Saturday, June 26, 2010

ပြည်ပထွက်ခွာခွင့် လက်မှတ်ကို အကြောင်းပြု၍....

မြန်မာပြည်ကို ပြည်ပကနေ ခဏအလည်ပြန်လာကြတဲ့ သူတွေ  အပြန်ခရီးမှာ စိတ်အနှောင့်အယှက်ကင်းကင်း ပြန်နိုင်အောင် ဝေမျှချင်တာလေး တခုပါ။

အရင်ကတော့ D Form ကို ပြည်တွင်းကနေ  ရက်သုံးဆယ်ကျော်မှ ပြန်ထွက်ဖြစ်တဲ့ သူတွေသာ လုပ်စရာလိုတယ်လို့ သိထားပါတယ်။ ဒါပေမယ့် တချိန်လုံး ပြောင်းနေတဲ့ စည်းမျဉ်းဥပဒေက တသမတ်တည်း ရှိလား မရှိလား မသေချာလို့ မြန်မာပြည် အပြန်ခရီးမှာ စိတ်ချ လက်ချ သွားချင်ရင် D-Form လေးတော့ ဆောင်သွားစေချင်ပါတယ်။  D Form တင် မကပါဘူး။ လိုအပ်တဲ့ စာရွက်စာတမ်းအားလုံး ပြည့်စုံအောင် လုပ်ထားသင့်ပါတယ်။ 

မြန်မာပြည် Online Departure Form နဲ့ ပတ်သက်တဲ့ တရားဝင် စာမျက်နှာကို ဒီမှာ သွားရောက် ကြည့်ရှုနိုင်ပါတယ်။ အခုလက်ရှိအထိတော့ Leave၊ Log၊ Dependent၊ business၊ နဲ့ ပြန်လာတဲ့ သူတွေထဲက ရက်သုံးဆယ်အတွင်း ပြန်ထွက်ခွာခဲ့ရင် D Form လျှောက်ထားခြင်းမှ ကင်းလွတ်ခွင့် ရတယ် လို့ အဲဒီ စာမျက်နှာက ဆိုထားပါတယ်။ 



ဒါပေမယ့် ဒီမနက်မှာ ရက်သုံးဆယ်မကျော်လို့ ထုံးစံအတိုင်းထင်ပြီး D Form လုပ်မလာခဲ့မိလို့ လေဆိပ်က မြန်မာ အင်မီဂရေးရှင်းမှာ အကူအညီမဲ့၊ ကြီးငယ်မရွေး အဟောက်သဟဲခံ စိတ်ညစ်ခံခဲ့ရပြီး လေယာဉ်တက်ခါနီး အချိန်လောက်အထိ စိတ်တထင့်ထင့်နဲ့ ကိုယ့်အတွက် လာအာမခံလက်မှတ်ထိုးပေးမယ့် သူကိုပဲ မျှော်ရမလိုလို၊  ဘဏ်ကိုပဲ ငွေပြေးသွင်းရတော့မလိုလို တွေ့ကြုံခဲ့ရတဲ့ ခရီးသည်တွေကတော့ စိတ်လက်ချမ်းသာစွာနဲ့ ပြန်လမ်းဖြောင့်တဲ့ ခရီးတော့ ဖြစ်ခဲ့မှာ မဟုတ်ပါဘူး။

အဲဒီလိုပါပဲ..  မြန်မာ့စီးပွားရေးဘဏ်မှာ online D Form Fee အဖြစ် ငွေကျပ် ၂၀၀ သွင်းရမှာ ဆိုပေမယ့် Form ဖိုး ၁၀၀ ကျပ်ရယ် ဘဏ်က စာရေးမအတွက် (သီးသန့်) ၀န်ဆောင်ခအဖြစ် ငွေ ၅၀၀ ကျပ်ပေးရပါဦးမယ်။ ဒါကတော့ ထုံးစံလိုဖြစ်နေတာမို့ ငြိုငြင်နေရင်တော့ အလုပ်မတွင်ရုံပဲ ရှိမှာပါ။ ဒါကြောင့် အင်ဖော်မေးရှင်းအတိုင်း အသေ မမှတ်ထားဖို့ လိုပါလိမ့်မယ်။ ပြည်ပမှာ အနေကြာလာတဲ့ သူတချို့က မြန်မာပြည်မှာ နေ့ချင်းညချင်း ကြီးထွားလာတဲ့ ကုန်ဈေးနှုန်းနဲ့ အသုံးစရိတ်တွေကို ကြည့်ပြီး များလှချည်လားလို့ ထင်တတ်လို့ပါ။ အနေကြာတဲ့ သူတွေကတော့ ဘာတာစနစ်ဖြစ်ဖြစ်၊ ဘာလာလာစနစ်ပဲ ဖြစ်ဖြစ်  ကြည်ကြည်ဖြူဖြူ လက်ခံနေနိုင်ပြီ ထင်ပါတယ်။

ပေါက်ပင် ဘာကြောင့်ကိုင်းရတယ် ဆိုတဲ့ ငယ်ငယ်က အော်ဟစ်သီဆိုခဲ့တဲ့ ကဗျာကို အဆုံးအစ မရှိ ဆိုဖို့ စိတ်ကူး မရှိပါဘူး...။

ဒါပေမယ့်... ဘာရယ်ကြောင့်မှန်းတော့ မသိ.. ကျမ.. စိတ်ထဲ သိပ်မကောင်းလှပါ....။

9 comments:

သက်ဝေ said...

အင်း... မှတ်ထားမယ် သိင်္ဂီရေ့...
နောက်ကိုလဲ ဗဟုသုတဖြစ်စရာလေးတွေရှိရင် ဒီနေရာမှာ လာပြောပြပါအုံးနော်...း))

မတွေ့ရတာ ကြာလို့ သတိရနေတယ်...
အားလုံးနေကောင်းကြတယ် ဟုတ်...

ရွှေရတုမှတ်တမ်း said...

ကျေးဇူးပဲ မယ်သိင်္ဂီရေ..
နီးစပ်ရာပြောထားရအုန်းမယ်...
ငါ့နှမ ဘယ်တွေပျောက်နေသလဲ...ဒီခန္ဓာနဲ့ မကျော်ခွတတ်လို့လား...း))

မြတ်နိုး said...

အမရေ..ကျေးဇူးပဲဗျို့..

အမနေကောင်းရဲ့လား အသစ်မတွေ့လို့

sonata-cantata said...

လွန်ခဲ့တဲ့ ၁၀နှစ်လောက်က ကိုယ်တွေ့ ကြုံဖူးပါရဲ့...။ မြန်မာပြည်မှာ ပါတ်စ်ပို့စ်စာအုပ် အသစ်လဲပြီး D-Form ရုံးကို သွားတော့ ရက် (၃၀) မကျော်လို့ မလိုဘူးဆိုပြီး လုပ်မပေးလိုက်ပါဘူး။ လေဆိပ်ရောက်တော့ ပါတ်စ်ပို့စ်အသစ်ဆိုရင် D-Form လိုတယ်ဆိုပြီး လေယာဉ်ပေါ် မတက်ရပဲ အိမ်ပြန်ရပါတယ်။ သူတို့အထာတွေကို နားမလည်တာလည်း ပါတာပေါ့။ နောက် D-Form ရုံးကို ပြန်သွားတော့ ဘယ်သူက လိုတယ်လို့ ပြောလဲ အဟောက်ခံရပြန်ပါတယ်။ မြန်မာပြည်ပြန်တိုင်းတော့ ပြဿနာတစ်ခုမဟုတ်, တစ်ခု ရှိတာချည်းပါပဲ။ သုံးနှစ်သာရှိသေးတဲ့ သားအတွက် အလုပ်မလုပ်ကြောင်း ထောက်ခံစာ မပါလို့ ရစ်တာလည်း ခံရဖူးပါရဲ့...။

MANORHARY said...

မရိုးရဘူးနော် မသိဂီ င်္ သူတို့က အမြဲတမ်း ဆန်းသစ်နေအောင်ကို လုပ်ပေးနေတော့တာ ..

khin oo may said...

သတိရနေတာ ဒီနေ့ဘုရားစူး.

သင်းနွယ်ဇင် said...

အိမ်မပြန်ဖြစ်တာကြာလို့ ဘာတွေပြောင်းနေမှန်းလဲမသိတော့ပါဘူး။ သူတို့ပဲပြောင်းပြောင်းနိုင်လွန်း။
ကျေးဇူးပါသူငယ်ချင်းရေ။ ပြန်ခါနီးရင် တခေါက်ပြန်ဖတ်အုံးမယ်။

tg.nwai said...

>> သက်ဝေရေ.. နေကောင်းကြပါတယ်..တို့လည်း သတိရလျှက်...:)

>> ကိုကြီးကျောက် - ညီမလည်း မှောင်ထဲ ပျောက်နေတာနဲ့ ... ကျော်ခွရတာ အဆင်မပြေတာလည်း ပါတယ်..ကိုကြီးကျောက်ဆီ ရှေ့ရှောက်တော့ လမ်းပေါက်ဦးမှာပါ.. :)

>> မြတ်နိုးရေ.. နေကောင်းပါတယ် ညီမရေ..ကျေးဇူးပါ..

>> သီတာရေ....ခေတ်သစ်နည်းတွေ အောက်မေ့နေတာ..ပြန်လည်ဆန်းသစ်ထားတာကိုး.. ဟဲဟဲ.. ခန္တီစတရား တော်တော်ပြည့်ဝနေပြီပဲ...:))

>> မနော်.. ဟုတ်ပ.. အမြဲ သတိရှိနေအောင် လုပ်ပေးလို့ သူတို့ကိုပဲ ကျေးဇူးတင်နေရမယ်..

>> မမခင်ဦးမေ.. မမ သတိရတဲ့အတွက် ကျေးဇူး..ဘုရားစူး..:))

>> သင်းနွယ်ဇင်..သူငယ်ချင်းရေ..ဒါကတော့ မပါတာမေးမယ်..ပါရင် မယူဘူး၊ မပါရင် ရစ်မယ်..ပြည်တော်ပြန်ရင် သတိသာဆောင်ထား၊ မဆောင်နိုင်ရင်တော့ အလှူဒါန ပြုကြ သူတကာပဲ..:))

Moe Cho Thinn said...

“ပြောင်းလဲတတ်တဲ့ မင်းကို တို့ ဘယ်လိုမှ နားမလည်..”

(ထူးအိမ်သင် သီချင်း ဆိုသွားတာပါ မမသိဂီ င်္၊ သတိရနေပါတယ် မမရေ..)