မနေ့ညနေ ကျောင်းက ပြန်လာတဲ့ သမီးငယ်က ထုံးစံအတိုင်း ကျောင်းက သူငယ်ချင်းတွေ အကြောင်း ဖောက်သည်ချသည်။ ပြီး သမီးသူငယ်ချင်းတွေက အတွင်းခံ အင်္ကျီတွေ ဝတ်နေကြတယ်ဆိုတဲ့ အကြောင်းပြောတယ်။ သူက အိုက်တတ်လွန်းလို့ အင်္ကျီတစ်ထပ်တည်းပဲ ဝတ်ချင်တဲ့သူ။ စိတ်ထဲ သတိထားမိပြီး သမီးငယ်ရဲ့ အသက်ကို ကမန်းကတန်း ပြန်တွက်မိ။ ဆယ်နှစ်ပြည့်ပြီးသွားတဲ့ သမီးငယ်က သေးသေးကွေးကွေးလေး။ အိမ်က အငယ်နှစ်ယောက်က သူတို့အတန်းထဲမှာ အသေးဆုံးလေးတွေဖြစ်နေကြတော့ မသိရင် အိမ်ကပဲ အာဟာရပြည့်စုံအောင် မကျွေးထားသလိုလို။ အစားအသောက်ကြေးများတဲ့ သူတွေမို့ ဟိုဟာမစားဘူး၊ ဒီဟာကတော့ဖြင့် အရသာမရှိဘူး၊ အသီးအရွက်မကြိုက်ဘူးဆိုပြီး အတင်းကျွေးရင် ညာတာပါတေးနဲ့ အမှိုက်ပုံးထဲ သွားပစ်ထားတတ်တဲ့ ကလေးတွေ။ ဘာလိုပဲပြောပြော ဆယ်နှစ်ကျော်လာပြီဆိုတော့ ဆယ်ကျော်သက်ထဲ ဝင်လာတော့မယ့် သမီးငယ်တွက် ကိုယ်ဘာတွေ ပြင်ဆင်ရမလဲဆိုတာ ခေါင်းထဲ ရောက်လာခဲ့ပြီ။ သားကြီးကလည်း ဆယ့်ခုနစ်နှစ်ပြည့်ပြီးသွားဆိုပေမယ့် သူ့အဖေကိုပဲ ရှင်တို့ သားအဖအချင်းချင်း တိုးတိုးတိတ်တိတ် ပြောဆိုဆုံးမထားလို့ ပြောပေမယ့် သူ့အဖေကတော့ အေးအေးဆေးဆေး လုပ်နေတာပါပဲ။ အင်း... သမီးကတော့ အမေ့တာဝန်ပေါ့။ ဆယ်နှစ်ကျော်ရင် ခန္ဓာကိုယ...
TRANQUILITY, CALM & PEACEFUL CORNER FOR ME!!