အစွဲအလမ်းတခုကို ပြတ်တောက်သွားဖို့ ဒါမှမဟုတ် ဖြတ်တောက်ပစ်လိုက်ဖို့ အချိန် ဘယ်လောက်လောက် ယူရသလဲ။ စိတ်ကို ပြင်ဆင်ဖို့ နေသားကျဖို့ လက်ခံလိုက်ဖို့အတွက် လိုတဲ့ အချိန်လား။
ကိုယ့်ဘဝမှာ စွဲစွဲလမ်းလမ်းရှိခဲ့တဲ့ အရာတခုဆိုရင် ကော်ဖီပဲ ဖြစ်ပါလိမ့်မယ်။
ကိုယ် သိတတ်စ အရွယ်က စပြီး ကော်ဖီဟာ နံနက်စာထဲ မဖြစ်မနေ ပါခဲ့တာပဲ။ ကော်ဖီမကြိုက်တဲ့ မေမေ့သမီးပေမဲ့ ကော်ဖီကြိုက်တဲ့ မားမားလာရင်တော့ ညဖက်ပါ ကော်ဖီနဲ့မုန့် သောက်ရတာပေါ့။
တခါတလေ ကိုယ်စွဲလမ်းနေတယ်ဆိုတာဟာ အလေ့အကျင့်တွေကနေ လာခဲ့တာကိုး၊ အဆောင်ရောက်တော့လည်း ကော်ဖီမတ်ခွက် တခွက်ဟာ အပြင်မထွက်ချင်တဲ့အခါ နေ့လည်စာလည်း ဖြစ်ရင် ဖြစ်သွားတာပါပဲ။
လူကြီးတွေ ဖျော်ပေးလို့ သောက်ရတဲ့ ကော်ဖီတွေကနေ ကိုယ့်ဟာကိုယ်ဖျော်သောက်၊ နောက် ကော်ဖီဆိုင်တွေမှာ သောက်၊ နောက် ကလေးတွေကို ဖျော်ခိုင်းပြီး သောက်နေတာ သားကြီးတောင် အသက် ၂၀ တော်တော် ကျော်ခဲ့ပြီပေါ့။ တခါတလေ ရှိရင်းထက် ပိုစွဲနေလို့ အစွဲအလမ်းဖြစ်နေခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ ကော်ဖီတခွက်နဲ့ စာအုပ်တအုပ်ရှိနေရင် ရပြီးလို့ ကော်ဖီကို ထမင်းအစားထိုးလို သောက်တတ်နေခဲ့တာကလည်း ကိုယ့်ကိုယ်ကိုယ် ချည်နှောင်ခြင်းတမျိုးပေါ့။
မဖြစ်မနေ လုပ်ကို လုပ်ရမဲ့ အခြေအနေမျိုးတွေမှာ ကိုယ်တွေ ဘာမှ ငြင်းဆန်ခွင့်၊ တောင်းဆိုခွင့် မရှိတော့ပဲ လက်ခံလိုက်ရတာပဲ မဟုတ်လား။ ( အဲ...ကိုယ်က အဲဒီလို အခြေအနေမျိုးမှာဆို resist လုပ်နေရင် ပင်ပန်းတယ်၊ "လက်ခံလိုက်" လို့ ပြောတာကို သူက သိပ်သဘောမကျလှဘူး။ သူသုံးလိုက်တာ တမျိုး၊ နောက်မှတ်မိမှ လာပြန်ထည့်မယ်။)
ကိုယ် ခရီးတခုကအပြန် ကော်ဖီဆိုတာ မဖြစ်မနေမဟုတ်တော့ဘူး။ ခါးခါးသီးသီး မုန်းတီး ဖြတ်တောက်ပစ်စရာလည်း မဟုတ်လေတော့ ကြုံရင် သောက်မယ်။ ခုဆို ကော်ဖီမှုန့်တွေတောင် မရှိတော့ဘူး။ အားတိုင်း သားကြီး ကော်ဖီဖျော်ပါဦးကွ၊ ကော်ဖီလေး လုပ်ပါဦး လို့ တနေ့ ၅ ကြိမ်ထက် မနည်း ခိုင်းနေတတ်တဲ့ အမေကို ကော်ဖီသောက်ဦးမလားလို့ လုပ်နေကျအလုပ် မလုပ်ရတော့လို့ နေသားမကျပုံနဲ့ လာ လာ မေးနေသေးရဲ့။
ကော်ဖီပြတ်သွားပြီလား မေးရင်.... ကော်ဖီကို မသောက်ရရင် နေလို့မကောင်းဘူးလို့ ထင်နေတဲ့ အစွဲအလမ်းတော့ ပြတ်သွားပြီဆိုပါတော့...
လောလောဆယ် ဘလော့ဂ်ပေါ် ပြန်ရောက်လာပြန်ပြီ။
ဆိုရှယ်မီဒီယာတွေမှာ နေလို့ မကောင်းတော့ဘူးလေ။
ကိုယ့်ကို ဆူမဲ့သူတွေချည်းပဲ....LOL
ရေးချင်တာ ရေးချင်တဲ့ စိတ်လေးအတွက် blog လေးကို ဖုံလာသုတ်သွားတယ်။
ခုလိုအချိန်တွေမှာ မွန်းကြပ်လှတယ်။ နေသာတဲ့ နေရာလေးတခုတော့ ကိုယ့်အတွက် ရှိကောင်းပါရဲ့။
ဘဝမှာ အခက်ခဲဆုံး အချိန်တွေကို ကျော်ဖြတ်နေရသလိုပါပဲ.... အားလုံးက ခက်ခဲနေကြတဲ့ကြားထဲ ကိုယ်က ထူးပြီး ခက်ခဲနေတာတော့ မဟုတ်ဘူးပေါ့.....ပတ်ဝန်းကျင်လိုက်ကြီး ခက်ခဲကြပ်တည်းနေကြတာ....အစစ အရာရာပေါ့လေ... ကိုယ်လည်း စိတ်ထဲ အဆင်ပြေမနေဘူး.... နေရတာလည်း လဟုတာ၊ မုဒုတာ ဖြစ်မနေဘူး... အရင်ကလို စိတ်ထဲရှိသမျှ ရေးချနိုင်တဲ့ blog ခေတ်ကို ပြန်လွမ်းလို့ ပြန်လာခဲ့တယ် ဆိုပါေတာ့.... မနေ့...အဲ...ဟို တနေ့လောက်က စပြီး Netflix က ကိုးရီးယားဇာတ်လမ်းတွဲ တခု ကြည့်ဖြစ်တယ်.... ပုံမှန်ဆို တညထဲနဲ့ အကုန်ကြည့်တတ်ပေမဲ့...အဲဒီ့ကားလေးကိုတော့ နားနားပြီး ကြည့်ရတယ်... ပြောရမယ်ဆိုရင် စိတ်ကို ဘယ်နားထားရမှန်းမသိလို့ အချိန်ဖြုန်းနေတဲ့ သဘောပါပဲ... ကိုယ်က ငယ်ငယ်ကတည်းက တက္ကသိုလ်ဘုန်းနိုင် ရဲ့ စာအုပ်တွေဖတ်ပြီး စိတ်ပညာကို စိတ်ဝင်စားလို့ တက္ကသိုလ်ဝင်ခွင့်တင်တော့ ကိုယ်တိုင်မတင်လိုက်ရဘူး...ဖေဖေပဲ တင်ပေးတာထင်ရဲ့... ပထမ၊ ဒုတိယ၊ တတိယ ဦးစားပေးတွေက သိတဲ့အတိုင်း ဆေး၊ စက်မှုု အီကို၊ ပြီးရင် စိတ်ပညာ လို့ လျှောက်ထားဖြစ်ခဲ့တယ်... အခု အမှတ်တမဲ့ ကြည့်မိတဲ့ ကိုရီးယားကားလေးက တက္ကသိုလ်ဆေးရုံတခု ရဲ့ စိတ်ကျန်းမာရေး unit တခုက သူနာပြုဆရာမလေးကို အခြေခံတဲ့ ဇာတ်လမ်
Comments