Skip to main content

Posts

Showing posts from September, 2013

ဘဝကောက်ကြောင်း အပိုင်းအစများ (၁)

ကျမ ဖေဖေက မန္တလေးတိုင်း ပျော်ဘွယ် ဇာတိ... ဖေ့ဖေ့အဖေ ကျမ အဖိုးကတော့ တောင်ငူ ကျွဲပွဲက သစ်ငုတ်တန်းဆိုတဲ့ ရွာကလေးက....။ မေမေကတော့ အစိုးရဝန်ထမ်းဖြစ်တဲ့ သူ့အဖေနဲ့ လိုက်နေရတော့ (ကျမတို့လိုပဲ ဇာတိဆိုတာ လူကြီးတွေ တာဝန်ကျတုန်း ကိုယ့်ကို မွေးခဲ့တဲ့ နေရာပေါ့) ရွှေဘိုသူလို့ ဆိုတယ်။ ဖေဖေက ဇာတိချစ်သူ။ ပျော်ဘွယ်ကတော့ ဖေ့ဖေ့ အမေ့ဘက်က အမျိုးတွေ ရှိတယ်။ ကျမတို့ ငယ်ငယ်ကတည်းက ဖေဖေ့ မိဘတွေ နေခဲ့ကြတယ်။ ဖိုးဖိုး ဆုံးသွားတော့ ဖွားဖွားနဲ့ သမီးနှစ်ယောက်က ရန်ကုန်ကို လာအခြေချကြတယ်။ အခုဆို သူတို့ မောင်နှမ အများစုက ရန်ကုန်မှာပဲပေါ့။ ဖေဖေက သစ်တောပညာရှင်ပီပီ တောတွေ တောင်တွေ၊ အပင်တွေကို ချစ်တယ်ထင်ပါရဲ့။ နောက်ပြီး သူ့ မွေးရာဇာတိနဲ့ ငယ်စဉ်တောင်ကျေး ဆော့ကစားခဲ့တဲ့ ကျွဲပွဲတို့ သစ်ငုတ်တန်းတို့ဆိုတာ ခုချိန်ထိ ရင်ထဲမှာ စွဲနေတဲ့ အရာတွေ။  မေမေက ငယ်ငယ်လေး ကတည်းက ဖခင်ဆုံးပါးသွားတော့ မားမားက နောက်အိမ်ထောင်ထူထောင်တယ်။ ကလေးငယ် လူမမယ် သုံးယောက်နဲ့ အသက် သုံးဆယ်တောင် မပြည့်သေးတဲ့ အမျိုးသမီး မုဆိုးမတယောက်တွက် ဘာမှ မသေချာ မရေရာတဲ့ အဲဒီအချိန်ကာလဟာ ကြမ်းတမ်းခက်ခဲခဲ့မှာပဲ။ မားမားရဲ့ နောက်အိမ်ထောင်က ဖိုးဖိုးရဲ့ သူငယ်ချင်းပါပဲ။ မားမားကို သံယ