ကိုအောင်သာငယ်က စီဘောက်စ်မှာ တက်ဂ်ထားတယ်တဲ့...နောက် သက်ဝေရော ရောက်လာပြန်ပါတယ်။ အခု ရက်ပိုင်းအတွင်း အလုပ်နဲနဲရှုပ်နေလို့ ကိုယ့်အိမ်လေးဆီတောင် မရောက်နိုင်ခဲ့တာလေ။ ဒီနေ့မှ ကမ္ဘာပျက်နေမှန်း သိရတော့တယ်. . ဒါနဲ့ ကျမလည်း ကမန်းကတန်း ကမ္ဘာများပျက်ရင် ဆိုပြီး စဉ်းစားရပါတယ်... ၂၀၁၀..အဲ...၂၀၁၂ ကမ္ဘာပျက်မယ်ဆိုတာကို မယုံကြည်တာလည်း ပါမယ် ထင်ပါရဲ့။ အချိန်းအချက်မရှိတဲ့ သေမင်းထက် တယောက်နဲ့ တယောက် ထွေးပွေ့ဖေးမပြီး ပြင်ဆင်ဖို့အချိန်ရှိမယ့် ဒီလိုအဖြစ်မျိုးက သိပ်တော့ကြောက်စရာ ကောင်းမနေခဲ့ပါဘူး... (၁)။ ဘယ်သူတွေနဲ့ရှိနေချင်လဲ.. ကိုယ့်မိသားစုနဲ့ပေါ့.... ကလေးတွေကို စာကျက်ဖို့ မပြောတော့ပဲ ပုံပြင်တွေ ကာတွန်းတွေ ဖတ်ပြမယ်.. သူတို့နဲ့ အတူတူ သီချင်းတွေကဗျာတွေတယောက်တလှည့် ဆိုကြမယ်.. အရင်က ကျောင်းပိတ်ရက်မှ ခွင့်ပြုခဲ့တဲ့ ကွန်ပျူတာဂိမ်း၊ အွန်လိုင်းဂိမ်း၊ ဂိမ်းပေါင်းစုံတွေကို အချိန်တော်တော်ကြာအောင် ပေးကစားမယ်... သူတို့ကို မကြောက်စေချင်တဲ့အတွက် သေခြင်းအကြောင်းတော့ မပြောပြဖြစ်ပဲ မလွန်ဆန်နိုင်တဲ့ ရုပ်နာမ်တွေရဲ့ ဖြစ်ပျက်ကို တတ်နိုင်သလောက် ပြောပြရင်း တရားမှတ်ကြမယ်...။ ...
TRANQUILITY, CALM & PEACEFUL CORNER FOR ME!!