Skip to main content

Posts

ဒီ ဧပြီလမှာ ကျမ ပို.စ်တွေ မတင်ဖြစ်ပါဘူး။ အိမ်မှာ အင်တာနက်ကွန်နက်ရှင်က တချိန်လုံးပြုတ်ကျနေတာရော၊ ဘလောက်ဂ်တွေကိုလည်း အကုန်ပိတ်ထားတော့ ကျော်ခွပြီး ရေးနေရတာကလည်း လက်ဝင်၊ ကလေးတွေ ကျောင်းပိတ်ရက်ဆိုတော့ သူတို.နဲ. အချိန်ကုန်တာများတာရော၊ နေကပူပူ မီးတွေကပျက်၊ အင်ဗာတာက မကောင်း၊ UPS ကလည်း အားမရှိ..... အကြောင်းမျိုးစုံတော့ ကျမလည်း ဘလောက်ဂ်နဲ. ဝေးနေရပါတယ်။ သင်္ကြန်တွင်းတုန်းက ၃-ရက်လောက်တော့ မီးလာပါရဲ.။ ဒါပေမယ့် နေကမကောင်းဖြစ်နေတော့ လူရော စိတ်ပါ အနားပေးနေရသေးတယ်။ အခုတော့ Phuket- Bangkok ခရီး စ ပါပြီ။ အခု တည်းနေတဲ့ Hotel ကလည်း အင်တာနက် ပေးသုံးထားတော့ အဆင်ပြေပါတယ်။ အပြင်ရောက်တော့မှ အင်တာနက်လည်း ကောင်းကောင်းမွန်မွန် မြန်မြန်ဆန်ဆန် သွားတာ မြင်ဖူးတော့တာပါပဲ။ ကျမတို. မနှစ်က နည်းပညာတွေမှာ တိုးတက်နေတဲ့ အာရှရဲ. စင်ကာပူကို ရောက်တုံးက တည်းခဲ့တဲ့ YORK HOTEL နဲ.တော့ တခြားစီပါပဲ။ ဒီလောက်တိုးတက်တယ်ဆိုတဲ့ တိုင်းပြည်မှာ ကျမ အင်တာနက် ကောင်းကောင်း မသုံးခဲ့ရပါဘူး။ ဟိုတယ်ကလည်း အလကားမပေးပါဘူး။ ဈေးကကြီးသေး၊ ပိုက်ဆံပေးပြီး အင်တာနက် သုံးဖို.ကွန်ပျူတာကလည်း စက် ၂လုံးထဲရယ်၊ ကျမတော့ အဲဒီတစ်ခါတော့ စင်ကာပူကို တော်တော် အံ့သြပါတယ်။...

ထော်လာဂျီတစီးနဲ့ စိတ်ရောင်စုံ။

မြင်နေရတဲ့ အမြီးအမောက်မတည့်တဲ့ လောကကြီးထဲက အဖြစ်အပျက်လေးတစ်ခုပါ... မထူးဆန်းတဲ့ ထော်လာဂျီတစ်စီးနဲ. ပြောင်းလဲသွားကြတဲ့ လူတွေအကြောင်းလေး ပြောပြချင်ပါတယ်။ ရှေးရှေးတုန်းက ..... လို. အစချီရလောက်အောင်တော့ မကြာသေးပါဘူး။ ဒါပေမယ့်.... ထားလိုက်ပါတော့..... ဟိုးရှေးရှေးတုန်းကပေါ့...။ ရွာတစ်ရွာမှာ ဦးကကြီးဆိုတဲ့ လယ်ပိုင်ရှင်တစ်ယောက်က အလုပ်အကိုင်လေး နည်းနည်းပါးပါး အဆင်ပြေလာတော့ တစ်ရွာနဲ.တစ်ရွာ ကူးသန်းသွားလာတဲ့ အခါ အဆင်ပြေပြီး မြန်မြန်ဆန်ဆန် သွားနိုင်ဖို. ထော်လာဂျီတစ်စီး ၀ယ်လိုက်တယ်တဲ့... (မမေးနဲ.နော်... အဲဒီခေတ်ထဲက ထော်လာဂျီ ရှိနေပြီ)... အဲဒီထော်လာဂျီကလည်း တစ်ဘက်ရွာက သူကြီးရဲ. ထော်လာဂျီ အဟောင်းကို အင်စတော်မန်နဲ. ရတာလေ။ ဦးကကြီးတို.ကလည်းသူကြီးစီးတဲ့ ထော်လာဂျီကို အင်စတော်မန်နဲ. ရတော့ ပျော်ပျော် ကြွားကြွားကြီး ယူတာပေါ့...။ အဲ....ဦးကကြီးက ကိုယ်တိုင်မမောင်းတတ်တော့ သူ.အိမ်အလုပ်တွေမှာဝိုင်းကူလုပ်တဲ့ နွားကျောင်းသား မောင်ဘကို ကားဒရိုင်ဘာ ....အဲ .... ထော်လာဂျီဒရိုင်ဘာလုပ်စေတယ်တဲ့။ နောက်လဲ သူ.ခိုင်းရမဲ့အတူတူ သူကြီးလို ဒရိုင်ဘာမောင်းတာ ထိုင်စီးမယ်ပေါ့။ သူက ဘော့စ် ဖြစ်သွားပြီလေ။ သူတို.ရွာမှာ တစ်စီးတည်းသော ထော်...

အော်ပီကျယ် ရဲ သူ နဲ. သူမ

ဧပြီ တစ်ရက်နေ.အတွက် ပြုံးချင်စရာကောင်းတဲ့ ဆရာအော်ပီကျယ်ရဲ. သူ နဲ. သူမ ကို တင်လိုက်ပါတယ်။ pdf ဖိုင်ကို ဒေါင်းလုပ် ယူပြီးမှ Scribd ကနေ ပြန်တင်လိုက်ပါတာပါ။ ဖတ်မိသူတိုင်း သဘောကျမယ်ထင်ပါတယ်။ သူနဲ. သူမတို.ရဲ. သဘောသဘာဝကို မြင်တတ် တင်ပြတတ်တဲ့ ကျမတို.ရဲ. ကာတွန်းဆရာကြီး အော်ပီကျယ်ကိုတော့ တကယ့်ကို ချီးကျူးမိပါတယ်။ ပျော်ရွှင် ကျေနပ်နိုင်ပါစေ....။ Read this doc on Scribd: Cartoon-APK - Thu and Thuma

၆၃-နှစ်မြောက် ဖက်ဆစ်ဂျပန်တော်လှန်ရေးနေ.။

ဒီနေ့ ... ဖက်ဆစ်ဂျပန်များကို မြန်မာပြည်မှ တချိန်ထဲ ပြည်သူလူထု တရပ်လုံး တခဲနက် တော်လှန်ခဲ့တဲ့နေ.ဖြစ်ပါတယ်။ ၁၉၄၅ ခုနှစ် မတ်လ ၂၇ -ရက်နေ.ကို တော်လှန်ရေးနေ.အဖြစ်သတ်မှတ်ခဲ့ကြပါတယ်။ နောက်ပိုင်းတော့ တပ်မတော်နေ.အဖြစ် အမည်ပြောင်းလဲ သတ်မှတ်ခဲ့သလို ပတ်သက်မှုကလဲ တပ်မတော်တစ်ခုထဲနဲ.ပဲ သက်ဆိုင်သလို ဖြစ်နေခဲ့ပေမယ့် ပြည်သူလူထုတရပ်လုံးကို ကိုယ်စားပြုခဲ့တဲ့ ဖက်ဆစ်ဂျပန်တော်လှန်ရေးနေ.ကို ကိုယ်စားပြုတယ်လို.ပဲ ကျမ ယူဆထားခဲ့ပါတယ်။ ငယ်စဉ်ကတော့ တော်လှန်ရေးနေ.ဆို စစ်ကြောင်းတွေချီတက်၊ ပြည်သူတွေက တပ်မတော်သားများကို ပန်းကုံးစွပ်ကြနဲ. စည်ကားခဲ့ပါတယ်။ တနည်းအားဖြင့် တပ်မတော်နဲ. ပြည်သူတွေရဲ. ရင်းနှီးကျွမ်းဝင်ခဲ့မှု တစိတ်တဒေသကို မြင်တွေ.ခဲ့ဖူးပါတယ်။ အခုကျတော့ တပ်မတော်နေ.ကို ကိုယ်နဲ.မသက်ဆိုင်သလိုလို ဖြစ်နေတဲ့ ပြည်သူတွေအတွက် ကျမ မိုးမခမှာ ဖတ်ရတဲ့ ဆရာကြိင်္း ဒဂုန်တာရာနဲ. မေးမြန်းခန်းကို တင်ထားပါတယ်။ ကျမပြောချင်တာကတော့ မတ်လ ၂၇-ရက်ကို ပြည်သူတွေလည်း သက်ဆိုင်တဲ့ သမိုင်းရှိတယ်ဆိုတာကိုပါပဲ..။ တော်လှန်ရေးနေ. အမှတ်တရပေါ့။ ဒဂုန်တာရာ နဲႛ တော်လန်ြရေးနေႛ သားညနြ်ႛဦး၊ ဗြီအိုအေ၊ မတ်လ ၂၆ ၂၀၀၈၊ ကောကိုံတ်ခဵက် မတ် ၂၆၊ ၂၀၀၈ နက်ူဖန်ဟာဆိုလိုႛရြိ...
ကျမ ကြိုက်တဲ့ ၀တ္ထုတိုလေးတွေ စုစည်းတင်ထားဖို. စိတ်ကူးရှိခဲ့ပါတယ်။ ဒါပေမယ့် ဘလောက်ဂ်ပေါ်မှာ ရှည်နေမှာစိုးတာနဲ. မပြင်ဆင်ရသေးလို. မတင်ဖြစ်ခဲ့သေးပါဘူး။ အခု Scribd ကနေ တင်ထားတာလေးသဘောကျတာနဲ. စာရိုက်ပြီးသားရှိတဲ့ ဆရာ ဂျိုဇော်ရဲ. ချောင်းဟန်.သံ ဆိုတဲ့ ၀တ္ထုလေးကို စမ်းပြီး တင်ကြည့်တာပါ။ Read this doc on Scribd: CHAUNG HUNT THAN
ဒီနေ.ထုတ် ကြေးမုံသတင်းစာမှာ ဖော်ပြခဲ့တဲ့ သတင်းတပုဒ်ပါ။ ဘာရည်ရွယ်ချက်နဲ. ဖော်ပြတယ်ဆိုတာကတော့ ရှင်းမယ်ထင်ပါတယ်။ မြန်မာဆိုင်ဘာလောကမှာလည်း အလားတူ သတင်းမျိုး ပေါ်ပေါက်လာနိုင်ပါတယ်။ သတိထားကြစေချင်ပါတယ်ရှင်။ ဥပဒေကို ချိုးဖောက်တဲ့ ညစ်ညမ်းခြင်း၊ လှုံ.ဆော်ခြင်း သို.မဟုတ် မငြိမ်မသက် ဖြစ်စေခြင်း စသည့် နိုင်ငံရေးကို ထိခိုက်မှု အန္တရာယ်ဖြစ်စေနိုင်တဲ့ သတင်းမျိုး ထုတ်လွှင့်ချက်မျိုးတွေ မထုတ်လွှင့်ဖို. သက်ဆိုင်ရာက ကြေငြာချက်ထုတ်လာလိမ့်မယ်ထင်ပါတယ်။ တရားမ၀င် ထုတ်လွှင့်မှုဖြင့် ၀က်ဘ်ဆိုက် ၆၂ ခုကို တရုတ်၌ ပြစ်ဒဏ်ချမှတ်မည် ပေကျင်း မတ် ၂၄ တရုတ်နိုင်ငံမှ ၀က်ဘ်ဆိုက်တချို.သည် ခွင့်ပြုမှု မရှိဘဲ ထုတ်လွှင့်နေခြင်း သို.မဟုတ် တားမြစ်ထားသော အသံနှင့် ဗီဒီယို အစီအစဉ်များကို အွန်လိုင်းမှ ထုတ်လွှင့်ပြသခြင်းတို.အတွက် ၀က်ဘ်ဆိုက် ၆၂ ခုကို ပြစ်ဒဏ်ချမှတ်သွားမည်ဖြစ်ကြောင်း အာဏာပိုင်များက ကြေညာသည်။ အဆိုပါ ၀က်ဘ်ဆိုက်များသည် သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခဲ့သည်ကို တွေ.ရှိရကြောင်း၊ ဖေဖော်ဝါရီလ ၂၀ ရက်အထိ နှစ်လတာကာလအတွင်း စည်းကမ်းချိုးဖောက်ခဲ့သည့် ၀က်ဘ်ဆိုက်ပေါင်း ၆၂ ခုရှိကြောင်း နိုင်ငံပိုင် ရေဒီယို၊ ရုပ်ရှင...

ဟောင်းနွမ်းစုတ်ပြတ်နေသော ငွေစက္ကူများနှင့် မြန်မာပြည်။

ဟိုတလောကပဲ စုတ်ပြတ်ညစ်ပတ်ဟောင်းနွမ်းနေတဲ့ ပိုက်ဆံတွေကို ကြည့်ပြီး ကျမ စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရပါတယ်။ အဲဒီပိုက်ဆံအကြွေကိစ္စက ကျမတို. တိုင်းပြည်မှာ တော်တော်ဆိုးနေပါပြီ။ အကြွေဆိုလို. မြန်မာငွေကြေးစနစ်မှာ အသုံးပြုနေတဲ့ ကျပ်၊ပြား စနစ်က ပြား ယူနစ်လို. မထင်လိုက်ပါနဲ.။ ငါးကျပ်၊ တစ်ဆယ်ကျပ်တန် မှသည် တစ်ရာကျပ်တန်လောက်အထိကို ကျမတို.က အကြွေတွေလို. အလွယ်သုံးတတ်နေပါတယ်။ ကျမသားကြီး သချာင်္သင်ရိုးညွှန်းတန်းမှာ သင်ကြားရတဲ့ မြန်မာ့ငွေကြေးစနစ်ရဲ. ကျပ်ပြားကို နားလည်အောင် မနည်း သင်ပြပေးနေ၇ပါတယ်။ ပြားဆိုတာ ဘယ်လိုမျိုးလဲ ဆိုတာကို ကျမတို.ငယ်ငယ်က စုထားတဲ့ စုဗူးထဲက အကြွေစေ့တွေကို ထုတ်ပြီး ကျပ်နဲ.ပြားဆက်သွယ်တာကို ပြခဲ့ပါတယ်။ ဒါပေမယ့် သူတို. အပြင်မှာမှ မသုံးဖူးပဲ..။ ဘယ်လိုနားလည်နိုင်ပါ့မလဲ။ ကျမတို.ငယ်စဉ်က လူကြီးတွေ ပြောပြောနေတဲ့ တမူး၊ တပဲ နားမလည်သလိုပေါ့။ မုန်.ဘိုးပေးရင် အနည်းဆုံး နှစ်ရာတန်တစ်ရွက်ပေးရပါတယ်။ အောက်ကပုံမှာ မြင်တဲ့အတိုင်းပါပဲ။ တစ်ရာတန်အထိက ညစ်ပတ်ဟောင်းနွမ်းနေတဲ့ ငွေစက္ကူတွေများလို. နဲနဲလတ်တဲ့ နှစ်ရာတန်လောက်ကိုပဲ အောက်ထစ်ပေးကိုင်ဖြစ်ပါတယ်။ ကလေး အငယ်လေးတွေ ပိုက်ဆံကိုင်တာကိုပဲ အော့အော့တွေလို. အော်ဟစ်တားမြစ်...