သူ့ကို မကြာ မကြာ သတိရမိတယ်။ အတူတူတက်ခဲ့ကြတဲ့ သူငယ်ချင်းတွေ တခါတလေ ပြန်ဆုံကြတိုင်း သူ ဘယ်တော့မှ မပါခဲ့။ သတင်းလည်း မကြားသလို အရိပ်အယောင်လည်း မမြင်ရတာ ကြာပြီ။ ဖေ့စ်ဘွတ်ခ်ပေါ်မှာ သူငယ်ချင်းတွေ ပြန်ဆုံကြတော့ သူများ ရှိနေမလား ရှာကြည့်မိတယ်။ ပျောက်ချက်သား ကောင်းပုံများ .....။ မထီတရီ၊ ဂျစ်ကန်ကန် ခပ်မိုက်မိုက် မထင်ရင် မထင်သလို လုပ်ကိုင်ပြုမူတတ်တဲ့ သူ့ကို ပုံမှန်လောက်ပဲ ဆက်ဆံရင်းနှီးခဲ့ကြတယ်။ ညိုချောလေး သူဟာ အရိုင်းဆန်ဆန်....။ ကိုယ်တို့တွေ အုပ်စု ကျောင်းက Field Trip ထွက်ရတော့ မူဆယ်ဘက် သွားဖြစ်ကြတယ်။ ရထားနဲ့ မန္တလေး၊ မန္တလေးကနေမှ ကားနဲ့ လားရှိုး၊ မူဆယ်.. နောက် တရုပ်ပြည် ကြယ်ဂေါင် ရွှေလီဘက် သွားကြတယ်။ ပြင်ဦးလွင်မှာ ကိုယ်နဲ့ သူ တခန်းထဲ အတူကျတယ်။ သူ အခန်းထဲကနေ ဖုန်းနဲ့ စကားတွေ ပြောတယ်။ စီးကရက်တွေ သောက်တယ်။ ဒဏ်ရာရထားဖူးတဲ့ ကျားသစ်မလေးလိုပဲ .... နောက် လားရှိုးဟိုတယ်ကျတော့ သူရယ် ကိုယ်ရယ် နောက်တယောက်ရယ် သုံးယောက်တည်းရတယ်။ ညဖက် သူ စီးကရက်သောက်တယ်။ မသောက်ခင် သောက်လို့ ရမလားလို့ သူမေးပါတယ်။ ကိုယ်ရော နောက်တယောက်ကပါ ရပါတယ် လို့ ပြောတော့ သူက အဖော်စပ်မရတော့ တယောက်ထဲ စီးကရက်တွေ သောက်တယ်။ စီးကရက်ငွေ့တ...
TRANQUILITY, CALM & PEACEFUL CORNER FOR ME!!