ခုချိန်ဟာ ဘဝမှာ အကြပ်တည်းဆုံး အပင်ပန်း အခက်ခဲဆုံးကာလကို ဖြတ်ကျော်နေကြရတဲ့ အချိန် ထင်ပါရဲ့.... သူများတွေရဲ့ အနာတရတွေဟာ ဆိုးဝါးလွန်းလို့ ကိုယ့်အနာကို ကြိတ်ခံရင်း စုတ်သပ်ရမှာတောင် အားနာလွန်းလှ.... ရုပ်နာမ် နှစ်ပါး၊ ခန္ဓာငါးပါးသာ ရှိတဲ့ ဒီလောကကြီးဟာ ပင်ပန်းစရာတွေချည်းပဲပါလား။ လောကီ နဲ့ လောကုတ္တရာ ပါးပါးလေးကြား နှလုံးမသွင်းနိုင်လို့ စိတ်တွေဟာ ချုံးချုံးကျ ပူလောင်လို့။
လူကြီးတွေဟာ ကောင်းကောင်းညာတတ်ကြတယ်။ သူတို့ ဘဝတသက်လုံး သင်ကြားမှတ်သားထားခဲ့တဲ့ သညာတွေအားကိုး၊ သံသရာအဆက်ဆက် စုဆောင်းခဲ့တဲ့ အကုသိုလ် ကလိမ်ကကျစ်တွေ အားကိုးနဲ့ ကောင်းကောင်းကို ညာတတ်ခဲ့ကြတာပဲ။ စက်ဆုပ်ရွံရှာစရာကောင်းလောက်အောင်၊ သိက္ခာမဲ့ စုတ်ပြတ်သတ်သွားအောင်... ပြီး အရှိန်တငြီးငြီးနဲ့ သူကိုယ်တိုင်လောင်မြှိုက်ရင်း ဘေးပတ်ဝန်းကျင်ကိုပါ ကူးစက်ပြာချလိုက်ဖို့ ဝန်မလေးလောက်အောင်လည်း စိတ်ဓာတ်တွေဟာ အောက်တန်းကျလှ...
တဘဝစာလေးကို အဲဒီလောက်တောင် လုပ်ရက်ကြတယ်လို့ မင်တက်ရင်နာကြရင်း ငါတို့ဟာ နာနာကျင်ကျင် ကြေကြေကွဲကွဲ .. ခေါင်းအစ ခြေအဆုံး တဆင့်ပြီး တဆင့် တရစ်ပြီး တရစ် နစ်သထက် နစ်လို့....
ငါ၊ သူတပါး၊ ယောကျာ်း, မိန်းမ မရှိဘူးလို့ နှလုံးသွင်းနိုင်အောင် ကြိုးစားရင်း တဘဝစာအတွက်နဲ့ သံသရာအဆက်ဆက် မိုက်တွင်းကို အဝိစိအောက်ရောက်အောင် တူးဆွနေတဲ့ ငမိုက်သားတွေကို ကရုဏာထက် မုန်းတီးနာကျည်းမှုတွေဟာ တကိုယ်လုံး လောင်မြှိုက်လို့နေ....ငါ ဘယ်လို ဖြေလို့ရပါ့မလဲ..
တရားအားထုတ်တဲ့အခါ ဒုက္ခဝေဒနာ ပြင်းထန်လာရင် ခွာရှုဖို့ ဆရာတွေညွှန်ပြလေ့ရှိကြတယ် မဟုတ်လား...
ငါ၊ ငါ့ဟာကို စွဲနေတော့ ပိုပင်ပန်းရတယ်။ ဆုပ်ကိုင်ထားတော့ ပိုခံရတယ်၊ အခုလည်း ခွာကြည့်ရတော့မဲ့ အခြေအနေရောက်လာခဲ့ပြီ။ ဒီထဲမှာ စုံးစုံးမြှုပ်ထားရင်း ငါဟာ ဒီလိုပဲ အလဟဿ ကုန်ဆုံးသွားရတော့မှာလား...ရုန်းထွက်ဖို့ မေ့ပစ်ဖို့ မဟုတ်ဘူး...အညစ်အကြေးတွေ နွံတောထဲ မဆင်းပဲ ဘယ်လို ထွက်ပေါက်ရှာနိုင်မလဲ စဉ်းစားကြည့်ချင်သေးတယ်။
( ရေငုံနှုတ်ပိတ်၊ တိတ်တိတ်လေး နေနေရတဲ့ ကာလတွေ)
ဘဝမှာ အခက်ခဲဆုံး အချိန်တွေကို ကျော်ဖြတ်နေရသလိုပါပဲ.... အားလုံးက ခက်ခဲနေကြတဲ့ကြားထဲ ကိုယ်က ထူးပြီး ခက်ခဲနေတာတော့ မဟုတ်ဘူးပေါ့.....ပတ်ဝန်းကျင်လိုက်ကြီး ခက်ခဲကြပ်တည်းနေကြတာ....အစစ အရာရာပေါ့လေ... ကိုယ်လည်း စိတ်ထဲ အဆင်ပြေမနေဘူး.... နေရတာလည်း လဟုတာ၊ မုဒုတာ ဖြစ်မနေဘူး... အရင်ကလို စိတ်ထဲရှိသမျှ ရေးချနိုင်တဲ့ blog ခေတ်ကို ပြန်လွမ်းလို့ ပြန်လာခဲ့တယ် ဆိုပါေတာ့.... မနေ့...အဲ...ဟို တနေ့လောက်က စပြီး Netflix က ကိုးရီးယားဇာတ်လမ်းတွဲ တခု ကြည့်ဖြစ်တယ်.... ပုံမှန်ဆို တညထဲနဲ့ အကုန်ကြည့်တတ်ပေမဲ့...အဲဒီ့ကားလေးကိုတော့ နားနားပြီး ကြည့်ရတယ်... ပြောရမယ်ဆိုရင် စိတ်ကို ဘယ်နားထားရမှန်းမသိလို့ အချိန်ဖြုန်းနေတဲ့ သဘောပါပဲ... ကိုယ်က ငယ်ငယ်ကတည်းက တက္ကသိုလ်ဘုန်းနိုင် ရဲ့ စာအုပ်တွေဖတ်ပြီး စိတ်ပညာကို စိတ်ဝင်စားလို့ တက္ကသိုလ်ဝင်ခွင့်တင်တော့ ကိုယ်တိုင်မတင်လိုက်ရဘူး...ဖေဖေပဲ တင်ပေးတာထင်ရဲ့... ပထမ၊ ဒုတိယ၊ တတိယ ဦးစားပေးတွေက သိတဲ့အတိုင်း ဆေး၊ စက်မှုု အီကို၊ ပြီးရင် စိတ်ပညာ လို့ လျှောက်ထားဖြစ်ခဲ့တယ်... အခု အမှတ်တမဲ့ ကြည့်မိတဲ့ ကိုရီးယားကားလေးက တက္ကသိုလ်ဆေးရုံတခု ရဲ့ စိတ်ကျန်းမာရေး unit တခုက သူနာပြုဆရာမလေးကို အခြေခံတဲ့ ဇာတ်လမ်
Comments