Skip to main content

Posts

Showing posts from August, 2010

နိုဝင်ဘာ-၇-ရက်။

ဒီနေ့ ရွေးကောက်ပွဲ ကျင်းပမယ့် ရက်ကို မန္တလေးအက်ဖ်အမ် နားထောင်နေရင်း သတင်းမှာ ကြားလိုက်ရပါတယ်။ နိုဝင်ဘာလ ၇-ရက်နေ့၊ တနင်္ဂနွေနေ့..တဲ့။ အဲ..၂၀၁၀ ထဲမှာပေါ့။ သူများတွေတော့ မသိပါဘူး...။ ကျမကတော့ နိုင်ငံရေးဆိုတာနဲ့တော်တော်ဝေးပါတယ်။ ဘယ်အချိန် မီးလာမလဲ၊ ဘယ်အချိန် ရေတင်ရင် ကောင်းမလဲ၊ ကိုယ့်အရေးနဲ့ ကိုယ် လုံးလည်ချာရင်း တိုင်းပြည်မှာ ဘာတွေဖြစ်လို့ ဖြစ်နေတယ်ဆိုတာကို စိတ်မဝင်စားဖြစ်ပါဘူး။ အဲ... ကြိုးတန်းလျှောက်နေတဲ့ ခရုငယ်လို ပြုတ်ကျလိုက် ပြန်လျှောက်လိုက်နဲ့ သွားနေတဲ့ အင်တာနက်ကွန်နက်ရှင်ကို စိတ်ရှည်လက်ရှည် ရံဖန်ရံခါ သုံးမိနေလို့သာ...ကြားလိုက်ရတယ် ဆိုရုံလောက်ပါပဲ...။ သေသေချာချာတော့ လာမရှင်းပြပါနဲ့လေ... ဖြစ်စေချင်တာကတော့ ကျမတို့ တိုင်းပြည်လေး အေးချမ်းသာယာဖို့နဲ့ လူတွေဒီထက် ပိုပြီး ပင်ပန်းဆင်းရဲခြင်းတွေကနေ နည်းနည်းလောက်ဖြစ်ဖြစ် သက်သာရာရစေချင်တာပါပဲ။ လူဆိုတာ ခက်သားကလားနော်... တခုခုဆို အတိတ်ကိုပဲ ပြန်သတိရတတ်ကြတာလေ... အခုလည်းကြည့်.... ပါတီတွေ အသံကြားတော့ ဘာမှမဖြစ်သလိုနဲ့ ...ဟော.. ရွေးကောက်ပွဲလည်း ဆိုရော.... တကယ်ပါ။ တသက်မှာ တခါပဲ မဲပေးဖူးခဲ့တာကိုး။ အဲဒီတခါကလည်း တကယ့်ကို မှတ်မှတ်ရရ နဲ့ မျှော်လင့်ချက်တွေ မျာ