟိုဟို သည်သည် သွားတော့မယ်ဆိုရင်....ဆီမရှိဘူးတို. ဟိုဟာက ဟိုလို ဖြစ်နေလို.၊ သည်ဟာက သည်လိုဖြစ်နေလို.နဲ.ပညာတွေ ပြလာပါတော့တယ်။ အစပိုင်းကတော့ ဦးကကြီးလည်း အမှတ်တမဲ့ပါပဲ။ နောက်တော့ အိမ်သားတွေကလဲ မောင်ဘရဲ. အချိုးမပြေတာတွေကို သိပ်အစာမကြေတော့လို. ဦးကကြီးဆီကို ၀ိုင်းပြီး တိုင်တန်းကြတော့မှပဲ... ဦးကကြီး ဂရုတစိုက် အကဲခတ်မိပါတော့တယ်။ အရင်က လူချစ်လူခင်ပေါပြီး ဖင်ပေါ့တဲ့ မောင်ဘ တစ်ယောက် အပြောင်းလဲကြီး ပြောင်းလဲလို.နေပါပြီ။ တခြားအလုပ်တွေကိုလဲ လှည့်တောင်မကြည့်တော့ပဲ ထော်လာဂျီပေါ်မှာပဲ အချိန်ကုန်နေပါတော့တယ်။ တခြားကိစ္စတွေ ခိုင်းရင်လဲ သူ.ထော်လာဂျီကိုပဲ အကြောင်းပြပြီး ရေသာခိုတတ်နေပါပြီ။ ကျန်တဲ့လုပ်ဖော်ကိုင်ဖက်တွေကိုလည်း အရေးမလုပ်တော့ဘဲ တစ်ကိုယ်တည်းအထီးကျန်ဖြစ်နေတာကို တွေ.ရပါတော့တယ်။ ဦးကကြီးက ခေါ်ပြီး ဆုံးမပေမယ့် အချိုးက မပြင်ပါဘူး။
အဲ.... အဆိုးဆုံးကတော့ တစ်နေ. ဦးကကြီး မြို.ကအပြန် ကားဂိတ်ကိုလာကြိုခိုင်းခဲ့ပါတယ်။ မြို.က ဧည့်သည်တွေလည်း ပါမှာဆိုတော့ သေသေချာချာ စီစဉ်ခဲ့ကာမှ..... မောင်ဘက သူ.ကိုယ်သူ အခစားဝန်ထမ်းဘ၀ကို မေ့သွားပြီး ထော်လာဂျီနဲ. တစ်ဖက်ရွာကို သူ.သဘောနဲ. သူ သွားပါလေတော့တယ်။ ဒီတစ်ခါမှာတော့ ဦးကကြီး တော်တော်ကို ဒေါသူပုန်ထသွားရပါတယ်။ ဘယ်နှယ့်...။ အရေးကြီးပါတယ်ဆိုကာမှ .... ဒါနဲ.ပဲ မောင်ဘကို အိမ်ကနေ မောင်းထုတ်လိုက်ပါတော့တယ်။ မောင်ဘ ဘယ်လိုနေမလဲ။ သူလည်း သူပိုင်ထင်ထားတဲ့ ထော်လာဂျီနဲ. ပတ်သက်လို.မရတော့မှပဲ.... သူ.ဘ၀အစစ်ကို ပြန်ရသွားပါတော့တယ်။ နောက်ပိုင်းကျတော့ ဦးကကြီးက မောင်ဘကို ပြန်လက်ခံခဲ့ပေမယ့်ထော်လာဂျီနဲ.တော့ ပတ်သက်ခွင့် မပေးတော့ပါဘူး။ မောင်ဘနေရာကို မောင်လှက
ဆက်ခံသွားခဲ့ပါတယ်။
မောင်လှနဲ. ထော်လာဂျီအကြောင်းရေးရင်လဲ အပေါ်က စာကြောင်းတွေကိုပဲ ကော်ပီ လုပ်ရမယ်ထင်ပါတယ်။ မောင်ဘဖြစ်သလိုပဲ မောင်လှလဲ ပြောင်းလဲလာခဲ့ပါတယ်။ နောက်ဆုံးကျတော့ မောင်ဘလိုပဲ။မောင်လှလဲ မောင်းထုတ်ခံထိ သွားပါတယ်။ မောင်လှနေရာကို မောင်မြက အစားဝင် ပြန်ပါတယ်။ မောင်မြလဲထိုနည်းလည်းကောင်းပါပဲ။ ကွက်တိသာမတူတယ်။ ပုံစံကတော့ အတူတူပါပဲ။ ဒါနဲ.မောင်မြလည်းပဲ ထော်လာဂျီပေါ်က ဆင်းခဲ့ရပြန်ပါတယ်။
တယောက်ပြီး တစ်ယောက်ပြောင်းသွားပေမယ့် အဆင်မပြေလို. ဦးကကြီးလည်းစဉ်းစားရပါတော့တယ်။ အရင်က သူ.ရဲ. လူယုံတွေ ထော်လာဂျီ ၀ယ်ပြီးကာမှ သုံးမရဖြစ်ရတာကို။ အဲဒီတော့ ဒီထော်လာဂျီမှာပဲ ပြဿနာရှိတာလား။ ဒီထော်လာဂျီထိုင်ခုံမှာ ထိုင်ခွင့်ရတဲ့ လူတွေမှာပဲ ပြဿနာရှိနေတာလားဆိုတာကိုပေါ့။ သူလည်း စဉ်းစားလို.မရ.... နှစ်ပတ်လောက်ကြာတော့ ခေါင်းစားလာတာနဲ. အရင်ထော်လာဂျီ ပိုင်ရှင်အဟောင်း တစ်ဖက်ရွာက သူကြီးဆီ အလည်သွားရင်း မေးမြန်းစုံစမ်းကြည့်ဖို. အကြံရပါတယ်။ သူ.ထော်လာဂျီမောင်းဖို.လူမရှိတော့တာနဲ. အရင်စီးတော်နွားလှည်းကိုပဲ သွားခဲ့ရပါတော့တယ်။ နွားလှည်းကြီးနဲ. ပေါက်ချလာတဲ့ ဦးကကြီးကိုလည်း မြင်ရော....
`ဟားဟား နောက်ဆုံးတော့ ခင်ဗျား ထော်လာဂျီ ချောင်ထိုးထားပြီး နောက်ဆုံးတော့ ပိုနေမြဲ၊ ကျားနေမြဲ ဖြစနေပါပကော ဦးကကြီးရဲ.´
ဆိုပြီး တဟားဟားနဲ. ရီနေပါတယ်။ ဦးကကြီးက သူဘာမှ မမေးရသေးဘဲ သူကြီးက တခုခု သိနေသလို ဖြစ်နေလို. အူကြောင်ကြောင်ဖြစ်သွားရပါတယ်။
`သူကြီးကလဲဗျာ... ဘာတွေ ဒီလောက်တောင် သဘောကျနေရတာလဲ´
`ခင်ဗျား မောင်ဘတို. မောင်လှတို. ဘယ်တွေရောက်ကုန်ပြီလဲဗျ´
`မပြောပါနဲ.တော့ သူကြီးရာ။ သူတို.တွေ ဒီထော်လာဂျီပေါ်ရောက်တာနဲ. ဘာတွေ ဖြစ်ကုန်မှန်းမသိပါဘူးဗျာ။ အချိုးတွေ ပြောင်းပြောင်းကုန်လို. အခု သုံးလို.မရတော့ဘူး။ အဲဒါ....ဒီထော်လာဂျီမှာများ တစ်ခုခု ထူးဆန်းတာရှိနေသလားလို. သူကြီးကို မေးရအောင် လာခဲ့တာဗျို.´
`ဟုတ်တယ်ဗျ။ ကျူပ် ခင်ဗျားကို သတိမပေးခဲ့မိဘူး။ ကျုပ် ဒီကောင့်ကို ပြန်ရောင်းတာလဲ ကျုပ်ကောင်တွေလဲ ပြောင်းကုန်လို. ကိုကကြီးရေ.´
`ဗျာ..... ဘယ်လို.... ဘာကြောင့်ပါလိမ့်၊ ဒီထော်လာဂျီမှာ မကောင်းဆိုးဝါး တစ်ခုခုများ ပူးကပ်နေလို.လား´
`ထော်လာဂျီမှာတော့ မကောင်းဆိုးဝါး ပူးကပ်နေသလားဘာလား ကျုပ်လည်း သေသေချာချာ မသိပါဘူး။ သေချာတာကတော့ ထိုင်ခုံ ပြဿနာပဲဗျ...ဒီထိုင်ခုံနေရာ မှာ ထိုင်ရတာနဲ. ကိုယ့်ရဲ. တာဝန်ဝတ္တရားတွေကို မေ့ပြီး ....နေရာတင်မကဘူး။ အကုန်လုံးကို သူ.ပိုင်ထင်ပြီး စိတ်တိုင်းကျ ခြယ်လှယ်ချင်တဲ့စိတ် ၀င်လာတာပဲ။ စိတ်ဓာတ်ကိုယ်ခံအား နည်းတဲ့သူတွေဆိုတော့ မတန်မရာဘ၀မေ့ ဘ၀င်မြင့်ရောဂါစွဲကပ်တတ်တာပဲဗျို.။ ´´

Comments

Popular posts from this blog

၁၁၂၇

ဘဝမှာ အခက်ခဲဆုံး အချိန်တွေကို ကျော်ဖြတ်နေရသလိုပါပဲ.... အားလုံးက ခက်ခဲနေကြတဲ့ကြားထဲ ကိုယ်က ထူးပြီး ခက်ခဲနေတာတော့ မဟုတ်ဘူးပေါ့.....ပတ်ဝန်းကျင်လိုက်ကြီး ခက်ခဲကြပ်တည်းနေကြတာ....အစစ အရာရာပေါ့လေ... ကိုယ်လည်း စိတ်ထဲ အဆင်ပြေမနေဘူး.... နေရတာလည်း လဟုတာ၊ မုဒုတာ ဖြစ်မနေဘူး... အရင်ကလို စိတ်ထဲရှိသမျှ ရေးချနိုင်တဲ့ blog ခေတ်ကို ပြန်လွမ်းလို့ ပြန်လာခဲ့တယ် ဆိုပါေတာ့.... မနေ့...အဲ...ဟို တနေ့လောက်က စပြီး Netflix က ကိုးရီးယားဇာတ်လမ်းတွဲ တခု ကြည့်ဖြစ်တယ်.... ပုံမှန်ဆို တညထဲနဲ့ အကုန်ကြည့်တတ်ပေမဲ့...အဲဒီ့ကားလေးကိုတော့ နားနားပြီး ကြည့်ရတယ်... ပြောရမယ်ဆိုရင် စိတ်ကို ဘယ်နားထားရမှန်းမသိလို့ အချိန်ဖြုန်းနေတဲ့ သဘောပါပဲ... ကိုယ်က ငယ်ငယ်ကတည်းက တက္ကသိုလ်ဘုန်းနိုင် ရဲ့ စာအုပ်တွေဖတ်ပြီး စိတ်ပညာကို  စိတ်ဝင်စားလို့ တက္ကသိုလ်ဝင်ခွင့်တင်တော့ ကိုယ်တိုင်မတင်လိုက်ရဘူး...ဖေဖေပဲ တင်ပေးတာထင်ရဲ့... ပထမ၊ ဒုတိယ၊ တတိယ ဦးစားပေးတွေက သိတဲ့အတိုင်း ဆေး၊ စက်မှုု အီကို၊ ပြီးရင် စိတ်ပညာ လို့ လျှောက်ထားဖြစ်ခဲ့တယ်... အခု အမှတ်တမဲ့ ကြည့်မိတဲ့ ကိုရီးယားကားလေးက တက္ကသိုလ်ဆေးရုံတခု ရဲ့ စိတ်ကျန်းမာရေး unit တခုက သူနာပြုဆရာမလေးကို အခြေခံတဲ့ ဇာတ်လမ်

ဥယျာဉ်တော်ထဲက သရက်သီး ငတက်ပြား ..အပိုင်း (၂) (K-မမ ရေးသည်)

တွဲလဲရယ် နေပါဦး.. (ပုံလေးကို ဒီကယူပါသည်) “ ဟိတ်ကောင် .... မင်းထမီကို ခါးတောင်းကျိုက်လိုက်.. ..ဒီထိုင်ခုံကို ငါ နံရံမှီထားပေးမယ်။ ထိုင်ခုံဘောင်ကနေ နောက်မှီတန်းပေါ်ကိုလှမ်း။ လက်နှစ်ဖက်က အဲဒီ သံဇကာကိုဆွဲ။ ဟိတ်ကောင် ..... မှန်စောင်းနဲ့ လွတ်တဲ့နေရာကို ပြောတာ။ မင်းလက်တော့ မှန်ရှတော့မှာပဲ။ အေး.... ဟုတ်ပြီ အဲဒီလို ခဏခိုထား။ ငါဒီပြတင်းပေါက်ကို မြဲမြဲကိုင်ထားမယ်။ ညာခြေထောက်က ပြတင်းပေါက်ဘောင်ပေါ်ကို လှမ်းနင်း။ နင်း .....ရဲရဲသာနင်း။ ပြုတ်ကျရုံအပြင် ဘာမှမဖြစ်ဘူး။ ဘယ်ခြေထောက်က တလှမ်းတက်။ အေး .... ညာခြေထောက်က ခေါင်းမိုးပေါ်ချ။ ညာလက်က ခေါင်ချုပ်သစ်ကိုဆွဲ။ ဘယ်ခြေကိုပါ တခါတည်း ခေါင်းမိုးပေါ်ချ။ အေး.... ဟုတ်ပြီ။ ရော့ .....ဝါးလုံး။ ဟိတ်ဟိတ်..... အဲဒီအလယ်လောက်မှာပဲနေ။ ဆက်မဆင်းနဲ့။ တော်ကြာ ခေါင်းမိုးပေါ်က ပြုတ်ကျနေလို့ ကျော်မကောင်း ကြားမကောင်းတွေ ဖြစ်နေအုံးမယ်။ ဟူး …… နင့်ကိုပြောရတာ မောလိုက်တာ။” ဒုန်း .. ဒုန်း .. ဒ ရော … ဘုတ်။ ( ဒုန်း = သရက်သီး ခေါင်မိုးပေါ်သို့ ပထမကျသံ၊ ဒုန်း = နောက်တဆင့်ခုန်သံ၊ ဒ ရော = သရက်သီး သွပ်ပြားပေါ်လိမ့်သံ။ ဘုတ် = သရက်သီးမြေကြီးပေါ်ကျသံ ) “ ဟာ .... ဟိတ်ကောင် .... ခေါင်းမိုးနဲ့ လွတ

မမာကျန်းသူများအကြောင်း။

  ကားတွေ မီးပွိုင့်မိနေတုန်း လမ်းဘေးမှာ အပေါစား  စကတ်တို ညစ်ထပ်ထပ်လေးနဲ့ မော်ဒယ်လေးတစ်ယောက်လို လမ်းလျှောက်သွားတဲ့ အမျိုးသမီးတစ်ယောက်... တခုခု လွဲနေသလားလို့....သေသေချာချာ ကြည့်မိလိုက်ပါတယ်.... စိတ်မကောင်းစရာ...ဆံပင်ဖြူဖြူ အရေတွေတွန့်လို့...သူ့ပုံစံကတော့ တကယ့်ကို မော်ဒယ်လေးတစ်ယောက် cat  walk လျှောက်သလို  confidence အပြည့်နဲ့..... နောက်တစ်ယောက်ကတော့ နေပူကျဲကျဲထဲမှာ အထပ်ထပ် ထပ်ထားသော အ၀တ်အစားများက ရာသီစုံ အ၀တ်စုံ...၀က်ဝံကြီး တစ်ကောင်စာလောက် ဖြစ်လာတဲ့  အ၀တ်ထုပ်ကြားက ခပ်ပိန်ပိန်ကိုယ်လုံးနဲ့.... သည်ကြားထဲ သယ်လာတဲ့ ဘူးစုတ် ခွက်စုတ် ပုလင်းစုတ်တွေနဲ့ ကိုယ့်ကိုယ်တောင် မလဲပြိုအောင် အနိုင်နိုင်ထိန်းရင်မနိုင်.... သူ့ကြည့်ပြီး ကိုယ်တောင် စိတ်အိုက်နောက်ရှုပ်သွားမိရဲ့။   ဓာတ်ဆီဆိုင်မှာ ဆီလာထည့်တိုင်း  လမ်းလယ်ခေါင်က  ကွန်ကရစ်တုံးတွေကို သူမရဲ့ ကြယ်မြင်လမြင် နန်းတော်ထဲက  အဆောင်တော်လို  သဘောထား။ အ၀တ်ပိုင်းလေးခင်းလို့...သူ့ဆီမှာ  ပလပ်စတစ် ခြင်းတောင်းတစ်လုံးတော့ မြင်တယ်.. တခါတလေလည်း ခေါင်းမြီးခြုံပြီး..စောစောစီးစီး အိပ်တတ်တယ်..သိပ်ချမ်းတဲ့ ရာသီမျိုးတွေမှာတောင်  သူ ဒီလိုပဲ..စိတ်ချလက်ချ လုံခြုံစွာ အိ