Skip to main content

သူ့အတွက် နောက်ဆုံးရေးတဲ့စာ

သူ့ကို မကြာ မကြာ သတိရမိတယ်။ 
အတူတူတက်ခဲ့ကြတဲ့ သူငယ်ချင်းတွေ တခါတလေ ပြန်ဆုံကြတိုင်း သူ ဘယ်တော့မှ မပါခဲ့။
သတင်းလည်း မကြားသလို အရိပ်အယောင်လည်း မမြင်ရတာ ကြာပြီ။
ဖေ့စ်ဘွတ်ခ်ပေါ်မှာ သူငယ်ချင်းတွေ ပြန်ဆုံကြတော့ သူများ ရှိနေမလား ရှာကြည့်မိတယ်။ 
ပျောက်ချက်သား ကောင်းပုံများ .....။
မထီတရီ၊ ဂျစ်ကန်ကန် ခပ်မိုက်မိုက် မထင်ရင် မထင်သလို လုပ်ကိုင်ပြုမူတတ်တဲ့ သူ့ကို ပုံမှန်လောက်ပဲ ဆက်ဆံရင်းနှီးခဲ့ကြတယ်။ ညိုချောလေး သူဟာ အရိုင်းဆန်ဆန်....။

ကိုယ်တို့တွေ အုပ်စု ကျောင်းက Field Trip ထွက်ရတော့ မူဆယ်ဘက် သွားဖြစ်ကြတယ်။ ရထားနဲ့ မန္တလေး၊ မန္တလေးကနေမှ ကားနဲ့ လားရှိုး၊ မူဆယ်.. နောက် တရုပ်ပြည် ကြယ်ဂေါင် ရွှေလီဘက် သွားကြတယ်။ ပြင်ဦးလွင်မှာ ကိုယ်နဲ့ သူ တခန်းထဲ အတူကျတယ်။ သူ အခန်းထဲကနေ ဖုန်းနဲ့ စကားတွေ ပြောတယ်။ စီးကရက်တွေ သောက်တယ်။ ဒဏ်ရာရထားဖူးတဲ့ ကျားသစ်မလေးလိုပဲ .... နောက် လားရှိုးဟိုတယ်ကျတော့ သူရယ် ကိုယ်ရယ် နောက်တယောက်ရယ် သုံးယောက်တည်းရတယ်။ ညဖက် သူ စီးကရက်သောက်တယ်။ မသောက်ခင် သောက်လို့ ရမလားလို့ သူမေးပါတယ်။ ကိုယ်ရော နောက်တယောက်ကပါ ရပါတယ် လို့ ပြောတော့ သူက အဖော်စပ်မရတော့ တယောက်ထဲ စီးကရက်တွေ သောက်တယ်။ စီးကရက်ငွေ့တွေ တခန်းလုံးမွှန်လို့ ထင်ရဲ့ ။ ကားပေါ်ရောက်တော့လည်း သူနဲ့ ကိုယ်နဲ့ နှစ်ယောက်အတူထိုင်တယ်။ နေပူတဲ့ဘက်ဆိုတော့ အကုန် ခန်းဆီးတွေ ချကြပေမယ့် သူက အရိပ်ထဲ နေဖို့ စိတ်ကူးပုံ မရဘူး။ နေပူနေတဲ့ကိုယ်က သူ့ လှမ်းကြည့်တော့ ရှူခင်းတွေကို ငေးရင်း သူ့စိတ်တွေ လွင့်ပျံ့နေပုံပဲမို့ ကိုယ်ပဲ စိတ်လျှော့လိုက်တယ်။ 

သူဟာ သူထင်ရာ လုပ်တတ်တဲ့ မိန်းကလေးတယောက်ပဲ ထင်ရဲ့။  တခါတခါ ကိုယ့်ရဲ့ လေးနှစ်အရွယ် သားလေးအကြောင်းမေးရင်း သူ့သားလေးအကြောင်းပါ ပြောတတ်တယ်။ သူများအကြောင်းကို ပြောသလောက်ပဲ နားထောင်တတ်တဲ့ အကျင့်ရှိခဲ့လို့ သူပြောတာထက် ဘာမှ ပိုမမေးခဲ့ဘူး။ မစပ်စုခဲ့ဖူးဘူး။ အဲဒီတော့ သူ့ဘဝအကြောင်းလည်း သေချာ မသိခဲ့ဖူးဘူး။

 မေမြို့က အဆင်း နေ့လည်စားထမင်းစားတော့ အုပ်စုလိုက်ကြီး ဝင်လာတဲ့ ဆာလောင်နေတဲ့ ကိုယ်တို့အတွက် ဟင်းပွဲတွေက အဆင်သင့်ဖြစ်မနေခဲ့ဘူး။ ဟင်းပွဲတွေ လုစားကြရင်း နီးစပ်ရာ လက်သင့်ကြရင်း၊ စည်းတွေ ဘောင်တွေ ကျော်ကြရင်း..... ကိုယ် လူတွေကို ကျောခိုင်းခဲ့လိုက်တယ်။  စိတ်ပျက်သွားခဲ့တယ် ထင်ရဲ့။ အဲဒီအချိန်မှာ သူကတော့ သူလုပ်စရာတွေ ရှိတာ လုပ်ခဲ့ပြီးပြီမို့ တယောက်ထဲ ထိုင်နေတဲ့ ကိုယ့်အနား အတူတူ လာထိုင်တယ်။ သူက ကိုယ့် ရဲ့ ချဉ်တူးတူး ခံစားချက်ကို နားလည်သလို ပြုံးကြည့်ရင်း မုန့်လာကျွေးတာ။ သူနဲ့ ကိုယ် ရင်ဘတ်ချင်း နီးစပ်သွားခဲ့ကြတယ်။ စကားတွေ ပြောဖြစ်ကြတယ်။ ရှေ့တမျိုး နောက်တမျိူးး ပါးစပ်လေးတွေ ချိုတဲ့ လောကကြီးအကြောင်းပြောပြီး ရယ်သွမ်းသွေးတာက စရင်း နှစ်ယောက်သား ဟားတိုက်ရယ်မောလိုက်ကြတဲ့ အချိန်မှာ လောကကြီးက သာယာသွားခဲ့တယ်။ လူတချို့က နားမလည်သလို ကြည့်ခဲ့ကြတယ်။ 

အပြန်လမ်းမှာ ရထားပေါ်က ထမင်းစားခန်းတွဲမှာ ကိုယ်တို့ နှစ်ယောက် သွားထိုင်ရင်း အဲဒီခရီးစဉ်ဟာ အဆုံးသတ်မှာ ပိုအသက်ဝင်လာခဲ့သလိုလို ။ သာစည်က နွားနို့အစစ်နဲ့ ကော်ဖီခါးခါး ကောင်းလွန်းလို့ အမသောက်စေချင်လို့ ဆိုပြီး သူ ကျမအတွက် ပါဆယ်တခွက် ပိုဝယ်လာခဲ့တယ်။ တန်ဖိုးကြီးတာတွေ လိုသလား။ တန်ဖိုးထားတာပဲ လိုသလား။ 

ဒီလောက်ပါပဲ.... နောက် သူတို့ ကျောင်းပြီး ဘွဲ့ယူတဲ့ အချိန်မှာ ကိုယ်က နှစ်ဘာသာ မဖြေပဲ ကျန်ခဲ့တာကို ဆက်ဖြေနေရတာရယ် သားငယ်လေး မွေးဖွားတာနဲ့ အလုပ်တွေ ရှုပ်ရင်း အဆက်အသွယ်တွေ ပြတ်နေခဲ့တယ်။ နောက် သားငယ်လေး မွေးတဲ့ အချိန်မှာ သူ အိမ်လာလည်တယ်။ သားလေးတွက် လက်ဆောင်လေး ပါလာခဲ့တယ်။ နောက်ဆုံးတခါက သူနဲ့ အိမ်က အမျိူးသားနဲ့ တင်ဒါတခုမှာ အတူတူတွေ့လို့ ဖုန်းနံပါတ်ရပြီး ဖုန်းတခါဆက်တယ်။ သူ အမေရိကားသွားဖို့ ကြိုးစားနေတယ်တဲ့။ သူ့သားလေးတွက် သူလုပ်ချင်တာတွေ ပြောတယ်။ နောက်ပိုင်း သူလည်း သူ့အလုပ်မှာ မရှိတော့သလို ဘယ်ကို ရောက်သွားလဲ မသိတော့ဘူး။ သူငယ်ချင်းတွေဆီကနေလည်း သူ့အကြောင်း မကြားမိသလို အရိပ်အယောင်လေးတောင် မမြင်မိတော့ဘူး။

စိတ်မကောင်းဘူး ကွေး.... သူ့ ဘဝ ခရီးအစကိုလည်း ကိုယ်မသိခဲ့သလို သူဖြတ်သန်းလာခဲ့တဲ့ ခရီးတွေ ကြမ်းတမ်းသလား ချောမွေ့ခဲ့သလား ကိုယ်မသိခဲ့ဘူး။ သူ ဘာတွေ လုပ်နေသလဲ ကိုယ်မသိသလို သူ ဘယ်လိုလူစားလဲ ဆိုတာလည်း ကိုယ် သေချာ မသိခဲ့ပါဘူးလေ။ 

သေချာတာ တခုကတော့ အချိန်ပိုင်းလေး တခုမှာ သူ့ရဲ့ ပကတိစိတ်နှလုံးသားလေးနဲ့ ကိုယ့် နှလုံးသားတစုံ ထပ်တူကျလုနီးပါး နီးစပ်ရင်းနှီးခဲ့ကြတာ တကယ့်ကို အဖိုးတန်တဲ့ အချိန်လေးတခုတွက် ကိုယ် သူ့ကို ကျေးဇူးတင် ခင်မင်ရင်းနဲ့ သတိရနေမှာပါလေ။ 

ကောင်းမွန်ရာဘုံဘဝမှာ ငြိမ်းချမ်းစွာ စံစားပါလေ ကွေးရေ...
အချိန်လွန် နောက်ကျပြီးမှ သိခဲ့ရတဲ့အတွက် နောက်ဆုံးခရီးကိုတောင် လိုက်ပို့ခွင့်မရခဲ့တာကို နားလည် ခွင့်လွှတ်ပါလေ။

Comments

သူငယ်ချင်းက ဆုံးသွားတာလား။ စောလိုက်တာနော်။

Popular posts from this blog

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။

မြန်မာ့နိုင်ငံရေးသမိုင်းလေ့လာချက်၊ အမျိုးသားနေ့ပေါ်ပေါက်လာပုံ- (တင်နိုင်တိုး)

ြ မန်မာ့နိုင်ငံရေးသမိုင်း လေ့လာချက် အမျိုးသားနေ့ပေါ်ပေါက်လာပုံ တင်နိုင်တိုး နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်း လဆုတ် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ထားပါသည်။ ယင်းသို့ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့အား အမျိုးသားနေ့အဖြစ် အသိအမှတ်ပြုပါရန် အဆိုပြုခဲ့သူမှာ ဂျပ်ဆင်ကော်လိပ်ကျောင်းသားဟောင်း ကိုမြင့် ဆိုသူဖြစ်သည်။ ဂျီစီဘီအေ န၀မမြောက် ကွန်ဖရင့်၏ နောက်ဆက်တွဲအဖြစ် ၁၉၂၂ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့ ဂျူဗလီဟော (ယခုစစ်သမိုင်းပြတိုက်နေရာ) ၌ ဂျီစီဘီအေ အထူးကွန်ဖရင့်ကို ကျင်းပခဲ့ရာ ယင်းအစည်းအဝေးကြီးက အတည်ပြုပေးခဲ့ခြင်း ဖြစ်ပါသည်။ အမျိုးသားနေ့ သတ်မှတ်ရေး မန္တလေးမြို့တွင် ၁၉၂၁ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့၌ စတင်ကျင်းပခဲ့သည့် ဂျီစီဘီအေ န၀မမြောက်ကွန်ဖရင့်၏ စတုတ္ထနေ့ဖြစ်သော အောက်တိုဘာလ ၂၄ ရက်နေ့တွင် အမျိုးသားနေ့ သတ်မှတ်ရေးကိစ္စကို ဆွေးနွေးခဲ့ကြသည်။ ထိုနေ့ အစည်းအဝေး၏ သဘာပတိမှာ ဦးချစ်လှိုင်ဖြစ်ပြီး အမျိုးသားနေ့ သတ်မှတ်ရန် အဆိုသွင်းခဲ့သူမှာ ကန်ကြီးထောင့်မှ ဦးဘသော်ဆိုသူ ဖြစ်ပါသည်။ ဦးဘသော်က မြန်မာ တမျိုးသားလုံးအတွက် အရေးကြီးလှသော အမျိုးသားနေ့ဟူ၍ သတ်မှတ်သင့်ကြောင်း အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။ ဥ...

အမှတ်တရ...

၁၉၈၈-ခုနှစ်ရဲ့ မတ်လ ၁၁-ရက်နေ့... အဲဒီနေ့က ကြို့ကုန်းက ရန်ကုန် စက်မှုတက္ကသိုလ်ဝင်းထဲမှာ  စည်ကားနေကြတယ်လေ..။ စုပေါင်း သွေးလှူပွဲ ရှိတာကိုး။ ကျောင်းသူ ကျောင်းသားတွေလည်း စိတ်အားထက်သန်စွာ ကိုယ့်သွေးတွေကို ပေးလှူခဲ့ကြတယ်..။  (အဲဒီနေ့ သွေးလှူပွဲကတော့ ၀မ်းမြောက်စွာနဲ့ပေါ့...) ကျမလည်း သွေးလှူဖို့ ရည်စူးထားခဲ့လို့  အဲဒီ အလှူပွဲ ၀င်နွှဲခွင့်ကြုံခဲ့သေးပါတယ်.... အဲဒါ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်များတောင် ဖြစ်မလားမသိ...။ ပြီးတော့ သွေးလှူရှင်တံဆိပ်လေးတစ်ခုရယ်.. သွေးလှူမှတ်တမ်းကဒ်လေးရယ်.. ကြက်ဥပြုတ်လေး တစ်လုံးရတာတော့ မှတ်မိနေခဲ့တယ်...။ ပြီးတော့ အဲဒီ သွေးလှူရှင်တံဆိပ်ကလေးကို တစုံတယောက်ကို မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့လိုက်တယ်... အဲဒီနေ့က သူ့ မွေးနေ့ပါ.....။ သူ့မွေးနေ့မှာ ကိုယ်ရည်စူးလှူဖြစ်ခဲ့တဲ့ သွေးအလှူဟာ  လိုအပ်နေတဲ့ တစ်စုံတစ်ယောက်အတွက် အထောက်အကူဖြစ်ခဲ့ရင်.. သူရော ကိုယ့်အတွက်ပါ မွန်မြတ်တဲ့ အလှူဖြစ်စေဖို့ပါ...။ သွေးလှူပြီးပြီးချင်းပဲ  ရန်ကုန်ကနေ  မိဘတွေရှိတဲ့ ပဲခူးကို လိုင်းကားနဲ့ ပြန်လာတော့ ခေါင်းတွေ  တအားမူးနေလို့ မရပ်နိုင်ပဲ အတူလိုက်လာတဲ့ သူငယ်ချင်းရဲ့ လက်ကိ...