Skip to main content

Posts

Showing posts from December, 2014
၂၅.၁၂.၂၀၁၄  ဒီဇင်ဘာ.... ပြက္ခဒိန်တခုရဲ့ နောက်ဆုံးလ... နှစ်တနှစ်ကို နောက်ပြန်လှည့်ကြည့်ရင်း ရှေ့တနှစ်ကို ခရီးဆက်ဖို့ နောက်ဆုံးခြေလှမ်းတလှမ်း.....။ လွမ်းရသားပဲ ဒီဇင်ဘာရယ်... ဘာရယ်မဟုတ်... ပွင့်လင်းတဲ့ရာသီ... ခရီးအသွားအလာများတဲ့ ရာသီ... သူများတွေကို ကြည့်ရင်း ကိုယ်တွေလည်း ဘာလုပ်ရကောင်းမလဲ ယောက်ယက်ခတ်တဲ့ ဒီရာသီလေ...။ ကိုယ် ပြန်မလှန်ဖြစ်တဲ့ ဘလော့ဂ်က သဇင်ကို အလွမ်းပြေ စာတွေ ပြန်ဖတ်ရတယ်။ သူငယ်ချင်း ခင်မမနဲ့ ရေးခဲ့တုန်းက စာလေးတွေ ပြန်ဖတ်မိတော့ အဲဒီအချိန်တုန်းက အကြည်ဓာတ်လေးတွေကို ပြန်ခံစားမိတယ်။ စာရေးကောင်းတဲ့ သူငယ်ချင်းစာကို ဖတ်ပြီး ရယ်မော ပြုံးရွှင်ရင်း အဲဒီ့အချိန်လေးကို သတိတရ လွမ်းမိတယ်။ ဘလော့ဂ်ပေါ်မှာ ကိုယ့်အကြောင်းတွေ သိပ်မသိတဲ့ မိတ်ဆွေတွေ လာဖတ်တာကို ရှက်ရကောင်းမှန်း မသိပေမယ့် ဖဘပေါ်မှာ ကိုယ်တွေအကြောင်း ကျောင်းက အကြောင်းသိတွေ သိကုန်တာတော့ (နဲနဲ မဟုတ်) များများ မျက်နှာပူမိတယ်။  ဒါပေမယ့် အသက်တွေလည်း ကြီးလာတော့ ရှက်လည်း (သူငယ်ချင်း ဘိတ်သူ လေသံနဲ့ဆို) မျက်ခွက်တော်တော်ပြောင်နေပြီ..... သူငယ်ချင်းရဲ့ အရေးအသား ခပ်သွက်သွက်ကို ကျောင်းက သူငယ်ချင်းတွေ သတိထားမိကုန်ကြတာ အရေးမဟုတ်.... သူက ဘလော့ဂ်လုပ်ထားတ