Skip to main content

ကိုကြီးကျောက်သို့ နောက်ဆုံး နှုတ်ဆက်ခြင်း။


ကိုကြီးကျောက်ကို စတင် သိကျွမ်းခဲ့တာ ကိုအောင်သာငယ် ရဲ့ ဘလော့ဂ်မိတ်ဆက်ကြောင့်ပါ... ဘလော့ဂ်တွေလိုက်ဖတ်နေရင်း ဘလော့ဂ်ရေးဖြစ်သွားတဲ့ အစ်ကိုကြီးတယောက်။ ရွှေရတုမှတ်တမ်းမှာ စာတွေ သွားသွားဖတ်ရင်း ရယ်လိုက် နောက်လိုက် ကွန်မန့်တွေ ပေးခဲ့ရင်းနဲ့ ကေ တို့ ခေါ်သလို ကိုကြီးကျောက်လို့ လိုက်ခေါ်ရင်း ရင်းနှီးလာခဲ့ကြတာလေ။ ကိုကြီးကျောက်ရဲ့ အတွေ့အကြုံအစုံအလင်တွေကို ပေါ့ပေါ့ပါးပါး ဟာသလေးတွေနဲ့ ရေးထားတာတွေ ဖတ်ရတာကလည်း ငယ်ငယ်က လူကြီးတွေ စကားဝိုင်းမှာ ငေးမောနားထောင်နေရသလိုလို ... 
သရဲအကြောင်းတွေလည်း မျိုးစုံလို့ပေါ့။
နောက်ပိုင်း ကျမလည်း ဘလော့ဂ်တွေ အရေးကျဲ....စာတွေ သွားဖတ်ပေမယ့် ကွန်မန့်က ရေးလို့ မရတာ ခပ်များများ... ဒါပေမယ့် ဖေ့စ်ဘွတ်ခ်မှာ ဘလော့ဂ်က မိတ်ဆွေတွေနဲ့ ဆက်တွေ့နေသေးတော့ သတင်းတွေက မပြတ်။ ကိုကြီးကျောက် နေမကောင်းဘူးဆိုတာ ကြားလိုက်ရတော့ ပြောမပြတတ်အောင် စိတ်မကောင်းဖြစ်မိခဲ့တယ်... အကုန်လုံးသွားရမယ့် လမ်း...ကိုယ်တိုင်လည်း သွားရမယ့် လမ်းပေမယ့်....။ 
ဂျီတော့ခ်မှာ တခါ တခါ မက်ဆေ့ချ်နဲ့ သတင်းလေး မေးရင်း နှုတ်ဆက်ရင်း သက်သာစေကြောင်း ဆုတောင်းပေးရုံ... အတူတူရှိနေကြကြောင်း အသိပေးရုံကလွဲလို့.....။ ကိုကြီးကျောက်ကလည်း နေမကောင်းဖြစ်နေတဲ့ကြားက သက်သာတာနဲ့ ပို့စ်အသစ်တွေတင်ရင်း သူ့ကို စိတ်ပူတဲ့ ညီ ညီမ မိတ်ဆွေတွေကို သက်သာတဲ့အကြောင်း ပြောရှာတယ်။  တခါတခါ ညဉ့်နက်သန်းခေါင် ကျမ ဂျီတော့ခ်မှာ ရှိနေရင် လှမ်းနှုတ်ဆက်ရင်း စကားလေး ဘာလေး ပြောဖြစ်ကြတယ်...
ကိုကြီးကျောက်က ဘလော့ဂ်မှာ စာအရေးကျဲလို့ ကျမကို ခဏခဏ ပြောခဲ့တယ် .... ကိုကြီးကျောက်လို ရေးလောက်စရာ အတွေ့အကြုံတွေလည်း များများစားစားရှိတာမဟုတ်ပဲ ရေးချင်တာ ရေးနေတဲ့ ကျမကို စာရေးဖို့ တိုက်တွန်းလို့....။ 
နောက် ကိုကြီးကျောက်ရောဂါက ကင်ဆာမဟုတ်ဘူးဆိုလို့ သူ့ကို ချစ်တဲ့ မောင်နှမ မိတ်ဆွေတွေက ဝမ်းတွေ သာလို့လေ... ဘာပဲဖြစ်ဖြစ် ရက်ပေါင်း တစ်ရာ့ရှစ်ဆယ်ဆိုတဲ့ ကန့်သတ်ချက်ကြီး ပျက်သွားတာကို ဝမ်းသာတယ်.... ကိုကြီးကျောက်ရဲ့ ရွှေရတုမှတ်တမ်းမှာ ရေးစရာတွေ အများကြီးကို အားရပါးရ ဆက်ဖတ်ရတော့မယ် ဆိုပြီး .....။
မတ်လ ၂၆ ရက်နေ့က ကိုကြီးကျောက်နဲ့ နောက်ဆုံး ဂျီတော့ခ်မှာတွေ့ခဲ့တာပဲ...
maungnaipe@gmail.com to me 
show details Mar 26 
5:50 PM 
maungnaipe: မယ်သိင်္ဂ ီ..နေကောင်းလား
5:51 PM 
me: ဟုတ်ကဲ့...း)
  
ကိုကြီးကျောက် နေကောင်းနေတယ်ကြားလို့ ဝမ်းတွေ သာနေတာ...
 
maungnaipe: မတွေ့တာကြာပြီ..ငါ့နှမကို
 
me: ဟုတ်
 
maungnaipe: ကိုကြီးကျောက်က evergreen ကျောက်လေ
5:52 PM 
me: ဟုတ်တယ်နော်..ကိုကြီးကျောက်ကို အားကျတယ်...ဟဲဟဲ
 
maungnaipe: ကိုးနတ်ရှင်မကောင်းလို့ စာမရေးတာလား
 
me: ဟုတ်... google search တောင် proxy နဲ့ ကျော်လွှားပြီး ကြည့်နေရတာ....
5:53 PM 
maungnaipe: ဟယ်..မိုက်ရိုင်းလှချည့်လား
5:54 PM 
ဘယ်လို ဦးနှောက်ပိုင်ရှင်တွေရယ်မသိပါဘူး
 
me: ဟုတ်...သူများတွေ အလကားပေးတာတောင် သူတို့က...း(
5:55 PM 
maungnaipe: နောက်ဘဝ ပြိတ္တ`ာ ဖြစ်မဲ့ကောင်တွေ..အို ဘဝ ကိုမကူးလောက်ဘူး..ဒီဘဝကို ဖြစ်မှာ
5:56 PM 
me: ဟားဟား... စာမရေးဖြစ်တာ အဲဒါတွေလည်း ပါတယ် အစ်ကိုကြီးရေ... အဆင်မပြေတာတွေ ဒေါသထွက်ပြီး ရေးတင်မိရင် သူများတွေပါ အလကား စိတ်တိုနေရမှာစိုးလို့...း)
 
maungnaipe: ကလေးတွေရော ကျောင်းပိတ်လို့ ဘယ်တွေသွားနေကြသလဲ
5:57 PM 
me: ဘယ်မှ မသွားဖြစ်ပါဘူး... လောလောဆယ်တော့...
  
အစ်ကိုကြီး ပို့စ်တွေ ဆက်တိုက်တက်လာတာတွေ့တော့ ဝမ်းသာတယ်....ဖတ်ရလို့...း)
 
maungnaipe: ကလေးတွေက တဟဲ့ဟဲ့ နဲ့ အော်ရမဲ့ အရွယ်ရှိသေးလား
5:58 PM 
စာကိုတော့ ရေးချင်နေတာပဲ ..စာရိုက်ရတာပျင်းလို့ အများကြီးမတင်ဖြစ်တာ
 
me: ဟုတ်... အော်နေရတာပါပဲ...
5:59 PM 
maungnaipe: ဟား..ဟား..ငါ့နှမတော့ အလုပ်ဖြစ်နေပြီ
 
me: း)
6:00 PM 
maungnaipe: သိင်္ဂ ီရေ..ညည်းမြင်လို့ စကားလာပြောတာ အကိုကြီး အပြင်သွားစရာရှိလို့ လိမ့်တော့မယ်
6:01 PM 
me: ဟုတ်ကဲ့..အကိုကြီး ကျန်းမာပါစေ...း)
6:02 PM 
maungnaipe: ကျန်းမာပြီး..မော်ဒယ်လေးတွေနဲ့ ကဲနိုင်သေးကြောင်းပါ
နောက်ပိုင်းတော့ ဖေ့စ်ဘွတ်ခ်မှာ လှမ်းလှမ်း တွေ့တယ်.. ခရီးထွက်မယ်ဆိုတာလည်း သိခဲ့တော့ အော်..တော်တော် နေလို့ ကောင်းနေပြီပဲလို့ ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ရတာပေါ့.... 
နှစ်ဆန်းတရက်နေ့မှာ ကိုကြီးကျောက်ကို သတိရတာနဲ့  ဂျီတော့ခ်မှာ နှစ်သစ်ဆုတောင်းချန်ထားခဲ့တာကို သူ reply လုပ်ခဲ့တာ..... ဒါ ... နောက်ဆုံးပါပဲ...။
Nai Pe to me 
show details Apr 19 
မယ်သိင်္ဂ ီရေ.. အကိုကြီး ခရီးပန်းပြီးနေမကောင်းလို့ အနားယူနေတယ် 
2011/4/19 Tg.Nwai@gmail.com <Tg.Nwai@gmail.com>
These messages were sent while you were offline.
4:30 AM 
Tg.Nwai@gmail.com: နှစ်သစ်မှာ ကိုကြီးကျောက်တယောက် မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပြီး ကျန်းမာလန်းဖြာပါစေရှင်.....း)
ဒီကြားထဲမှာ ပို့စ်တွေ တက်နေတော့ နေပြန်ကောင်းလာပြီပဲ အောက်မေ့ရင်း ကျမလည်း အလုပ်တွေရှုပ်... အွန်လိုင်းပေါ် မတက်နိုင်....။
အဲဒီနေ့ည မေဒေး တနေကုန် အလုပ်တွေရှုပ်ရင်း ညဘက် ဖေ့စ်ဘွတ်ခ်ပေါ်မှာ သူငယ်ချင်းတွေရဲ့ သတင်းတွေ လိုက်ကြည့်ဖြစ်တယ်.... သက်ေ၀ ရေးထားတဲ့ ကိုကြီးကျောက် ...R.I.P ဆိုတာ ကြည့်ပြီးတော့ နားလည်လိုက်တာက ကိုကြီးကျောက်ရဲ့ ပို့စ်အသစ်မှာ သက်ဝေက ကွန်မန့်ရေးထားတာပဲဆိုပြီး.. ကိုကြီးကျောက် ဘာတွေ ရေးထားပြန်ပြီလဲ မသိဘူးလို့ တွေးရင်း ရှေ့ဆက်ကြည့်တော့ ကိုအောင်သာငယ်ရဲ့ ပို့စ်တွေ့မှ ... အံ့အားသင့်ရင်း... ဘာတွေ ဖြစ်ကုန်ပြီလဲလို့ ကိုယ့်ဘာသာ မယုံရဲရဲ.....
သူများတွေတင်ထားတဲ့ သတင်းတွေ ဝမ်းနည်းကြောင်းတွေ ဖတ်ပြီး ကျမမှာ ပြောစရာ စကားမရှိ.... ကိုကြီးကျောက်ကို သတိရကြောင်း နှုတ်ဆက်ကြောင်း စာလေးရေးဖို့တောင် ကျမမှာ အားမရှိတော့....။ 
သတိရနေပါတယ် ကိုကြီးကျောက်ရေ.....
သတိရတိုင်းလည်း ကိုကြီးကျောက်ရဲ့ ရွှေရတုမှတ်တမ်းလေးကို သွားဖတ်ဖြစ်နေမှာပါ....
အချိန်တွေကြာသွားရင်တော့ တဖြေးဖြေး မေ့သွားကြတယ်ဆိုရင်တောင် ကိုကြီးကျောက် ရင်ဆိုင်သွားခဲ့တဲ့ နောက်ဆုံးအချိန်အထိ အကောင်းဆုံးနေထိုင်ခဲ့ခြင်းကိုတော့ အားကျရင်း အတုယူရင်း ဘယ်တော့မှ မေ့သွားမှာ မဟုတ်ပါဘူးလေ....
အမြဲတမ်း နောက်ကျနေခဲ့တဲ့အတွက် ညီမ မယ်သိင်္ဂီ တောင်းပန်ပါတယ်...
ကိုကြီးကျောက်ရဲ့ နောက်ဆုံးအချိန်ကိုမသိလိုက်ရလို့ မေတ္တာပို့ဆုမတောင်းနိုင်ခဲ့တာကိုလည်း တောင်းပန်ပါတယ်...
ကိုကြီးကျောက် မေးခိုင်းထားတာတခုကိုအခုထိမလုပ်ပေးနိုင်ခဲ့အောင် နောက်ကျခဲ့တာကိုလည်း တောင်းပန်ပါတယ်လေ....။
ငြိမ်းချမ်းသော ဘုံဘဝမှာ ကိုကြီးကျောက် အေးချမ်းပျော်ရွှင်ပါစေ......။
( ဘလော့ဂ်မှာ ခင်ခဲ့ရတဲ့ အစ်ကိုကြီးမို့  နောက်ဆုံး ပို့စ်လေးတခုနဲ့မှ နှုတ်မဆက်လိုက်ရရင် နေလို့ မကောင်းလွန်းလို့ပါ...)


Comments

သက်ဝေ said…
ကိုကြီးကျောက်အတွက် ဆုတောင်းနှုတ်ဆက်တဲ့ ပိုစ့်တခု ဖတ်မိတိုင်း တခါ စိတ်ထိခိုက်ရတယ်… သူ့ဘလော့ဂ်မှာ ရေးထားကြတဲ့ သတိရကြောင်းတွေ ဆုတောင်းတွေ ဝမ်းနည်းကြောင်းတွေ ဖတ်မိရင်လည်း စိတ်ထိခိုက်ရတယ်…။ ကြာလာရင် မေ့သွားတတ်တယ်ဆိုပေမယ့် ဒီညီအကို မောင်နှမတွေကြားမှာတော့ ကိုကြီးကျောက်က ဘယ်တော့မှ မေ့ပျောက်စရာ ဖြစ်သွားမှာ မဟုတ်ပါဘူး…။
ATN said…
ကျနော်က စိတ် အထိခိုက်ရဆုံး ဖြစ်ပါလိမ့်မယ်ဗျာ..
ဘာကြောင့် ဆိုတာတော့ မပြောချင်တော့ဘူး မသိင်္ဂီ...း((((
kay said…
မဂီ.. ကျမ ဒီပို့စ် ကို မတွေ့ မိလိုက်ဘူး..
ကျမ စိတ်ထဲ..မ..စာမရေးတာ ကြာပီလို့ ပဲ ထင်နေတာ..


တလောက.. ဘလော့တွေ ၀ဲစွဲ ..လင့်တွေ ဖြုတ်ပြီး.. ပြန်တပ်တော့..တခုခြင်းတပ်ရင်..မ ရဲ့ ဘလော့ ပြန်ပါမလာ တာ ဖြစ်နေတယ်..
( ကတောက်)

ကိုကြီးကျောက် အကြောင်းကတော့..တွေးတိုင်း စိတ်ထဲ တမျိုးပဲ..။ ကျမဖြင့်..သူ့စာလေး တွေ..စာအုပ်တောင် ထုပ်ပေးချင်တယ်..။

Popular posts from this blog

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။

မြန်မာ့နိုင်ငံရေးသမိုင်းလေ့လာချက်၊ အမျိုးသားနေ့ပေါ်ပေါက်လာပုံ- (တင်နိုင်တိုး)

ြ မန်မာ့နိုင်ငံရေးသမိုင်း လေ့လာချက် အမျိုးသားနေ့ပေါ်ပေါက်လာပုံ တင်နိုင်တိုး နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်း လဆုတ် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ထားပါသည်။ ယင်းသို့ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့အား အမျိုးသားနေ့အဖြစ် အသိအမှတ်ပြုပါရန် အဆိုပြုခဲ့သူမှာ ဂျပ်ဆင်ကော်လိပ်ကျောင်းသားဟောင်း ကိုမြင့် ဆိုသူဖြစ်သည်။ ဂျီစီဘီအေ န၀မမြောက် ကွန်ဖရင့်၏ နောက်ဆက်တွဲအဖြစ် ၁၉၂၂ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့ ဂျူဗလီဟော (ယခုစစ်သမိုင်းပြတိုက်နေရာ) ၌ ဂျီစီဘီအေ အထူးကွန်ဖရင့်ကို ကျင်းပခဲ့ရာ ယင်းအစည်းအဝေးကြီးက အတည်ပြုပေးခဲ့ခြင်း ဖြစ်ပါသည်။ အမျိုးသားနေ့ သတ်မှတ်ရေး မန္တလေးမြို့တွင် ၁၉၂၁ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့၌ စတင်ကျင်းပခဲ့သည့် ဂျီစီဘီအေ န၀မမြောက်ကွန်ဖရင့်၏ စတုတ္ထနေ့ဖြစ်သော အောက်တိုဘာလ ၂၄ ရက်နေ့တွင် အမျိုးသားနေ့ သတ်မှတ်ရေးကိစ္စကို ဆွေးနွေးခဲ့ကြသည်။ ထိုနေ့ အစည်းအဝေး၏ သဘာပတိမှာ ဦးချစ်လှိုင်ဖြစ်ပြီး အမျိုးသားနေ့ သတ်မှတ်ရန် အဆိုသွင်းခဲ့သူမှာ ကန်ကြီးထောင့်မှ ဦးဘသော်ဆိုသူ ဖြစ်ပါသည်။ ဦးဘသော်က မြန်မာ တမျိုးသားလုံးအတွက် အရေးကြီးလှသော အမျိုးသားနေ့ဟူ၍ သတ်မှတ်သင့်ကြောင်း အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။ ဥ...

အမှတ်တရ...

၁၉၈၈-ခုနှစ်ရဲ့ မတ်လ ၁၁-ရက်နေ့... အဲဒီနေ့က ကြို့ကုန်းက ရန်ကုန် စက်မှုတက္ကသိုလ်ဝင်းထဲမှာ  စည်ကားနေကြတယ်လေ..။ စုပေါင်း သွေးလှူပွဲ ရှိတာကိုး။ ကျောင်းသူ ကျောင်းသားတွေလည်း စိတ်အားထက်သန်စွာ ကိုယ့်သွေးတွေကို ပေးလှူခဲ့ကြတယ်..။  (အဲဒီနေ့ သွေးလှူပွဲကတော့ ၀မ်းမြောက်စွာနဲ့ပေါ့...) ကျမလည်း သွေးလှူဖို့ ရည်စူးထားခဲ့လို့  အဲဒီ အလှူပွဲ ၀င်နွှဲခွင့်ကြုံခဲ့သေးပါတယ်.... အဲဒါ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်များတောင် ဖြစ်မလားမသိ...။ ပြီးတော့ သွေးလှူရှင်တံဆိပ်လေးတစ်ခုရယ်.. သွေးလှူမှတ်တမ်းကဒ်လေးရယ်.. ကြက်ဥပြုတ်လေး တစ်လုံးရတာတော့ မှတ်မိနေခဲ့တယ်...။ ပြီးတော့ အဲဒီ သွေးလှူရှင်တံဆိပ်ကလေးကို တစုံတယောက်ကို မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့လိုက်တယ်... အဲဒီနေ့က သူ့ မွေးနေ့ပါ.....။ သူ့မွေးနေ့မှာ ကိုယ်ရည်စူးလှူဖြစ်ခဲ့တဲ့ သွေးအလှူဟာ  လိုအပ်နေတဲ့ တစ်စုံတစ်ယောက်အတွက် အထောက်အကူဖြစ်ခဲ့ရင်.. သူရော ကိုယ့်အတွက်ပါ မွန်မြတ်တဲ့ အလှူဖြစ်စေဖို့ပါ...။ သွေးလှူပြီးပြီးချင်းပဲ  ရန်ကုန်ကနေ  မိဘတွေရှိတဲ့ ပဲခူးကို လိုင်းကားနဲ့ ပြန်လာတော့ ခေါင်းတွေ  တအားမူးနေလို့ မရပ်နိုင်ပဲ အတူလိုက်လာတဲ့ သူငယ်ချင်းရဲ့ လက်ကိ...