ကိုကြီးကျောက်ကို စတင် သိကျွမ်းခဲ့တာ ကိုအောင်သာငယ် ရဲ့ ဘလော့ဂ်မိတ်ဆက်ကြောင့်ပါ... ဘလော့ဂ်တွေလိုက်ဖတ်နေရင်း ဘလော့ဂ်ရေးဖြစ်သွားတဲ့ အစ်ကိုကြီးတယောက်။ ရွှေရတုမှတ်တမ်းမှာ စာတွေ သွားသွားဖတ်ရင်း ရယ်လိုက် နောက်လိုက် ကွန်မန့်တွေ ပေးခဲ့ရင်းနဲ့ ကေ တို့ ခေါ်သလို ကိုကြီးကျောက်လို့ လိုက်ခေါ်ရင်း ရင်းနှီးလာခဲ့ကြတာလေ။ ကိုကြီးကျောက်ရဲ့ အတွေ့အကြုံအစုံအလင်တွေကို ပေါ့ပေါ့ပါးပါး ဟာသလေးတွေနဲ့ ရေးထားတာတွေ ဖတ်ရတာကလည်း ငယ်ငယ်က လူကြီးတွေ စကားဝိုင်းမှာ ငေးမောနားထောင်နေရသလိုလို ... သရဲအကြောင်းတွေလည်း မျိုးစုံလို့ပေါ့။ နောက်ပိုင်း ကျမလည်း ဘလော့ဂ်တွေ အရေးကျဲ....စာတွေ သွားဖတ်ပေမယ့် ကွန်မန့်က ရေးလို့ မရတာ ခပ်များများ... ဒါပေမယ့် ဖေ့စ်ဘွတ်ခ်မှာ ဘလော့ဂ်က မိတ်ဆွေတွေနဲ့ ဆက်တွေ့နေသေးတော့ သတင်းတွေက မပြတ်။ ကိုကြီးကျောက် နေမကောင်းဘူးဆိုတာ ကြားလိုက်ရတော့ ပြောမပြတတ်အောင် စိတ်မကောင်းဖြစ်မိခဲ့တယ်... အကုန်လုံးသွားရမယ့် လမ်း...ကိုယ်တိုင်လည်း သွားရမယ့် လမ်းပေမယ့်....။ ဂျီတော့ခ်မှာ တခါ တခါ မက်ဆေ့ချ်နဲ့ သတင်းလေး မေးရင်း နှုတ်ဆက်ရင်း သက်သာစေကြောင်း ဆုတောင်းပေးရုံ... အတူတူရှိနေကြကြောင်း အသိပေးရုံကလွဲလို့.....။ ကိုကြီးကျောက်ကလ...
TRANQUILITY, CALM & PEACEFUL CORNER FOR ME!!