Skip to main content

ပန်းကြာဝတ်မှုန်နှင့် ကျမ...

 

အခုတလော ကျမလည်း ဟိုယောင်သည်ယောင်နဲ့...။ ဘလော့ဂ်တွေလည်း မလည်နိုင်... ကိုယ်လည်း နှစ်ကူးစရာ မရှိပေမယ့်  လုပ်စရာတွေကလည်း အများသား။ ကိုယ့်တာဝန်ဝတ္တရားတွေအပြင် ဘလော့ဂ်လည်ခြင်း စာအုပ်များဖတ်ခြင်းတွေကိုလည်း ကိုယ့်အိပ်ချိန် နားချိန်တွေထဲက ဖဲ့ယူနေရတာ... လူလည်း တော်တန်ရုံနဲ့တောင်  အားအင်ကုန်လွယ်နေပြန်ပါတယ်။

ပို့စ်အသစ်ကလည်း ဟိုဟာရေးရကောင်းနိုးနိုး သည်ဟာရေးရကောင်းနိုနိုးနဲ့...ဘာမှလည်း မရေးဖြစ်ပြန်... သူများတွေ စာတွေဖတ်ရတာတော့ တော်တော် အရသာ ရှိသား။ ဟိုတလောက အိမ်က ကလေးတွေ အဖေ ခရီးသွားတုန်း ကျမလည်း ကလေးတွေ ကျောင်းပို့ပြီး ဟိုဝင်သည်ပတ်နဲ့ လွတ်လပ်ရေးရနေတော့... ၀ယ်ဖြစ်ခဲ့တာတွေကလည်း...။ အင်း... စာအုပ်တွေချည်းပါပဲ။ အဲဒီထဲကမှ... ဆရာမ ခင်ခင်ထူးရဲ့ ပန်းကြာဝတ်မှုန်ဆိုတာကတော့   စာမျက်နှာ ခြောက်ရာနီးပါး ရှိတဲ့  လုံးချင်းဝတ္ထုရှည်ကြီးပါပဲ။ တကယ်တမ်း ကိုယ့်မှာ အဲဒီလောက် အချိန်တွေ အားမနေပေမယ့် ဆရာမရဲ့ အညာအခန်းဆက် လက်ရာတွေကို သဘောကျထားတော့ မန္တလေးတက္ကသိုလ်နောက်ခံ ၀တ္ထုဖြစ်နေတာရယ်နဲ့... ၀ယ်လာဖြစ်ခဲ့တယ်။ 

မြန်မာဝတ္ထုတွေကိုဆို တထိုင်တည်း ဖတ်တဲ့ အကျင့်ရှိတော့ အဲဒီဝတ္ထုကို ဖတ်ဖို့  တညတော့ အချိန်ပေးလိုက်ရတယ်... မီးမမှန်တဲ့ညတွေမို့ အင်ဗာတာမီးအကုန်... ယူပီအက်စ်ကမီးအကုန်... နောက်ဆုံးတော့ ဖယောင်းတိုင်မီးထွန်းပြီး ကြိုးစားပမ်းစား  ဖတ်ဖြစ်ခဲ့ပါတယ်။ စာရေးသူကိုယ်တိုင်က သည်စာကို အနှစ်နှစ်အလလ က  မျိုသိပ်ခဲ့ရပြီး တတ်စွမ်းသမျှ ဖန်တီးခဲ့ခြင်းဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ စာရေးသူတစ်ယောက်အတွက်တော့  ထွက်လာသမျှ စာလုံးလေးတွေဟာ ကမာကောင်ထဲက ပုလဲတွေပါပဲဆိုတာ ကျမ လေးစားစွာ နားလည်ပါတယ်။

တခါတလေကျတော့လည်း ကိုယ်မှန်းထားသလောက် မရတဲ့  အခါမျိုးတွေမှာ.... ရေချိန်မကိုက်ဘူးဆိုတာ ..ဒီလိုမျိုးများလားလို့ တွေးနေမိပြန်တယ်...။ ဆရာကြီး ဇ၀နရဲ့ ကောလိပ်ကျောင်းသားကို ပြန်ရှာရဦးမယ်.. တက္ကသိုလ်ဘုန်းနိုင်ရဲ့ ခိုင်လည်း ပြန်မဖတ်ဖြစ်တာ ကြာပြီ။ ဆရာငြိမ်းကျော်ရဲ့ စာအုပ်ဟောင်းလေးတွေလည်း  စာအုပ်ဘီရိုထဲကထုတ်ပြီး လေသလပ်ရဦးမယ်... လွယ်လွယ်ကူကူ လက်တကမ်းမှာပဲ ရှိနေတဲ့ အသည်းပန်းမှာ ဆူးတွေနဲ့ရယ် ကရော.. အရင်တုန်းကလို ဖတ်လို့ကောင်းဦးမှာပဲလား။ ကွယ်လွန်သွားရှာတဲ့ ဆရာမ၀င်းဝင်းလတ်ရဲ့ အချစ်၏ နောက်ဆက်တွဲ ကိုလည်း လွမ်းမိသေးတော့တယ်....။

Comments

ကျွန်တော်ကတော့ ၀တ္ထုကို တထိုင်တည်း မဖတ်တတ်ဘူး
ခွဲဖတ်ရတာပိုကြိုက်တယ် ဒါကြောင့်လဲ မှတ်မိတဲ့
ဝတ္ထုရှားတယ် အရမ်းရှည်ရင် မဖတ်ဖြစ်တော့ဘူး
အခုတော့ ဘလော့က ကဗျာတွေ ၀တ္ထုလေးတွေ
ဖတ်ရတာ ပိုနှစ်သက်တယ်
ရသစုံပေးလို့လေ
မီယာ said…
ဝတ္ထုတွေ ရရင် တထိုင်တည်း ဖတ်ရမှ... မီးမှန်ရင်တော့ ပိုအရသာရှိတာပေါ့လေ။ အသည်းပန်းမှာ ဆူးတွေနဲ့ရယ် ကို အရမ်းကြိုက်တဲ့ အန်တီ တစ်ယောက်ရှိတယ်.. သူဖတ်ခိုင်းလို့ ဖတ်ဖြစ်တာ။ အချစ်၏ နောက်ဆက်တွဲ ကိုတော့ အပြီးထိ မဖတ်လိုက်ရဘူး.. နောက်တခေါက် ရန်ကုန်ပြန်မှ ရှာဝယ်ဦးမယ်။
MANORHARY said…
စာအုပ်တစ်အုပ်ကိုတစ်ထိုင်တည်းထိုင်ဖတ်ရမှ
အရသာရှိတယ်လို့ထင်တတ်တာ...စာအုပ်တွေ
အကြောင်းတော့ထပ်တောင်မပြောရဲအောင်ပါပဲ
လို့..ပြောရမလိုဖြစ်နေတယ်...း)တက်ဘုန်းကြီး
လုပ်လိုက်တာလေ...း)
khin oo may said…
ဟိုတုံးက ဝတ်ထု အရမ်းဖတ်တယ်။ အခုဘလော့ အရမ်းဖတ်တယ်။
:P said…
စာအုပ်တွေကို ထမင်းမစား၊ရေမသောက်ပဲ တထိုင်တည်း ဖတ်ပစ်မိလို့ ဆက်တိုက်ရမယ့် အချိန်တစ်ခုထားပြီး ဖတ်ရပါတယ်..။ အသည်းပန်းမှာ ဆူးတွေနဲ့ရယ်က လုံးချင်းမတွေ့လို့ ပေဖူးလွှာစာအုပ်အဟောင်းတွေ တစ်ပုံလိုက်ကြီးချပြီး အခန်းဆက်ကို ဆက်တိုက်ပြန်ဖတ်ခဲ့ရတာ....။
အော်.. ဟော်... ပျောက်နေပါတယ်အောက်မေ့တာ ၀တ္ထုတွေနဲ့ငြိမ့်နေတာကိုး...။
ပန်းကြာဝတ်မှုံကောင်းလား မ… ကောင်းရင် အိမ်ကို မှာလိုက်ဦးမယ်… ဆရာမရဲ့ မအိမ်ကံကတော့ တကယ့် ဇာတ်ရှိန်တက်နေပြီ… ပြီးရင် လုံးချင်းထွက်မယ်ထင်တယ်… အဲဒီလို ၀တ္တုလေးနဲ့ ကွေးတဲ့ ဘ၀လေးလွမ်းလိုက်တာ… တရုတ်နှစ်ကူး ၄ ရက်က ဘယ်လိုကုန်လိုက်မှန်းကို မသိဘူး… ဘလော့ကြွေးတွေတောင် တော်တော်တင်နေပြီ…
ဇနိ said…
ပန်းကြာဝတ်မှုန်ဖတ်ချင်လိုက်တာ။ မဖတ်ဖူးပါ အမရေ။
နိနိ
Anonymous said…
ဟုတ်တယ် ဒေါ်ဒေါ်နိလိုပဲသားလည်း။ အားလုံးဖတ်ချင်တယ်။
Taungoo said…
ကျောက်မြောင်းဖက်နဲ့ နီးရင်တော့ သီတာလမ်းအလယ်ပိုင်းလောက်မှာ “အာရုဏ်ဦး” ဆိုတဲ့ စာအုပ်အငှားဆိုင်တစ်ဆိုင်ရှိတယ် အမ။ ဆိုင်ကြီးပဲ။
အဲဒီမှာ အတော်ကို စာအုပ်တွေစုံတယ်။ုံပြန်ဖတ်ချင်တဲ့စာအုပ်မျိုးဆို သွားမွှေလိုက်ရင် ဂွပ်ကနဲ တွေ့တာပဲ။ မတွေ့ရင်လည်း မေးကြည့်လို့ရတယ်။ ကျောက်မြောင်းသားတွေအတွက်တော့ စာကြည့်တိုက်တစ်ခုလိုပါပဲ။
Thant said…
စာအုပ်ဖတ်တာ ဘယ်လောက်ဝါသနာကြီးလဲဆိုရင် စာအုပ်ဆိုင်တောင် ဖွင့်လိုက်ရတဲ့အထိပဲး)
မိုးအေးအေးမှာ ကွေးပြီး စာအုပ်ဖတ်ခဲ့တဲ့အချိန်ကို ပြန်သတိရမိတယ် ။ အိပ်ဖို့မေ့ ၊ စားဖို့မေ့နဲ့ ။
အခုတော့ ....
အလုပ်လုပ်လဲ ဒီကွန်ပျူတာနဲ့ ၊ ဘလော့ဖတ်လဲ ဒီကွန်ပျူတာနဲ့ ၊ စာအုပ်ဖတ်လဲ ဒီကွန်ပျူတာနဲ့ ( e-books တွေပဲဖတ်ရတာကိုး......) ဟင်း........
PAUK said…
မသီဂီ င်္..
ပန်းကြာဝတ်မှုန်ကို အမျိုးတစ်ယောက်ဆီက တိုလာတယ်..
မဖတ်ရသေးဘူး...
မသီဂီ င်္ကိုလည်း ၂၅နေ့ကတည်းက...
သစ်တောကျောင်းမှာသွားမေးရတာ အမော..
အဆောင် ၁ရော...အဆောင်၂ပါ..
ကျောင်းဆင်းပွဲက ၂ရက်နေ့ဆို

Popular posts from this blog

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။

မြန်မာ့နိုင်ငံရေးသမိုင်းလေ့လာချက်၊ အမျိုးသားနေ့ပေါ်ပေါက်လာပုံ- (တင်နိုင်တိုး)

ြ မန်မာ့နိုင်ငံရေးသမိုင်း လေ့လာချက် အမျိုးသားနေ့ပေါ်ပေါက်လာပုံ တင်နိုင်တိုး နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်း လဆုတ် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ထားပါသည်။ ယင်းသို့ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့အား အမျိုးသားနေ့အဖြစ် အသိအမှတ်ပြုပါရန် အဆိုပြုခဲ့သူမှာ ဂျပ်ဆင်ကော်လိပ်ကျောင်းသားဟောင်း ကိုမြင့် ဆိုသူဖြစ်သည်။ ဂျီစီဘီအေ န၀မမြောက် ကွန်ဖရင့်၏ နောက်ဆက်တွဲအဖြစ် ၁၉၂၂ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့ ဂျူဗလီဟော (ယခုစစ်သမိုင်းပြတိုက်နေရာ) ၌ ဂျီစီဘီအေ အထူးကွန်ဖရင့်ကို ကျင်းပခဲ့ရာ ယင်းအစည်းအဝေးကြီးက အတည်ပြုပေးခဲ့ခြင်း ဖြစ်ပါသည်။ အမျိုးသားနေ့ သတ်မှတ်ရေး မန္တလေးမြို့တွင် ၁၉၂၁ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့၌ စတင်ကျင်းပခဲ့သည့် ဂျီစီဘီအေ န၀မမြောက်ကွန်ဖရင့်၏ စတုတ္ထနေ့ဖြစ်သော အောက်တိုဘာလ ၂၄ ရက်နေ့တွင် အမျိုးသားနေ့ သတ်မှတ်ရေးကိစ္စကို ဆွေးနွေးခဲ့ကြသည်။ ထိုနေ့ အစည်းအဝေး၏ သဘာပတိမှာ ဦးချစ်လှိုင်ဖြစ်ပြီး အမျိုးသားနေ့ သတ်မှတ်ရန် အဆိုသွင်းခဲ့သူမှာ ကန်ကြီးထောင့်မှ ဦးဘသော်ဆိုသူ ဖြစ်ပါသည်။ ဦးဘသော်က မြန်မာ တမျိုးသားလုံးအတွက် အရေးကြီးလှသော အမျိုးသားနေ့ဟူ၍ သတ်မှတ်သင့်ကြောင်း အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။ ဥ...

အမှတ်တရ...

၁၉၈၈-ခုနှစ်ရဲ့ မတ်လ ၁၁-ရက်နေ့... အဲဒီနေ့က ကြို့ကုန်းက ရန်ကုန် စက်မှုတက္ကသိုလ်ဝင်းထဲမှာ  စည်ကားနေကြတယ်လေ..။ စုပေါင်း သွေးလှူပွဲ ရှိတာကိုး။ ကျောင်းသူ ကျောင်းသားတွေလည်း စိတ်အားထက်သန်စွာ ကိုယ့်သွေးတွေကို ပေးလှူခဲ့ကြတယ်..။  (အဲဒီနေ့ သွေးလှူပွဲကတော့ ၀မ်းမြောက်စွာနဲ့ပေါ့...) ကျမလည်း သွေးလှူဖို့ ရည်စူးထားခဲ့လို့  အဲဒီ အလှူပွဲ ၀င်နွှဲခွင့်ကြုံခဲ့သေးပါတယ်.... အဲဒါ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်များတောင် ဖြစ်မလားမသိ...။ ပြီးတော့ သွေးလှူရှင်တံဆိပ်လေးတစ်ခုရယ်.. သွေးလှူမှတ်တမ်းကဒ်လေးရယ်.. ကြက်ဥပြုတ်လေး တစ်လုံးရတာတော့ မှတ်မိနေခဲ့တယ်...။ ပြီးတော့ အဲဒီ သွေးလှူရှင်တံဆိပ်ကလေးကို တစုံတယောက်ကို မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့လိုက်တယ်... အဲဒီနေ့က သူ့ မွေးနေ့ပါ.....။ သူ့မွေးနေ့မှာ ကိုယ်ရည်စူးလှူဖြစ်ခဲ့တဲ့ သွေးအလှူဟာ  လိုအပ်နေတဲ့ တစ်စုံတစ်ယောက်အတွက် အထောက်အကူဖြစ်ခဲ့ရင်.. သူရော ကိုယ့်အတွက်ပါ မွန်မြတ်တဲ့ အလှူဖြစ်စေဖို့ပါ...။ သွေးလှူပြီးပြီးချင်းပဲ  ရန်ကုန်ကနေ  မိဘတွေရှိတဲ့ ပဲခူးကို လိုင်းကားနဲ့ ပြန်လာတော့ ခေါင်းတွေ  တအားမူးနေလို့ မရပ်နိုင်ပဲ အတူလိုက်လာတဲ့ သူငယ်ချင်းရဲ့ လက်ကိ...