ဒီနေ့ နေ့လည် မျက်စေ့ရှေ့ရောက်လာတဲ့ မြန်မာတိုင်း(မ်)ကို ဟိုလှန်ဒီလှန် လျှောက်ဖတ်ဖြစ်ပါတယ်။ မျက်နှာစာမှာ လောလောဆယ် မြန်မာပြည်မှာ ရေပန်းစားနေတဲ့ သတင်း.. အဲ.. FC... FC နဲ့ နေရာတကာ ကြားနေရတဲ့ မြန်မာနေရှင်နယ်လိဂ်က ဓာတ်ပုံကြီးတစ်ပုံ ... အင်း.. နိုင်ငံခြားသား အာဖရိကဘောလုံးအားကစားသမားတစ်ဦး စာဖတ်နေတဲ့ပုံ..... ကမ္ဘာ့အားကစား မြန်မာကို လွှမ်းစေရမည်.. အဲ.. မကြားရတာကြားလို့ လွဲသွားတာပါ.. ဆောရီး.. မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းစေဖို့.. အကြီးအကျယ်အရှိန်အဟုန်မြှင့်လုပ်ဆောင်နေတဲ့ မြန်မာဘောလုံးအားကစား.. ကောင်း၏။ ခေါင်းထဲ မတွေးပဲ ၀င်လာတဲ့ စကားလေးတစ်ခွန်း.... တူတော်မောင် ငယ်ငယ်တုန်းက အင်တာနယ်ရှင်နယ်ကျောင်းမှာ ကျောင်းသူအသစ်လေး ရောက်လာတော့ သူ့အမေကို ပြန်သတင်းပါတာပါ.. ကလေးတွေ ထုံးစံအတိုင်း... “ မေမေ .. the new one, the black one လေးက ချောတယ် ” ...တဲ့... သဘောတွေ ကျလို့ ။ သူက နိုင်ငံခြားရောက်နေလို့။ နေဦး.. ကျမတို့ သားလေးတွေလည်း မြန်မာပြည်မှာနေရင်းနဲ့ အဲလိုစကားမျိုးပြောနိုင်တော့မယ်။ ဘာရမလဲ...။ နောက် ခေါင်းစဉ်တစ်ခု.. ရန်ကုန်ဈေးကွက်သို့ “ ပေါ်ဆန်း ” ဆန် ၀င်ရောက်မှု လျော့နည်းလာ ...
TRANQUILITY, CALM & PEACEFUL CORNER FOR ME!!