Skip to main content

Posts

Showing posts from April, 2009

ပြဿနာ တခု အရင်းပြုလို့...

အင်း.. ပြဿနာများကတော့ နေရင်းထိုင်ရင်းကို ၀င်လာတတ်တာပဲကိုး...  ရုံးက ဘတ်စ်ကားဂိတ်နားမှာရှိတော့ ကားတွေအမောင်းကြမ်းလို့  ကလေးတွေကို အမြဲ ကရုစိုက်နေခဲ့ရတာ...  ခုနလေးတင် ကားတိုက်သံကြားလို့  လမ်းဖြတ်ကူးတဲ့  လူတွေ ဘာတွေများ ဘာဖြစ်ပါလိမ့် ထွက်ကြည့်မိတော့  ရုံးရှေ့မှာ ရပ်ထားတဲ့ ကျမတို့ ကားလေးက တခြမ်းပိန်... ။ သူ့ကို နမ်းနေတဲ့ကားက ရုံးကို ဆန်လာပို့တဲ့ ကား...။  ဖြစ်ပုံကတော့ ဘတ်စ်ကားမှတ်တိုင်ကို ၀င်လာတဲ့ ၅၁ ကားကြီး က လမ်းဘေးမှာ ရပ်ရင်း ဆန်အတင်အချလုပ်နေတဲ့ ကားကို ၀င်တိုက်သွားတာပါ...။ အဲဒီဆန်ကားက ကျမတို့ ကားကို  ကားကြီးတိုက်တဲ့ အရှိန်ရယ်.. သူ့ကားပေါ်မှာ တင်ထားတဲ့ ဆန်အိတ်အလေးချိန်တွေရယ် ပေါင်းပြီး ၀င်ဆောင့်လိုက်တာ ကျမတို့  ကားက အထိအနာဆုံး... :(  ဘာပဲဖြစ်ဖြစ် လူတွေ အထိအခိုက်မရှိလို့ တော်ပါသေးရဲ့။ လမ်းသွားလမ်းလာတွေ အဲဒီကြားထဲ ရောက်မလာတာလည်း ကံကောင်းလို့နော်..။ ကိုယ်တွေများ အပြင်ထွက်ဖို့ ကားပေါ်အတက်ဆိုရင်လည်း.. အဲဒီနေရာက ကျမထိုင်တဲ့ နေရာတည့်တည့်။ အဲဒီလိုင်းကားတွေကလည်း အရမ်းအရမ်းကို မောင်းတာ.. ကြီးနိုင်ငယ်ညှင်းဆိုတာ  လူတွေသာမဟုတ်ဘူး ကားတွေလည်း အဲဒီလိုပါပဲ...အင်း.. ဒါကလည်း ကားကိုထိန်းချုပ်နေတာက လူ ဖြစ

တွေ့ဖူးချင်တဲ့... ၁၀- ယောက်..

တွေ့ဖူးချင်တဲ့ လူ ဆယ်ယောက်တဲ့... မနော် ရဲ့ တက်ဂ်ပို့စ်ပါတဲ့... မနော်တွေ့ဖူးချင်တဲ့ သူထဲမှာ ပါခဲ့လို့ရယ် ဆက်ပြီး တက်ဂ်တဲ့ အတွက်ရယ် ၀မ်းသာအားရနဲ့ မရေးဖြစ်တာကြာတဲ့ ဘလော့ဂ်လေးကို ဖုန်ခါပြီး ပြန်ရေးလိုက်ပါတယ်နော်... လောလောဆယ် ကျမ ကျင်လည်နေတဲ့  ဘလော့ဂ်လောကထဲမှာကို တွေ့ချင်တဲ့သူတွေ အတော်များနေလို့ ဆယ်ယောက်ကို မနည်း ဖြစ်ညှစ်ရွေးချယ်လိုက်ရပါတယ်...။ (၁) လက်ဆင့်ကမ်းလိုက်တဲ့ မနော် ကိုပဲ ထိပ်ဆုံးမှာ ထားလိုက်ပါတယ်...။  လူသိများတဲ့ စာရေးဆရာမ ဆိုတော့ စာအုပ်စာပေတွေနဲ့ သိပ်မဝေးလှတဲ့ ကျမအဖို့ ကလောင်လှလှနဲ့ စာရေးဆရာမ ချောချောလေးပါလားလို့ သတိထားမိခဲ့တာပါ။ နောက် မနော် ဘလော့ဂ်စလုပ်ဖြစ်ကတည်းက ပုံမှန် သွားဖတ်ရင်း အရင်ကထက် ပိုကျွမ်းဝင် ရင်းနှီးလာသလိုပဲ။ ဒါကလည်း ၀တ္ထုတွေ ကဗျာတွေကတော့  အနုပညာမြောက်တဲ့ ဖန်တီးမှုတွေပေါ့။ ဘလော့ဂ်ဆိုတာကတော့ သူ့အကြောင်း  ကိုယ့်အကြောင်း  ကိုယ်တိုင်ရေးထားတာဆိုတော့  ကိုယ်တိုင်ကိုယ်ကျ စကားပြောနေရသလို ခံစားရလို့ ပိုရင်းနှီးမြန်တယ်လို့ ထင်ပါတယ်..။ ကဗျာတွေ စာတွေ သဘောကျလို့ အပြင်မှာ တွေ့ဖူးချင်ပါတယ်...။  (၂) အရင်ကတည်းက ကြားဖူးနားဝ ရှိခဲ့ပြီး သူဘလော့ဂ်လုပ်ကတည်းက နေ့တိုင်း ဘယ်အချိန် များပို့

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။

ဟိုရောက်သည်ရောက် သင်္ကြန်အတွေးများ...။

သင်္ကြန်နီးလာပြီ...။ ကလေးတွေကတော့ ရက်ချိုးရေတွက်ရင်း စောင့်မျှော်နေပြီ။ ဒါကတော့ ကျမတို့ ငယ်ငယ်တုန်းကလိုပါပဲ.. နောက်တော့လည်း သူများပျော်တာတွေကို ငေးကြည့်ရင်း ညနေဖက်မှ အိမ်ရှေ့မှာ ရေပုံးချ.. လာသမျှ ခွေးရော ကြောင်ရောမကျန် ရေတွေလှမ်းပက်.. ပြီး အိမ်နီချင်းချင်း ရေတွေပြန်ပက်ကြရင်း ထပ်တိုးလာမယ့် သင်္ကြန်တခုပဲ ဖြစ်နေမှာပါ...။ သင်္ကြန်ဆို အင်းယားလမ်းထဲက မဖြတ်ဖြစ်ဖို့ သတိထာြး ဖစ်ရင်းနဲ့ကို ဖြတ်ဖြစ်နေကျ...။ ရေပက်ခံ သင်္ကြန်ကားတွေ ကြားမှာ ရေထိမခံပဲ တံခါးအလုံပိတ် ချွေးတွေအောင်းရင်း ဒုက္ခခံဖြစ်ခဲ့တာကလည်း နှစ်တိုင်းလိုပါပဲ...။ ကိုယ်တိုင်က သင်္ကြန်မှာ ပျော်လေ့ မရှိတော့ သင်္ကြန်ဆိုတာအတွက် အင်တိုက်အားတိုက် သိပ်မရှိတတ်ခဲ့ဘူးလေ..။ ဒါကတော့ သင်္ကြန်နဲ့ ပတ်သက်လို့လည်း တချို့သော တချို့သူတွေလို ဇာတ်လမ်း မှတ်တမ်းလှလှလေးတွေလည်း မပိုင်ဆိုင်ဖူးခဲ့သလို မေ့ထားချင်စရာ အတိတ်ဟောင်းတွေလည်း မရှိခဲ့လို့ ဖြစ်မယ်ထင်တယ်။ : P ကျမ မိဘတွေက သင်္ကြန်ဖူးစာဆိုတော့ သင်္ကြန်ရောက်တိုင်း ဖေဖေက မေမေ့ကို သင်္ကြန်ရေလောင်းလေ့ရှိတယ်..။ မေမေကလည်း စိတ်ဆိုးသလို ပြုံးတုံ့တုံ့လုပ်ရင်း အတိတ်ကို ပြန်အောက်မေ့ တနှစ်လုံး မတည့်ခဲ့သမျှ သင်ပုန်းချေဖြစ်နေသလားတော့ မသိနို

ဝါသနာလေးတွေ ဆိုလို့....

ဝါသနာ.....တဲ့...။ ညီမငယ် တန်ခူး  (လေနူအေး) က သတိတရ Tag လာပါတယ်...။ ကျမ နားလည်တဲ့ ၀ါသနာဆိုတာကတော့ ကိုယ်စိတ်ဝင်တစားနဲ့ ပျော်ရွှင်ကျေနပ်စွာ ကိုယ့်ရဲ့ အချိန်တွေကို နှစ်နှစ်သက်သက် ကုန်ဆုံးစေတာမျိုးလို့ ထင်ပါတယ်..။ လူအမျိုးမျိုး ၀ါသနာ အမျိုးမျိုးပေါ့..။ အချိန်ကာလတွေ ပြောင်းလာတာနဲ့ အမျှ ၀ါသနာတွေလည်း ပြောင်းလဲသွားနိုင်သလို တချို့တလေကလည်း အခြေအနေမပေးသေးရင်တောင် တနေရာမှာ ငုပ်လျှိုးနေတတ်တာမျိုးလို့ ထင်ပါတယ်...။ ကျမကို “ဘာ ၀ါသနာပါ ပါသလဲ၊ တခုထဲ ဖြေ” လို့ ပြောလာခဲ့ရင်တော့ မဆိုင်းမတွ ဖြေမိမှာကတော့ စာဖတ်ခြင်းပါပဲ...။ စာရေးစာဖတ်ခြင်းက တွဲနေတာပေမယ့် စာဖတ်ဖြစ်တိုင်းလည်း စာမရေးဖြစ်ပါဘူး။ ဒီတော့ ကျမအတွက် စာဖတ်နေရတာကိုက စိတ်အပန်းဖြေစရာ  အနားယူ အားသစ်တွေ မွေးယူဖို့အတွက် မရှိမဖြစ် ၀ါသနာ... စာရေးတာကတော့ စိတ်ရဲ့ ထွက်ပေါက်၊ ရင်ထဲ တင်းကျပ်တာတွေ.. ကိုယ့်အတွက် သင်ခန်းစာအဖြစ် မှတ်ထားချင်တာလေးတွေ၊ အမှတ်တရ သိမ်းဆည်းထားချင်တာလေးတွေကို စာရေးဖြစ်ခဲ့ပါတယ်..။ ဘလော့ဂ်မလုပ်ခင်အထိတော့ ဝေမျှဖို့အတွက် မဟုတ်ပဲ ကိုယ်ဖတ်ဖို့အတွက်ပဲ ရေးဖြစ်ခဲ့တာပါ...။... အားတာနဲ့ (အချိန်မရွေး၊ နေရာမရွေးပဲ) ကောက်ကိုင်ဖြစ်တာက စာအုပ်ပါပဲ... ဒီ