စိတ်ထဲ မအေးတိုင်း ဒီမှာ စာလာရေးဖြစ်နေပြန်တယ်...only me နဲ့ ရေးထားရမယ်ထင်ရဲ့..
သားသမီးတွေကို ဘယ်လို မပူပါဘူးပဲ ပြောပြော ရင်ထဲမှာတော့ မအေးတဲ့ ခံစားမှုမျိုး...
သားကြီး အစစ အရာရာ အဆင်ပြေပါစေ... လောကကြီးမှာ ဒီလိုပဲ ကိုယ့်လမ်းကိုယ်လျှောက်ကြရတယ် ဆိုပေမဲ့ အဆင်ပြေရင် ပိုကောင်းစေချင်တာကလည်း ကိုယ့်အလိုဆန္ဒ လောဘပဲဖြစ်မှာပေါ့...
ခုချိန် ကိုယ်တွေအရွယ်က ရှေ့မျိုးဆက်နဲ့ နောက်မျိုးဆက်ကြား ကြားညှပ်နေတဲ့ မျိုးဆက်ပေါ့...ခေတ်ကြပ်ကြီးထဲဆိုတော့ ပိုပင်ပန်းတယ်...ဝန် နှစ်ခုကို balance ဖြစ်အောင် ကြိုးစားနေရတာနဲ့ပဲ ကိုယ်တိုင်ကျ out of balance ဖြစ်နေသလိုပါပဲ...
ဒီနေ့ ဒီဇင်ဘာ ၅ ရက်...အရင်က လွမ်းတာတွေ များလို့လား မသိ..ကျောင်းကို လွမ်းတဲ့စိတ်ဟာ ခြောက်ကပ်ပြီး သေသွားတဲ့ သစ်ခြောက်ပင်လိုပဲ....ခုလိုကာလထဲ ဒီအငွေ့အသက်နဲ့ ကင်းပြီး စိတ်မဖြစ်တတ်တော့တာလည်း ကိုယ့်အတွက် မလွတ်မြောက်ခြင်းပဲ.... ကြာလာရင် ဒါကိုပဲ စွဲလမ်း addict ဖြစ်သွားမလားတောင် စိုးရိမ်လာမိတဲ့ အထိ...
ဒီနေ့ ကြက်ရေချိုချက်တယ်။ ထိုင်းလို ကြက်ဥနဲ့ ဆူးပုပ်ကြော်၊ ကန်စွန်းရွက်ကြော်၊ ငပိထောင်း.... လူကြီးတွေအတွက် ဟင်းချက်ပြီးမှ အပြင်ကမန်းကတန်းထွက်ရတော့ ထမင်းစားဖို့ အချိန်မရ၊ ဘူးထဲ ထည့်ပြီး ကားပေါ်မှာ စားရတယ်...တခါတလေကျ စဉ်းစားမိတယ်...ဘာဖြစ်ဖြစ် ရအောင် လုပ်တတ်ပေမဲ့ တနေ့တနေ့ ဟင်းချက်ဖို့ စဉ်းစားရတာ ...အထူးသဖြင့် လူကြီးတွေနဲ့ အဆင်ပြေအောင် စဉ်းစားရတာ အတော်ပင်ပန်းတာပဲ....လူကြီးတွေက ကြိုက်ရင် စားတယ်..မကြိုက်ရင် တို့ကနန်း ဆိတ်ကနန်း...နှစ်ယောက်ကလည်း အကြိုက်ချင်း ဆန့်ကျင်ဖက်...
ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် မနည်း အဆင်ပြေအောင် နေ နေရတဲ့ အချိန်မို့.... တော်တန်ရုံဆို ဘာစကားမှလည်း မပြောချင်...မဆိုချင်.... ဘယ်သူ့ကိုမှလည်း စိတ်လည်း ပူမနေချင်တော့...
အားလုံး အစစ အရာရာ အဆင်ပြေကြပါစေလို့ပဲ....
Comments