ဒီနှစ်နွေ ရန်ကုန်မှာ တော်တော် ပူပါတယ်။ ကမ္ဘာကြီး ပိုပူနွေးလာတာလား... ကျမတို့ကပဲ အသက်တွေကြီးလာလို့ အပူဒဏ်ကို ပိုမခံနိုင်တော့တာလား။ နွေရာသီက ကျမ နှစ်သက်တဲ့ ရာသီတခုတော့ မဟုတ်ပါဘူး... ငယ်ငယ်တုန်းကတော့ ရာသီဥတုပူတာထက် ကျောင်းမတက်ပဲ အိမ်မှာနေရင်း စားလိုက် သောက်လိုက် ကစားလိုက်နေရတာကို သဘောကျခဲ့တာပေါ့။ နောက်ပြီးတော့ စာအုပ်အသစ်တွေရော အရင့် အရင် သိမ်းထားတဲ့ မဂ္ဂဇင်း စာအုပ်သေတ္တာတွေကိုပါ နွေရာသီဆို စိတ်ကြိုက်မွှေနှောက်ဖတ်လို့ ရသေးတယ်... ဒါ့အပြင် စာအုပ်ဆိုင်က စာအုပ်တွေ တလှေကြီး သွားငှား... မောင်နှမတွေ တယောက်တလှည့် လဲဖတ်ကြနဲ့ဆိုတော့ ပူတာလောက်ကတော့ မှုလောက်စရာ မဟုတ်ဘူးလေ... ။ ငယ်ငယ်တုန်းက နွေရာသီဆို ကျမတို့ နေတဲ့ နယ်မြို့လေးတွေကို မားမား ရောက်လာတတ်ပါတယ်.. (မားမားဆိုတာ မေမေ့ရဲ့ အမေ)... ဖေဖေကတော့ တာဝန်နဲ့ တောထွက်ရတဲ့ အချိန် ခပ်များများထင်ရဲ့... မာမားလာရင် ကျမတို့ စည်းနဲ့ ကမ်းနဲ့ နေရ ထိုင်ရ သွားရ လာရ စားရ သောက်ရ...ပြီး မကြာခဏ အဆူခံနေရတတ်တော့ ကလေးပီပီ သိပ်တော့ သဘောမတွေ့လှပါဘူး။ သူများ အဖွားတွေလို မြေးတွေကို အလိုလိုက်လှတယ် မရှိပါဘူး... အဲ... မားမားမရှိခင်တုန်းက အိမ်အပြင်ဘက်မှာ ညစ်ပတ်ပေပွနေအောင် အကစားမက်နေ...
TRANQUILITY, CALM & PEACEFUL CORNER FOR ME!!