ဒီက ယူထားတာပါ။ ဒီက ယူထားတာပါ။ လူတယောက်နဲ့ တယောက် အကျင့်စရိုက်ချင်း မတူနိုင်တာကို ကျမ ကိုယ့်ကလေးတွေကို ပြန်ကြည့်ရင်း ပိုနားလည်လာမိပါတယ်။ ဒီမိဘကပဲ မွေးပြီး ဒီအသိုက်အမြုံလေးထဲမှာပဲ ကြီးပြင်းလာခဲ့တဲ့ ကလေးတွေပေမယ့် တယောက်နဲ့ တယောက် အမူအကျင့်က တော်တော်မတူကြတာပါ။ သားကြီးက တခုခုလိုချင်လို့ ပူဆာရင် ဘယ်လောက်အရေးပါကြောင်း သိုင်းဝိုင်းပြီး ပြောချင်ပြောမယ်.. ဒါမှမဟုတ်.. သူလိုချင်တာကိုပဲ ထပ်ခါထပ်ခါ နားညည်းလောက်အောင် ဘာကိုမှ ဂရုမစိုက်ပဲ တအီအီ ပြောနေတတ်ပေမယ့် သမီးငယ်ကတော့ လူကို ကြည့်ပြီး သူ့ရဲ့ ဗျူဟာကို ပြောင်းတတ်သူ။ သူ့ကို လက်ချာတွေပေးတတ်တဲ့ အမေ့ကိုဆို မျက်နှာရိပ် မျက်နှာကဲ ကြည့်ပြီးမှ အပူအအေးခ ျက်ချင်း ပြောင်းလဲတတ်သလို အဖေ့ကိုကျပြန်တော့ မရမချင်း အနားကပ်ကာ ပူဆာနေတတ်ပြန်ရော။ အဲ...အလတ်ဖြစ်သူ သားငယ်ကျတော့ သိပ်မပြော၊ သူလိုချင်တာ မရရင် မျက်ရည်တွေဝဲ.. အသံမထွက်ပဲ တိတ်တိတ်လေးကြေကွဲကာ ဆန္ဒပြရင်း မိဘတွေ စိတ်မကောင်းဖြစ်ပြီး ဝယ်ပေးဖြစ်အောင် ပူဆာတတ်တာ....။ ညနေကလည်း ကားပေါ်မှာ မောင်နှမ သုံးယောက် စကားပြောတာနားထောင်ရင်း ရယ်ရပြန်ပါသေးတယ်။ သမီးက သူ့အကိုငယ် ကျက်နေတဲ့ အလီတွေကို လိုက်ကျက်ရင်း အ...
TRANQUILITY, CALM & PEACEFUL CORNER FOR ME!!