Skip to main content

Posts

ပန်းကြာဝတ်မှုန်နှင့် ကျမ...

  အခုတလော ကျမလည်း ဟိုယောင်သည်ယောင်နဲ့...။ ဘလော့ဂ်တွေလည်း မလည်နိုင်... ကိုယ်လည်း နှစ်ကူးစရာ မရှိပေမယ့်  လုပ်စရာတွေကလည်း အများသား။ ကိုယ့်တာဝန်ဝတ္တရားတွေအပြင် ဘလော့ဂ်လည်ခြင်း စာအုပ်များဖတ်ခြင်းတွေကိုလည်း ကိုယ့်အိပ်ချိန် နားချိန်တွေထဲက ဖဲ့ယူနေရတာ... လူလည်း တော်တန်ရုံနဲ့တောင်  အားအင်ကုန်လွယ်နေပြန်ပါတယ်။ ပို့စ်အသစ်ကလည်း ဟိုဟာရေးရကောင်းနိုးနိုး သည်ဟာရေးရကောင်းနိုနိုးနဲ့...ဘာမှလည်း မရေးဖြစ်ပြန်... သူများတွေ စာတွေဖတ်ရတာတော့ တော်တော် အရသာ ရှိသား။ ဟိုတလောက အိမ်က ကလေးတွေ အဖေ ခရီးသွားတုန်း ကျမလည်း ကလေးတွေ ကျောင်းပို့ပြီး ဟိုဝင်သည်ပတ်နဲ့ လွတ်လပ်ရေးရနေတော့... ၀ယ်ဖြစ်ခဲ့တာတွေကလည်း...။ အင်း... စာအုပ်တွေချည်းပါပဲ။ အဲဒီထဲကမှ... ဆရာမ ခင်ခင်ထူးရဲ့ ပန်းကြာဝတ်မှုန်ဆိုတာကတော့   စာမျက်နှာ ခြောက်ရာနီးပါး ရှိတဲ့  လုံးချင်းဝတ္ထုရှည်ကြီးပါပဲ။ တကယ်တမ်း ကိုယ့်မှာ အဲဒီလောက် အချိန်တွေ အားမနေပေမယ့် ဆရာမရဲ့ အညာအခန်းဆက် လက်ရာတွေကို သဘောကျထားတော့ မန္တလေးတက္ကသိုလ်နောက်ခံ ၀တ္ထုဖြစ်နေတာရယ်နဲ့... ၀ယ်လာဖြစ်ခဲ့တယ်။  မြန်မာဝတ္ထုတွေကိုဆို တထိုင်တည်း ဖတ်တဲ့ အကျင့်ရှိတော့ အဲဒီဝတ္ထုကို ဖတ်ဖို့  တညတေ...

ဒေါက်တာ တိုးလှရေးသားသော.. အလောင်းမင်းတရားကြီး၏ ကုန်းဘောင်ရွှေပြည်

ဒီစာအုပ်ကိုတွေ.တော့ ဒေါင်းလုပ် လုပ်တာ မရတာနဲ့ embedded လုပ်ပြီး ဘလော့ဂ်မှာ တင်ထားလိုက်တာပါ.. အကုန်လုံး  အဆင်ပြေပါ့မလားတော့ မသိသေးပါ။ အဆင်မပြေခဲ့ရင်တော့ သည်ကိုသွားပါ ။ (အထူးသဖြင့် ကြယ်ပွင့်လေးအတွက်  ရည်ရွယ်ပါတယ်။) သည်စာအုပ်ကို တင်ထားပေးတဲ့သူကိုလည်း ကျေးဇူးတင်ပါတယ်.. http://www.scribd.com/people/view/2477651-michael-sun   ဒေါက်တာ တိုးလှ - အလောင်းမင်းတရားကြီး၏ ကုန်းဘောင်ရွှေပြည် Publish at Scribd or explore others: Health & Medicine ebook myanmar

အိုင်ဂူးဂဲလ်ကနေ စမ်းသပ် ပို့စ်တင်ခြင်း။

ဒီပို့စ်လေးကတော Blogger Post Gadget ကနေ စမ်းတင်ကြည့်တာပါ။ ရမယ်ဆိုရင်တော့ ဒါလည်း လမ်းတစ်သွယ်ဖြစ်လာလိမ့်မယ် ထင်တယ်.. ဒါကို ထပ် မပိတ်ခင်ထိပေါ့...။

အလိုရှိသည်..(ရေအိုးငတက်ပြား)

( အရင်ပုံသေးသွားလို့ နောက်ထပ်တင်လိုက်တာပါ။ မျက်စေ့စွံမှာစိုးလို့ တင်ထားတဲ့ ပုံအဟောင်းပြန်မဖြုတ်တာ  မဟုတ်ရပါ။  ဖြစ်သလို  တင်နေရတာကြောင့် ဘာကိုမှ modify လုပ်လို့မရလို့ပါ။ အဆင်မပြေမှုအတွက် တောင်းပန်ပါသည်။ တဆက်တည်းပဲ တချို့ မိတ်ဆွေတွေဆီကို ရောက်ဖြစ်နေပေမယ့်  ကွန်မန့် ဘယ်လိုမှ ရေးလို့မရတာရယ်၊ နောက်ထပ်လင့်ခ်တွေ ဘယ်လိုမှ ထည့်လို့မရဖြစ်နေတာရယ်ကို နားလည်ပေးဖို့ တောင်းပန်ပါတယ်ရှင်  tg )

သဇင်အမှတ်တရများ- တန်ဆောင်မုန်းလ ရေအိုး ငတက်ပြား ( ရေးသားသူ.. K- မမ)

တန်ဆောင်မုန်းလ ရေအိုးငတက်ပြား သိင်္ဂီရေ ဒီတခါတော့ သဇင်ရဲ့ ပညာသင်လေးနှစ်မှာ တစ်ကြိမ်တစ်ခါတည်းသာ ကျရောက်ခဲ့တဲ့ တန်ဆောင်မုန်းလ ကျီးမနိုးပွဲ (ငတက်ပြားနေ့) အကြောင်း ပြန်ပြောပြချင်ပါတယ်။ "နင်ကလည်း ငတက်ပြားသံသရာထဲက မထွက်ကို မထွက်နိုင်ဘူး" လို့ နင် ပြောရင်လဲ ခံရမှာပါပဲ။ ဟုတ်ပါတယ် ခိုးသားတွေများတဲ့ ဒီကာလမှာ ဟိုတချိန်တုန်းက မတရားသဖြင့်ကြီးပွားနေတဲ့ ဥစ္စာဓနတွေကို ခိုးယူပြီး ဆင်းရဲသားတွေကို ပြန်ဝေမျှခဲ့တဲ့ ငတက်ပြားကို မသိစိတ်က လွမ်းနေခဲ့လို့ ဖြစ်မှာပေါ့။ သူငယ်ချင်း သင်းနွယ်ဇင် က နင့်ရဲ့စိတ်ကူးယဉ် ကိုဖတ်ပြီး ငါ့ကို "ဆက်ပြီးစိတ်ကူးယဉ်လိုက်ပါလားတဲ့" လေ။ ငါ့ကို စိတ်ကူးယဉ်ခိုင်းရင်တော့ အခုချိန်မှာ ငတက်ပြား ဖြစ်ချင်တယ်။ ငတက်ပြားလို ပေါင်းစားပြီး ဖောင်းကားနေတဲ့ သူဌေးကြီးတွေအိမ်က အစားအသောက်တွေ မှိုမတက်ခင် အကျိုးရှိသွားအောင်၊ နေ့ခင်းမှာ မလိုအပ်ပဲ ထိန်ထိန်သာတဲ့ အလင်းတွေ အလဟဿ မဖြစ်အောင်၊ Model အောက်သွားတဲ့ အဝတ်တွေ အရှက်လုံရန် လိုအပ်သူတွေဆီရောက်အောင်၊ expired မဖြစ်ခင် ဆေးဝါးတွေ အသုံးချခွင့်ရအောင်၊ သော့ခတ်ထားတဲ့ အခန်းတွေ အိမ်တွေကို အမိုးအကာမဲ...

OUR GRACE!

HAPPY 5TH BIRTHDAY, GRACE!

အမှတ်တရ မွေးနေ့လေး ဖြစ်ပါစေ.. သမီးငယ်! ၂၀၀၄ -ခုနှစ် ဇန်န၀ါရီလ ၁၉-ရက်မှာ မွေးဖွားခဲ့တာမို့ အခုဆို ငါးနှစ်တောင် ရှိသွားခဲ့ပြီပေါ့ သမီးမေးနေကျ…မီးမီးငယ်ငယ်တုန်းက အကြောင်း ပြောပြလေဆိုတဲ့ အိပ်ယာဝင်ပုံပြင်လေးကို အခုမေမေ သမီးမွေးနေ့ အမှတ်တရအဖြစ် ပြောပြမယ်နော်.. သမီးကြီးလာတဲ့အခါ.. စာဖတ်တတ်တဲ့အခါကျရင် မေမေ သမီးကို မချစ်ဘူးလို့ သံသယ၀င်လာတဲ့အခါကျရင် သည်စာလေးက သမီးမေမေရဲ့ ခံစားချက်တချို့ကို ပြောပြပါလိမ့်မယ်… သမီးက မေမေတို့ ငါးယောက်မိသားစုထဲမှာ အငယ်ဆုံးလေး… ကိုကိုနှစ်ယောက်ပြီးမှ နောက်မှရောက်လာတဲ့ ရွှေဧည့်သည်လေးပေါ့။ ကိုကိုမိုးဟန်ကိုမွေးပြီးတဲ့နောက်တော့ နောက်ထပ်ရလာမယ့် ကလေးကို သမီးမိန်းကလေးပဲ ဖြစ်စေချင်ခဲ့တာ… ဒါပေမယ့် တောက်တောက်လို့ သမီးခေါ်တဲ့ သမီးကိုကိုလေး ရောက်လာတော့လည်း မိန်းကလေးမဖြစ်ခဲ့လို့ဆိုပြီး စိတ်မညစ်ခဲ့တာတော့ မိဘတွေရဲ့ မေတ္တာပဲ ဖြစ်မယ်ထင်တယ်နော်..။ ဒါ့အပြင် ရဲရဲတောက်လေး ၅-လသားအရွယ်မှာ သမီး မေမေ့ဗိုက်ထဲ စရောက်လာခဲ့တယ်..။ မေမေမယုံချင်လို့ သုံးလေးခါ လောက်သေချာအောင် အထပ်ထပ် စမ်းသပ်ခဲ့မိတယ်..။ ဟုတ်တယ်လေ… ကိုကိုနှစ်ယောက်စလုံးကို ဗိုက်ခွဲပြီး မွေးထားခဲ့တော့ နောက်ထပ်ကလေးတစ...