Skip to main content

Posts

Showing posts from October, 2007
မနက်ခင်းမာရသွန် “မြန်မြန်လာထား...မြန်မြန်လာထား...နောက်မကျသေးခင်......” ရုတ်တရက် မြူးကြွသော တေးသံကြောင့် လန်.နိုးလာကာ ဘာဖြစ်တာပါလိမ့် လို့်. မသိတသိစိတ်ကလေးမှ သိစိတ်ကပ်အောင် မနည်းကြိုးစားနေရသည်။ အော်... ငါ့ ဖုန်းက morning call ပဲ...၅ နာရီခွဲပြီပေါ့.. အိပ်ချင်လိုက်တာနော်... ပထမတစ်ကြိမ်တော့ dismiss လုပ်ဖို. လွန်သွားပြီ.. နောက်တစ်ခါ ”မြန်မြန်လာထား” မလာခင် alarm ကို dismiss လုပ်လိုက်မှ..အင်း ....ထမင်းချက်ရဦးမှာပါလား. ဒါမှ ကလေးတွေ ကျောင်းမီမှာ..ငါလည်း ဘယ်တော့များမှ မနက်စောစောကို ကြည်ကြည်လင်လင် နဲ. နိုးထနိုင်ပါ့မလဲ....ညဆို အင်တာနက် ၂နာရီခွဲ၊ သုံးနာရီ ထိ သုံးနေတော့ ငါ့မှာ အိပ်ရေးဝ တယ်ကို မရှိပါဘူး..အင်တာနက် ရတော့လည်း မကိုင်ဘဲ မနေနိုင်... ကိုယ့်အကျင့်ကို ကိုယ် ပြန်သုံးသပ်ရင်း ထမင်းတစ်အိုးတည်ထား ပြီး ကလေးတွေ အတွက် ဟင်းကို ထမင်းချိုင့်အမီ ပြင်ဆင်ရပြန်သည်။ ချက်ပြီးလို. ကိုယ့်လျှာက အရသာတွေ.ရင်တော့ စိတ်ကျေနပ်သွားရသည်.. မဟုတ်ရင် စိတ်ဓာတ်ကျစွာ `ဒီတစ်နေ.တော့သူတို.လေးတွေ ဒါပဲစားပါစေတော့..ကိုယ်ဟာကိုယ်တော့ တော်တော်မကျေနပ်လှ... ဘာဖြစ်လို. ဒီလောက်ညံ့နေရပါလိမ့်..ကိုယ်တိုင်ကလည်း သိပ်ပြီးအရသာ မခံတတ်တော့...
ဒီနေ.မှ ဥပုသ်နေ.အစစ်၊ အရှင်ဆန္ဒာဓိကရဲ. တစ်ရာနှင့် တစ်ရက် တရားတော်ကို တင်ချင်ပါတယ်။ ဗုဒ္ဓဘာသာဝင် တစ်ယောက်ရဲ. နောက်ဆုံးပန်းတိုင်က နိဗ္ဗာန်သို. မျက်မှောက်ပြုရခြင်းပါ။ ကျမတို. ငယ်ရွယ်စဉ် ကလေးဘ၀ကတည်းက ဘုရားရှိခိုးတိုင်း လူကြီးတွေ သင်ပေးထားတဲ့အတိုင်း တောင်းခဲ့တဲ့ ဆုပါ။ ကြီးပြင်းလာလို. မိရိုးဖလာ ဗုဒ္ဓဘာသာဝင် တစ်ယောက်အဖြစ်ကနေ ကိုယ်တိုင် ယုံကြည်သက်ဝင်တဲ့ ဗုဒ္ဓဘာသာဝင် တစ်ယောက်အဖြစ်ကို တဖြည်းဖြည်း ပြောင်းလဲလာတော့ ကျမရဲ. ဒီဘ၀ရဲ. ပန်းတိုင်က သာသနာမှာ အထောက်အကူ ရသွားချင်ခြင်းပါ။ တစ်မဂ် တစ်ဖိုလ်လောက်မှ မရခဲ့ရင် သံသရာကြီးထဲမှာ တွယ်ရာမဲ့ လွင့်မျောနေရဦးမယ်လို. တွေးတိုင်း ကျောစိမ့်အောင် ကြောက်မိပါတယ်။ ခက်တာက “ကကြီး ခခွေး တောင် မရသေးဘဲ PhD လိုချင်တဲ့ လူ” လို ဖြစ်နေတာပါပဲ။ သီလမစောင့်ဘဲ ရက်တစ်ရာ တန်ဖိုးမဲ့စွာ ပူလောင် မျောလွင့်စွာ နေခဲ့တဲ့ ရက်တွေ အစား သီလ စောင့်ထိန်းပြီး အေးချမ်းစွာ တစ်ရက်လောက် နေကြည့်လိုက်ပါဦးမယ်။ တစ်ရာ နှင်.တစ်ရက် (၁) “သီလမရှိသူရဲ. အနှစ်တစ်ရာ အသက်ရှင်ရခြင်းထက် သီလရှိသူရဲ. တစ်ရက်တာ အသက်ရှင်ရခြင်းက အဆပေါင်း များစွာ ပိုပြီး မြင့်မြတ်ပါတယ်” (ဗုဒ္ဓ) ကာယကံ အမှားအယွင်းများ ...
ဒီနေ. ဥပုသ်နေ.ထင်ပြီး အရှင်ဇနကာဘိဝံသ ရဲ.နံနက်ခင်းသြ၀ါဒကို တင်ဖို. လုပ်ထားတာ။ ဖြစ်ချင်တော့ မနက်ဖြန်မှ ဥပုသ်နေ.၊ ရေးပြီးသားရှိနေတော့ အသစ်လည်းထပ်မရေးနိုင်တာနဲ. ရှိပြီးသားပဲ တင်လိုက်တော့တယ်။ အဖိုးတန်တဲ့စာတွေပါ။ လူစွမ်းပြကြ အချိန်မရွေး ဘုရားကို အမှတ်ရနေပါ ကိုရင်တို.၊ ဦးပဉ္စင်းတို.၊ ဘုရားရှင်ကို အမှတ်ရကြပါ။ ဘုန်းကြီးတို.တစ်တွေ ကံကောင်းထောက်မလို. ဘုရားသာသနာနဲ. လာကြုံရတာပါ။ မလွယ်ပါဘူး။ ဘယ်နေရာ ဘယ်ဋ္ဌာနမှာမဆို ဘုရားကိုသာ အမှတ်ရနေပါ။ စာကလည်းဆိုထားတယ် မဟုတ်လား။ ဘာတဲ့လဲ…. ၀စဿ မနဿ စေ၀ယ, ၀န္ဒာ မေ တေ တထာဂတေ၊ သယနေ အာသနေ ဌာနေ, ဂမနေ စာပိ သဗ္ဗဒါ။ “ အဟံ၊ အကျွန်ုပ်သည်။ ဧတေ တထာဂတေ ၊ ထိုရှင်တော်မြတ်ဘုရားတို.ကို။ သယနေစ ၊ အိပ်ရာ အခါ၌ လည်းကောင်း။ အာသနေစ ၊ ထိုင်ရာ အခါ၌ လည်းကောင်း။ ဌာနေစ ၊ ရပ်ရာအခါ၌ လည်းကောင်း၊။ ဂမနေစာပိ၊ သွားရာအခါ၌ လည်းကောင်း။ သဗ္ဗဒါ၊ အခါခပ်သိမ်း။ ၀စဿစေ၀ ၊ နှုတ်ဖြင့် လည်းကောင်း။ မနဿစ ၊ စိတ်ဖြင့်လည်းကောင်း။ ၀န္ဒာမိ ၊ ရှိခိုးပါ၏။” လို. ပရိတ်ကြီး အာဋာနာဋိယသုတ်မှာ ဆိုထားတယ် မဟုတ်လား။ အေး …. ဒါကြောင့် အိပ်နေ ထိုင်နေ ရပ်နေ သွားနေ အလုံးစုံသော ဣရိယာပုတ်တိုင်းမှာ စိတ်နဲ.ပ...
မနေ.က စာရဲ.အဆက် အနေနဲ.ရော မြန်မာ့ပညာရေး လောကအတွက်ပါ တွေးတော ဆင်ခြင်စရာ ရနိုင်မယ့် နောက်ထပ် ဆောင်းပါး တစ်ပုဒ် ထပ်တင်လိုက်ပါတယ်။ မြန်မာစာပေအကြောင်း နံပါတ် (၄၉) (ကျောင်းသားကလေးများနှင့် ပတ်သက်၍) မြန်မာပြည်တွင် ယခုအခါ ကျောင်းများ၌ မြန်မာစာသင်ကြားပြသနေပုံ အကြောင်းကို အနည်းငယ် ထုတ်ဖော်ရေးသားရပေမည်။ မြန်မာသဒ္ဒါအကြောင်းနှင့် ပတ်သက်၍ ယခင်ဆောင်းပါးတို.တွင် အကျယ်အားဖြင့် ရေးသားခဲ့ပေပြီ။ ဤဆောင်းပါးတွင်ကား စာစီကုံးခြင်းအကြောင်းနှင့် ပတ်သက်၍ ရေးသားရန် ဖြစ်ပေသည်။ ယခုခေတ်၌ ကျောင်းဆရာတို.သည် ကျောင်းသားများအား စာစီစာကုံး ရေးသားပုံ နည်းစနစ်တို.ကို မသင်ကြားသေးဘဲ တစ်စုံတစ်ရာသော အကြောင်းကို စာစီကုံးခိုင်းကြ၏။ ထိုစာစီကုံးခိုင်းသော အကြောင်းအရာ တို.မှာလည်း ကျောင်းသားကလေးများနှင့် သင့်လျော်သော အကြောင်းအရာတို. မဟုတ်ဘဲ ရဟန်းတော်များနှင့် မြန်မာစာပေကို ကောင်းစွာ လေ့လာဖူးသူတို.သာ ရေးသားနိုင်မည် ဖြစ်သော အကြောင်းအရာတို.သာ ဖြစ်ကြပေသည်။ တစ်ခါတစ်ရံ ၁၅ နှစ်မျှ မပြည့်ကြသေးသော ကျောင်းသားကလေးတို.အား နက်နဲ၍ ခြောက်သွေ.လှသော “ရိုသေခြင်း၏အကျိုး”၊ “ဖြစ်လျှင်ပျက်မြဲ ” အစရှိသော အကြောင်းအရာ တို.ကိုလည...
ဒီနေ.တော့ သိပ္ပံကျောင်းသားမောင်မြသွင် ကလောင်အမည်နဲ. သူရိယ သတင်းစာမှာ သိပ္ပံမောင်ဝ ရေးသားခဲ့တဲ့ "မြန်မာစာပေအကြောင်း" ဆောင်းပါးတွေထဲက “မြန်မာစာပေအကြောင်း နံပါတ် (၃)” ကို တင်ချင်ပါတယ်။ ဒီဆောင်းပါးမှ ထိုခေတ်အခြေအနေ နှင့် မြန်မာစာပေအယူအဆ တစ်စိတ်တစ်ပိုင်းကို သိမြင်ထင်ဟပ် လာစေနိုင်လို.ပါ၊ မြန်မာစာပေအကြောင်း နံပါတ် (၃) ဤဆောင်းပါး၌ ယခုခေတ်တွင် ပေါ်ပေါက်ထွန်းကားနေသော မြန်မာစာပေမှာ တိုးတက်နေသလော၊ ဆုတ်သွားသလောဟု တွေးတောစဉ်းစားရန် ဖြစ်ပေသည်။ ကာလပေါ်စာနှင့် ရှေးစာများတွင် မည်သည့်စာက ကောင်းမွန်သနည်းဟူ၍ မေးလျှင် ရှေးစာများက ယခု ကာလပေါ်စာတို.ထက် အဆပေါင်းရာထောင်မက သာပေသည် ဟု လူတိုင်းပင် ဖြေဆိုကြပေလိမ့်မည်။ မည်သည့်နေရာမှာမဆို ရှေးဆိုသော စကားကို အထွတ်အမြတ်ထားကာ အရေးပေးလေ့ ရှိလေသည်။ ဤကဲ့သို. ရှေးစာများက ယခုကာလစာတို.ထက်သာသည်။ ရှေးခေတ်က ယခုခေတ်ထက် ကောင်းသည်။ ရှေးလူကြီးများက ယခုကာလ လူများထက် တော်သည် စသဖြင့် (ရှေး)ဆိုသော စကားကို အထွတ်အမြတ်ထားကာ သုံးစွဲခြင်းသည် မြန်မာပြည်မှာသာလျှင်မဟုတ်၊ မည်သည့် တိုင်းပြည်မဆို ဤသို.သာ ပြောဆို ရေးသားလေ့ ရှိလေသည်။ မိမိတို.ထက် ရှေးကျသော ခေတ်က မိမိတို.ခေတ်ထက် ကောင်းသည်ဟု ဆ...
အိပ်မက်တွေ ရှင်သန်နေပါစေ သင့်ကိုယ်သင် ယုံပါ၊ ပြီးတော့ သင့်အနာဂတ် မျှော်မှန်းချက်တွေကိုလည်း ယုံပါ၊ သင့်ပတ်လည်မှာ သင့်ကို ယုံကြည်ပြီး သင့်ရည်မှန်းချက်ကို ရောက်အောင် ကူညီမယ့် သူများနဲ. ၀န်းရံထားလိုက်ပါ၊ ခရီးလမ်းတလျှောက်မှာ၊ စိန်ခေါ်ချက်တွေ ရှိတဲ့ကြားက အိပ်မက်တွေကို ရှင်သန်နေပါစေ။ အပြောင်းအလဲဆိုတာ ကြောက်စရာကောင်းတယ်၊ ဒါပေမယ့် ပြောင်းလဲခြင်းနဲ.သာ တိုးတက်မှူကို ကြုံတွေ.ရနိုင်တယ်၊ မဖြစ်နိုင်ဘူးဆိုတာတွေကို လုပ်ဖို. သင့်ကိုယ်သင် စိန်ခေါ်ခြင်းနဲ.သာ သင်ဘယ်လောက်စွမ်းဆောင်နိုင်တယ်ဆိုတာ၊ သင်ကိုယ်တိုင် သိလာနိုင်မှာပါ၊ အန္တရာယ်တွေကို ရင်ဆိုင်ခြင်းနဲ.သာ၊ ကြီးမြတ်ခြင်းကို ရရှိနိုင်မှာပါ။ အောင်မြင်ရေးအတွက် သော့တစ်ချောင်းသာ ရှိတယ်၊ အောင်ပွဲမခံရသရွေ. လက်မလျှော့ပါနဲ.၊ သင်စွမ်းဆောင်နိုင်ပါတယ်၊ ကြီးမြတ်ခြင်းမျိုးစေ့ သင့်ကိုယ်တွင်းမှာ ရှိတယ်၊ ဒါကို ပြုစုပျိုးထောင်ပါ၊ လောကမှာ သင်မလုပ်နိုင်တဲ့ အရာ ဘာမှမရှိနိုင်ပါ ။ (လူထုစိန်ဝင်း မှ ဘာသာပြန်ပါသည်)

KEEP YOUR DREAMS ALIVE!

Believe in yourself and your vision of the future. Surround yourself with those who believe in you and will help you achieve your goals. Keep your dreams alive despite the challenges along the way. Change can be frightening but only by changing can you experience growth. Only by challenging yourself to do what seems impossible can you ever know how much you can achieve. Only by taking risks can you achieve Greatness . There is only one key to success: Never quit until you win. You can do it. The seed of greatness lies within you. Nurture it, and there will be nothing you can't do. -Lisa Marrie Yost Powered by ScribeFire .
တစ်မဂ်တစ်ဖိုလ်ရရင် မွေးရကျိုးနပ်ပါပြီ။ သူတစ်ပါးကို မဂ်ဖိုလ်ရအောင် လုပ်ပေးဖို.က သိပ်မသေချာတဲ.အတွက် မိဘကျေးဇူးကို တစ်ဘ၀တည်းနဲ. အကျေဆပ်ချင်လွန်းသပ ဆိုရင် ကိုယ်ကိုယ်တိုင် ဒီဘ၀မှာပဲ အနည်းဆုံး တစ်မဂ်တစ်ဖိုလ် ရအောင် ၀ိပဿနာအလုပ် အားထုတ်တာ အကောင်းဆုံးပါပဲ။ ကိုယ်ကိုယ်တိုင် မဂ်ဖိုလ်နှိဗ္ဗာန်ရအောင် တရားအားထုတ်နေတာကိုက ကိုယ့်မိဘ ကိုယ်.ကို မွေးရကျိုးနပ်အောင် လုပ်ပေးနေတာမို. မိဘကျေးဇူးကို အကျေဆပ်နေတာပါပဲ။ အရှင်ဆန္ဒာဓိက ၏ စိတ်အားဖြည်.ဓမ္မရွက်နု မှ ...

Happiness in Mundane World

Where there is no practice of metta , There may be competition in your mind. If of the same status, Bear metta in your mind. If of the same status, Have metta in your speech. If of the same status, Have metta in your behavior. Where there is no karuna , There may be desirous of ill-treatment. If of inferior status, Bear karuna in your mind. If of inferior status, Have karuna in your speech. If of inferior status, Have karuna in your behavior. Where there is no practice of mudita, There may be jealousy and envy. If of superior status, Keep along mudita in your mind. If of superior status, Keep along mudita in your speech. If of superior status, Keep along mudita in your behavior. Where there is no upekkha , There may be sorrow. The poor and the rich, these two appear, Sure are due to kamma. compiled by ma aye myint. post by tg.nwai Powered by ScribeFire .