Skip to main content

Posts

၁၂၀၅

စိတ်ထဲ မအေးတိုင်း ဒီမှာ စာလာရေးဖြစ်နေပြန်တယ်...only me နဲ့ ရေးထားရမယ်ထင်ရဲ့.. သားသမီးတွေကို ဘယ်လို မပူပါဘူးပဲ ပြောပြော ရင်ထဲမှာတော့ မအေးတဲ့ ခံစားမှုမျိုး... သားကြီး အစစ အရာရာ အဆင်ပြေပါစေ... လောကကြီးမှာ ဒီလိုပဲ ကိုယ့်လမ်းကိုယ်လျှောက်ကြရတယ် ဆိုပေမဲ့ အဆင်ပြေရင် ပိုကောင်းစေချင်တာကလည်း ကိုယ့်အလိုဆန္ဒ လောဘပဲဖြစ်မှာပေါ့... ခုချိန် ကိုယ်တွေအရွယ်က ရှေ့မျိုးဆက်နဲ့ နောက်မျိုးဆက်ကြား ကြားညှပ်နေတဲ့ မျိုးဆက်ပေါ့...ခေတ်ကြပ်ကြီးထဲဆိုတော့ ပိုပင်ပန်းတယ်...ဝန် နှစ်ခုကို balance ဖြစ်အောင် ကြိုးစားနေရတာနဲ့ပဲ ကိုယ်တိုင်ကျ out of balance ဖြစ်နေသလိုပါပဲ... ဒီနေ့ ဒီဇင်ဘာ ၅ ရက်...အရင်က လွမ်းတာတွေ များလို့လား မသိ..ကျောင်းကို လွမ်းတဲ့စိတ်ဟာ ခြောက်ကပ်ပြီး သေသွားတဲ့ သစ်ခြောက်ပင်လိုပဲ....ခုလိုကာလထဲ ဒီအငွေ့အသက်နဲ့ ကင်းပြီး စိတ်မဖြစ်တတ်တော့တာလည်း ကိုယ့်အတွက် မလွတ်မြောက်ခြင်းပဲ.... ကြာလာရင် ဒါကိုပဲ စွဲလမ်း addict ဖြစ်သွားမလားတောင် စိုးရိမ်လာမိတဲ့ အထိ... ဒီနေ့ ကြက်ရေချိုချက်တယ်။ ထိုင်းလို ကြက်ဥနဲ့ ဆူးပုပ်ကြော်၊ ကန်စွန်းရွက်ကြော်၊ ငပိထောင်း.... လူကြီးတွေအတွက် ဟင်းချက်ပြီးမှ အပြင်ကမန်းကတန်းထွက်ရတော့ ထမင်းစားဖို့ အချိန်မရ၊...

၁၁၂၇

ဘဝမှာ အခက်ခဲဆုံး အချိန်တွေကို ကျော်ဖြတ်နေရသလိုပါပဲ.... အားလုံးက ခက်ခဲနေကြတဲ့ကြားထဲ ကိုယ်က ထူးပြီး ခက်ခဲနေတာတော့ မဟုတ်ဘူးပေါ့.....ပတ်ဝန်းကျင်လိုက်ကြီး ခက်ခဲကြပ်တည်းနေကြတာ....အစစ အရာရာပေါ့လေ... ကိုယ်လည်း စိတ်ထဲ အဆင်ပြေမနေဘူး.... နေရတာလည်း လဟုတာ၊ မုဒုတာ ဖြစ်မနေဘူး... အရင်ကလို စိတ်ထဲရှိသမျှ ရေးချနိုင်တဲ့ blog ခေတ်ကို ပြန်လွမ်းလို့ ပြန်လာခဲ့တယ် ဆိုပါေတာ့.... မနေ့...အဲ...ဟို တနေ့လောက်က စပြီး Netflix က ကိုးရီးယားဇာတ်လမ်းတွဲ တခု ကြည့်ဖြစ်တယ်.... ပုံမှန်ဆို တညထဲနဲ့ အကုန်ကြည့်တတ်ပေမဲ့...အဲဒီ့ကားလေးကိုတော့ နားနားပြီး ကြည့်ရတယ်... ပြောရမယ်ဆိုရင် စိတ်ကို ဘယ်နားထားရမှန်းမသိလို့ အချိန်ဖြုန်းနေတဲ့ သဘောပါပဲ... ကိုယ်က ငယ်ငယ်ကတည်းက တက္ကသိုလ်ဘုန်းနိုင် ရဲ့ စာအုပ်တွေဖတ်ပြီး စိတ်ပညာကို  စိတ်ဝင်စားလို့ တက္ကသိုလ်ဝင်ခွင့်တင်တော့ ကိုယ်တိုင်မတင်လိုက်ရဘူး...ဖေဖေပဲ တင်ပေးတာထင်ရဲ့... ပထမ၊ ဒုတိယ၊ တတိယ ဦးစားပေးတွေက သိတဲ့အတိုင်း ဆေး၊ စက်မှုု အီကို၊ ပြီးရင် စိတ်ပညာ လို့ လျှောက်ထားဖြစ်ခဲ့တယ်... အခု အမှတ်တမဲ့ ကြည့်မိတဲ့ ကိုရီးယားကားလေးက တက္ကသိုလ်ဆေးရုံတခု ရဲ့ စိတ်ကျန်းမာရေး unit တခုက သူနာပြုဆရာမလေးကို အခြေခံတဲ့ ဇာတ...
တခါတလေ ဘဝမှာ ဘာမှမလုပ်ပဲ herbination ကို အလုပ်တခုလို လုပ်နေရတဲ့ အချိန်တွေ ရှိတယ် မဟုတ်လား... ခုလည်း စုစည်းလို့ မရတဲ့ စိတ်တွေကို အဆိုးဘက်ရောက်မသွားအောင် ရုပ်ရှင်ကြည့်လိုက် တရားနာလိုက်နဲ့ ချော့မော့နေရတယ်... ကုသိုလ်အလုပ်တွေမှာ အာရုံစူးစိုက်လို့ မရတော့ မောဟမှာပဲ မျောမျော ....မျှောပစ်လိုက်တော့တာပါပဲ... ခက်တာက ကိုယ်ကြိုက်တဲ့ drama တွေက စိတ်ပင်ပန်းစရာတွေဆိုတော့ အမောမပြေ ပိုမောလေဆိုသလို.... ဒါနဲ့ လွှတ်ထားလို့ကလည်း မဖြစ်တော့ "ထာဝရငြိမ်းချမ်းရေး" ဆိုတာကို ရသလောက် ယူသွားနိုင်ဖို့ ကြိုးစားရတော့တာပေါ့... ဒီနေ့အဖို့ သဘောကျနေတာက... သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ ၊ ပညာ တရားငါးပါးနဲ့ ပြည့်စုံအောင် ဖြည့်ကျင့်နေထိုင်ပြီး ဒီဘဝ တမဂ်တဖိုလ် မရနိုင်သေးလို့ နောက် နောက် ဘဝတွေ ထပ်နေရဦးမယ်ဆိုရင် ကိုယ်လားရာဘဝတွေ ရွေးချယ်ထားလို့ ရသတဲ့... ကိုယ့်မှာ ပြုကျင့်ထားတဲ့ ကုသိုလ်ကောင်းမှုတွေ ရှိလျက်သားနဲ့ ဘယ်ဘုံဘဝလို့ စိတ်ထဲ သတ်မှတ် ရွေးချယ်ထားတာမရှိရင် ကောင်းတဲ့ ဘုံဘဝတော့ ရောက်ချင်ရောက်မယ် .. တိတိကျကျတော့ မဖြစ်နိုင်တဲ့ အပြင်  နိကန္တိဆိုတဲ့  အစွဲတွေ ရှိနေတတ်လို့ နိမ့်ကျတဲ့ ဘုံဘဝတွေကိုလည်း ရောက်သွားနိုင်သတဲ့။ ဒါကြောင့် ကုသိ...

No Letting Go | AWARD WINNING | Full Drama Movie | English

Sophie's Choice

“စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေ အများကြီးရှိနေတယ်” ...

ခုချိန်ဟာ ဘဝမှာ အကြပ်တည်းဆုံး အပင်ပန်း အခက်ခဲဆုံးကာလကို ဖြတ်ကျော်နေကြရတဲ့ အချိန် ထင်ပါရဲ့.... သူများတွေရဲ့ အနာတရတွေဟာ ဆိုးဝါးလွန်းလို့ ကိုယ့်အနာကို ကြိတ်ခံရင်း စုတ်သပ်ရမှာတောင် အားနာလွန်းလှ.... ရုပ်နာမ် နှစ်ပါး၊ ခန္ဓာငါးပါးသာ ရှိတဲ့ ဒီလောကကြီးဟာ ပင်ပန်းစရာတွေချည်းပဲပါလား။ လောကီ နဲ့ လောကုတ္တရာ ပါးပါးလေးကြား နှလုံးမသွင်းနိုင်လို့ စိတ်တွေဟာ ချုံးချုံးကျ ပူလောင်လို့။ လူကြီးတွေဟာ ကောင်းကောင်းညာတတ်ကြတယ်။ သူတို့ ဘဝတသက်လုံး သင်ကြားမှတ်သားထားခဲ့တဲ့ သညာတွေအားကိုး၊ သံသရာအဆက်ဆက် စုဆောင်းခဲ့တဲ့ အကုသိုလ် ကလိမ်ကကျစ်တွေ အားကိုးနဲ့ ကောင်းကောင်းကို ညာတတ်ခဲ့ကြတာပဲ။ စက်ဆုပ်ရွံရှာစရာကောင်းလောက်အောင်၊ သိက္ခာမဲ့ စုတ်ပြတ်သတ်သွားအောင်... ပြီး အရှိန်တငြီးငြီးနဲ့ သူကိုယ်တိုင်လောင်မြှိုက်ရင်း ဘေးပတ်ဝန်းကျင်ကိုပါ ကူးစက်ပြာချလိုက်ဖို့ ဝန်မလေးလောက်အောင်လည်း စိတ်ဓာတ်တွေဟာ အောက်တန်းကျလှ... တဘဝစာလေးကို အဲဒီလောက်တောင် လုပ်ရက်ကြတယ်လို့ မင်တက်ရင်နာကြရင်း ငါတို့ဟာ နာနာကျင်ကျင် ကြေကြေကွဲကွဲ .. ခေါင်းအစ ခြေအဆုံး တဆင့်ပြီး တဆင့် တရစ်ပြီး တရစ် နစ်သထက် နစ်လို့.... ငါ၊ သူတပါး၊ ယောကျာ်း, မိန်းမ မရှိဘူးလို့ နှလုံး...