မောင်လူအေး လိုမျိုး ကိုယ့် ဇာတ်လိုက်ကို နံမယ်ပေးဖို့ စဉ်းစားနေတယ်။ ချစ်သူဘဝက ခေါ်တဲ့ နာမ်စားကို သုံးမလား။ မေလေး ဆိုတာက သိပ်နုနေသလိုပဲ။ ကိုယ်နဲ့ လိုက်ဖက်တယ် လို့ ဘယ်တုန်းကမှ မထင်မိ။ ချစ်သူဘဝတုန်းက အနုအရွမလုပ်တတ်တဲ့ သူက မနည်းစဉ်းစားပြီးု သုံးထားသည့် နာမ်စားမို့ အားနာနာနဲ့ လက်ခံထားရတာ။ တော်ကြာ ခေါင်းနောက်ပြီး နင်နဲ့ ငါနဲ့ဲပဲ အေးပါတယ်ဆို ရန်ဖြစ်စိတ်ကောက်ချိန်များတဲ့ သူတို့ချစ်သူဘဝ ရင်ခုန်စရာ အနုအရွ နာမ်စားလေးပါ မရှိပဲ ဖြစ်နေမစိုးလို့….။ ဒါဆို…မေလေးကို မကြိုက်ပြန်တော့ ပြောင်းပြန် လေးမေ ဆိုရင်ရော… စာရေးဆရာ ဦးသုမောင်က သူ့ချစ်ဇနီးကို လေးဘုံခေါ်သလား လေးမေခေါ်သလား…ဆရာမင်းလူရဲ့ မဟေသီနာမ်စားတခုလေးလား ရောထွေးသွားပြန်သည်။ နောက်တမျိုး စဉ်းစားစမ်းပါလေ…. ကိုယ့်ဘာသာ ဘလော့ဂါယောင်ယောင် စာရေးဖူးသူယောင်ယောင် လု နံမယ်ရှာရတာတော့ တော်တော်တော့ ခက်သားကလား။ နံမယ်ပေးကောင်းပုံတွေကတော့ ပြောမနေချင်တော့ပါဘူးလေ... ကိုယ့်သားသမီးတွေ နံမယ်တွေပဲ ကြည့်ဦး။ ပထမဦးဆုံး သားကြီးကျတော့ ကြာသပတေးသားမို့ " မိုး" သူ့ကို သွေးလှူပေးတဲ့ ဆရာဝန်ကြီးရဲ့ နံမယ် "ဟန်"၊ သူ့အဖေနံမယ် " ကျော်" ကို ယူပြီး မ...
TRANQUILITY, CALM & PEACEFUL CORNER FOR ME!!