ခုချိန်ဟာ ဘဝမှာ အကြပ်တည်းဆုံး အပင်ပန်း အခက်ခဲဆုံးကာလကို ဖြတ်ကျော်နေကြရတဲ့ အချိန် ထင်ပါရဲ့.... သူများတွေရဲ့ အနာတရတွေဟာ ဆိုးဝါးလွန်းလို့ ကိုယ့်အနာကို ကြိတ်ခံရင်း စုတ်သပ်ရမှာတောင် အားနာလွန်းလှ.... ရုပ်နာမ် နှစ်ပါး၊ ခန္ဓာငါးပါးသာ ရှိတဲ့ ဒီလောကကြီးဟာ ပင်ပန်းစရာတွေချည်းပဲပါလား။ လောကီ နဲ့ လောကုတ္တရာ ပါးပါးလေးကြား နှလုံးမသွင်းနိုင်လို့ စိတ်တွေဟာ ချုံးချုံးကျ ပူလောင်လို့။ လူကြီးတွေဟာ ကောင်းကောင်းညာတတ်ကြတယ်။ သူတို့ ဘဝတသက်လုံး သင်ကြားမှတ်သားထားခဲ့တဲ့ သညာတွေအားကိုး၊ သံသရာအဆက်ဆက် စုဆောင်းခဲ့တဲ့ အကုသိုလ် ကလိမ်ကကျစ်တွေ အားကိုးနဲ့ ကောင်းကောင်းကို ညာတတ်ခဲ့ကြတာပဲ။ စက်ဆုပ်ရွံရှာစရာကောင်းလောက်အောင်၊ သိက္ခာမဲ့ စုတ်ပြတ်သတ်သွားအောင်... ပြီး အရှိန်တငြီးငြီးနဲ့ သူကိုယ်တိုင်လောင်မြှိုက်ရင်း ဘေးပတ်ဝန်းကျင်ကိုပါ ကူးစက်ပြာချလိုက်ဖို့ ဝန်မလေးလောက်အောင်လည်း စိတ်ဓာတ်တွေဟာ အောက်တန်းကျလှ... တဘဝစာလေးကို အဲဒီလောက်တောင် လုပ်ရက်ကြတယ်လို့ မင်တက်ရင်နာကြရင်း ငါတို့ဟာ နာနာကျင်ကျင် ကြေကြေကွဲကွဲ .. ခေါင်းအစ ခြေအဆုံး တဆင့်ပြီး တဆင့် တရစ်ပြီး တရစ် နစ်သထက် နစ်လို့.... ငါ၊ သူတပါး၊ ယောကျာ်း, မိန်းမ မရှိဘူးလို့ နှလုံး...