Skip to main content

Posts

Showing posts from May, 2010

လေးဆယ်နှစ်လွန် အချိန်ကာလများအတွက်... ကျေးဇူးတင်ရှိခြင်း။

ဒီနေ့မှာကျမ အသက် လေးဆယ့်နှစ်နှစ် တင်းတင်းပြည့်ခဲ့ပါပြီ။ လူ့လောကကြီးထဲမှာ နေထိုင်လာခဲ့တဲ့ ဒီကာလတွေမှာ ဆန့်ကျင်ဘက်အရာတွေနဲ့ ဒွန်တွဲပြီး ကျော်ဖြတ် ကုန်ဆုံးခဲ့ပေမယ့်....ကျေးဇူးတင်ရမယ့် အရာတွေက အများကြီးပါပဲလေ.. ဦးစွာ... ကျမရဲ့ ဖြစ်တည်မှုအတွက်... ကျွေးမွေးသုတ်သင် ပြုစုစောင့်ရှောက်ခဲ့ပြီး သားသမီးလိုအင်မှန်သမျှ ဟင့်အင်း လို့ မပြောခဲ့ပဲ အမြဲ ဖြည့်ဆည်းပေးခဲ့တဲ့ ကျေးဇူးရှင် မိဘနှစ်ပါးကို အနှိုင်းမဲ့ ကျေးဇူးတင်ပါတယ်။ ပြီး.... မြန်မာပြည်မှာ လူဖြစ်လာခဲ့ရတဲ့ အတွက် ( ဘယ်လောက်ပဲ ပင်ပန်း ခက်ခဲနေပါစေလေ...)... ကျမရဲ့ အမိမြေ... ဒီမြေ.. ဒီရေ. ဒီလေ တွေကို ကျမ အမြဲ ချစ်ခင် ကျေးဇူးတင်လျှက်ပါပဲ... လူသားအဖြစ် ရရှိခဲ့တဲ့ အဖြစ်မှာမှ  မြန်မာပြည်မှာ၊ ဗုဒ္ဓဘာသာဝင်အဖြစ်နဲ့ မွေးဖွားကြီးပြင်းလာခဲ့ပြီး အနှစ်သာရကို ရိပ်မိရုံ မြည်းစမ်းခွင့် ကြုံခဲ့ရတဲ့ အတွက်.. လောကီ လောကုတ္တရာ ဆိုင်ရာ ဆရာသမားများနဲ့ မိတ်ကောင်းဆွေကောင်းတွေကို ကျေးဇူးတင်ပါတယ်...။ အကျိုးအကြောင်း အဆိုးအကောင်းတွေကို ခွဲခြားသွန်သင် ဆုံးမပဲ့ပြင်ပေးခဲ့တဲ့၊ အမှား အမှန်၊ဓမ္မ နဲ့ အဓမ္မ၊  တရားမျှတခြင်းနဲ့ ရဲရင့်တည်ကြည်ခြင်းဆိုတာတွေကို ငယ်စဉ်က စခုချိန်အထိ လက်တွေ့ စာတွ