အခုတလော ကျမလည်း ဟိုယောင်သည်ယောင်နဲ့...။ ဘလော့ဂ်တွေလည်း မလည်နိုင်... ကိုယ်လည်း နှစ်ကူးစရာ မရှိပေမယ့် လုပ်စရာတွေကလည်း အများသား။ ကိုယ့်တာဝန်ဝတ္တရားတွေအပြင် ဘလော့ဂ်လည်ခြင်း စာအုပ်များဖတ်ခြင်းတွေကိုလည်း ကိုယ့်အိပ်ချိန် နားချိန်တွေထဲက ဖဲ့ယူနေရတာ... လူလည်း တော်တန်ရုံနဲ့တောင် အားအင်ကုန်လွယ်နေပြန်ပါတယ်။
ပို့စ်အသစ်ကလည်း ဟိုဟာရေးရကောင်းနိုးနိုး သည်ဟာရေးရကောင်းနိုနိုးနဲ့...ဘာမှလည်း မရေးဖြစ်ပြန်... သူများတွေ စာတွေဖတ်ရတာတော့ တော်တော် အရသာ ရှိသား။ ဟိုတလောက အိမ်က ကလေးတွေ အဖေ ခရီးသွားတုန်း ကျမလည်း ကလေးတွေ ကျောင်းပို့ပြီး ဟိုဝင်သည်ပတ်နဲ့ လွတ်လပ်ရေးရနေတော့... ၀ယ်ဖြစ်ခဲ့တာတွေကလည်း...။ အင်း... စာအုပ်တွေချည်းပါပဲ။ အဲဒီထဲကမှ... ဆရာမ ခင်ခင်ထူးရဲ့ ပန်းကြာဝတ်မှုန်ဆိုတာကတော့ စာမျက်နှာ ခြောက်ရာနီးပါး ရှိတဲ့ လုံးချင်းဝတ္ထုရှည်ကြီးပါပဲ။ တကယ်တမ်း ကိုယ့်မှာ အဲဒီလောက် အချိန်တွေ အားမနေပေမယ့် ဆရာမရဲ့ အညာအခန်းဆက် လက်ရာတွေကို သဘောကျထားတော့ မန္တလေးတက္ကသိုလ်နောက်ခံ ၀တ္ထုဖြစ်နေတာရယ်နဲ့... ၀ယ်လာဖြစ်ခဲ့တယ်။
မြန်မာဝတ္ထုတွေကိုဆို တထိုင်တည်း ဖတ်တဲ့ အကျင့်ရှိတော့ အဲဒီဝတ္ထုကို ဖတ်ဖို့ တညတော့ အချိန်ပေးလိုက်ရတယ်... မီးမမှန်တဲ့ညတွေမို့ အင်ဗာတာမီးအကုန်... ယူပီအက်စ်ကမီးအကုန်... နောက်ဆုံးတော့ ဖယောင်းတိုင်မီးထွန်းပြီး ကြိုးစားပမ်းစား ဖတ်ဖြစ်ခဲ့ပါတယ်။ စာရေးသူကိုယ်တိုင်က သည်စာကို အနှစ်နှစ်အလလ က မျိုသိပ်ခဲ့ရပြီး တတ်စွမ်းသမျှ ဖန်တီးခဲ့ခြင်းဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ စာရေးသူတစ်ယောက်အတွက်တော့ ထွက်လာသမျှ စာလုံးလေးတွေဟာ ကမာကောင်ထဲက ပုလဲတွေပါပဲဆိုတာ ကျမ လေးစားစွာ နားလည်ပါတယ်။
တခါတလေကျတော့လည်း ကိုယ်မှန်းထားသလောက် မရတဲ့ အခါမျိုးတွေမှာ.... ရေချိန်မကိုက်ဘူးဆိုတာ ..ဒီလိုမျိုးများလားလို့ တွေးနေမိပြန်တယ်...။ ဆရာကြီး ဇ၀နရဲ့ ကောလိပ်ကျောင်းသားကို ပြန်ရှာရဦးမယ်.. တက္ကသိုလ်ဘုန်းနိုင်ရဲ့ ခိုင်လည်း ပြန်မဖတ်ဖြစ်တာ ကြာပြီ။ ဆရာငြိမ်းကျော်ရဲ့ စာအုပ်ဟောင်းလေးတွေလည်း စာအုပ်ဘီရိုထဲကထုတ်ပြီး လေသလပ်ရဦးမယ်... လွယ်လွယ်ကူကူ လက်တကမ်းမှာပဲ ရှိနေတဲ့ အသည်းပန်းမှာ ဆူးတွေနဲ့ရယ် ကရော.. အရင်တုန်းကလို ဖတ်လို့ကောင်းဦးမှာပဲလား။ ကွယ်လွန်သွားရှာတဲ့ ဆရာမ၀င်းဝင်းလတ်ရဲ့ အချစ်၏ နောက်ဆက်တွဲ ကိုလည်း လွမ်းမိသေးတော့တယ်....။
Comments
ခွဲဖတ်ရတာပိုကြိုက်တယ် ဒါကြောင့်လဲ မှတ်မိတဲ့
ဝတ္ထုရှားတယ် အရမ်းရှည်ရင် မဖတ်ဖြစ်တော့ဘူး
အခုတော့ ဘလော့က ကဗျာတွေ ၀တ္ထုလေးတွေ
ဖတ်ရတာ ပိုနှစ်သက်တယ်
ရသစုံပေးလို့လေ
အရသာရှိတယ်လို့ထင်တတ်တာ...စာအုပ်တွေ
အကြောင်းတော့ထပ်တောင်မပြောရဲအောင်ပါပဲ
လို့..ပြောရမလိုဖြစ်နေတယ်...း)တက်ဘုန်းကြီး
လုပ်လိုက်တာလေ...း)
နိနိ
အဲဒီမှာ အတော်ကို စာအုပ်တွေစုံတယ်။ုံပြန်ဖတ်ချင်တဲ့စာအုပ်မျိုးဆို သွားမွှေလိုက်ရင် ဂွပ်ကနဲ တွေ့တာပဲ။ မတွေ့ရင်လည်း မေးကြည့်လို့ရတယ်။ ကျောက်မြောင်းသားတွေအတွက်တော့ စာကြည့်တိုက်တစ်ခုလိုပါပဲ။
မိုးအေးအေးမှာ ကွေးပြီး စာအုပ်ဖတ်ခဲ့တဲ့အချိန်ကို ပြန်သတိရမိတယ် ။ အိပ်ဖို့မေ့ ၊ စားဖို့မေ့နဲ့ ။
အခုတော့ ....
အလုပ်လုပ်လဲ ဒီကွန်ပျူတာနဲ့ ၊ ဘလော့ဖတ်လဲ ဒီကွန်ပျူတာနဲ့ ၊ စာအုပ်ဖတ်လဲ ဒီကွန်ပျူတာနဲ့ ( e-books တွေပဲဖတ်ရတာကိုး......) ဟင်း........
ပန်းကြာဝတ်မှုန်ကို အမျိုးတစ်ယောက်ဆီက တိုလာတယ်..
မဖတ်ရသေးဘူး...
မသီဂီ င်္ကိုလည်း ၂၅နေ့ကတည်းက...
သစ်တောကျောင်းမှာသွားမေးရတာ အမော..
အဆောင် ၁ရော...အဆောင်၂ပါ..
ကျောင်းဆင်းပွဲက ၂ရက်နေ့ဆို