Thursday, October 18, 2007

ဒီနေ. ဥပုသ်နေ.ထင်ပြီး အရှင်ဇနကာဘိဝံသ ရဲ.နံနက်ခင်းသြ၀ါဒကို တင်ဖို. လုပ်ထားတာ။ ဖြစ်ချင်တော့ မနက်ဖြန်မှ ဥပုသ်နေ.၊ ရေးပြီးသားရှိနေတော့ အသစ်လည်းထပ်မရေးနိုင်တာနဲ. ရှိပြီးသားပဲ တင်လိုက်တော့တယ်။ အဖိုးတန်တဲ့စာတွေပါ။

လူစွမ်းပြကြ

အချိန်မရွေး ဘုရားကို အမှတ်ရနေပါ

ကိုရင်တို.၊ ဦးပဉ္စင်းတို.၊ ဘုရားရှင်ကို အမှတ်ရကြပါ။ ဘုန်းကြီးတို.တစ်တွေ ကံကောင်းထောက်မလို. ဘုရားသာသနာနဲ. လာကြုံရတာပါ။ မလွယ်ပါဘူး။ ဘယ်နေရာ ဘယ်ဋ္ဌာနမှာမဆို ဘုရားကိုသာ အမှတ်ရနေပါ။ စာကလည်းဆိုထားတယ် မဟုတ်လား။ ဘာတဲ့လဲ….

ဝစဿ မနဿ စေ၀ယ,

ဝန္ဒာ မေ တေ တထာဂတေ၊

သယနေ အာသနေ ဌာနေ,

ဂမနေ စာပိ သဗ္ဗဒါ။

အဟံ၊ အကျွန်ုပ်သည်။ ဧတေ တထာဂတေ၊ ထိုရှင်တော်မြတ်ဘုရားတို.ကို။ သယနေစ၊ အိပ်ရာ အခါ၌ လည်းကောင်း။ အာသနေစ၊ ထိုင်ရာ အခါ၌ လည်းကောင်း။ ဌာနေစ၊ ရပ်ရာအခါ၌ လည်းကောင်း၊။ ဂမနေစာပိ၊ သွားရာအခါ၌ လည်းကောင်း။ သဗ္ဗဒါ၊ အခါခပ်သိမ်း။ ၀စဿစေ၀၊ နှုတ်ဖြင့် လည်းကောင်း။ မနဿစ၊ စိတ်ဖြင့်လည်းကောင်း။ ၀န္ဒာမိ၊ ရှိခိုးပါ၏။”

လို. ပရိတ်ကြီး အာဋာနာဋိယသုတ်မှာ ဆိုထားတယ် မဟုတ်လား။ အေး …. ဒါကြောင့် အိပ်နေ ထိုင်နေ ရပ်နေ သွားနေ အလုံးစုံသော ဣရိယာပုတ်တိုင်းမှာ စိတ်နဲ.ပဲ ဖြစ်ဖြစ်၊ နှုတ်နဲ.ပဲ ဖြစ်ဖြစ် ဘုရားကို ရှိခိုးနေပါ။ အာရုံပြုနေပါ။ အမှတ်ရနေပါ။ အခါမရွေး အမှတ်ရနေရင် ကောင်းပါတယ်။

သတ္တိအရေးကြီး

ဒီလို ဘုရားအာရုံယူနေတော့ သတ္တိအလိုလို ထက်မြက်လာတယ်။ စိတ်တွေဟာ ဘုရားအာရုံ အမြဲယူနေရတော့ တည်ကြည်မှု (သမာဓိ) ကို ရလာတယ်။ ဒီလို တည်ကြည်လာတော့ ရဲရင့်ထက်မြက်တဲ့ သတ္တိကောင်းတွေ ပေါ်လာရတာပဲ။ လူတွေက “သတ္တိ သတ္တိ သတ္တိ” လို.ပြောနေကြတယ်။ လူတစ်ယောက်ကို မတရားညှင်းဆဲတာ အနိုင်ကျင့်တာဟာ သတ္တိ မဟုတ်ဘူး။ လူတစ်ယောက်ကို သတ်ရဲတာ သတ္တိလို. ဆိုကြတယ်။ မှန်တော့ မှန်တယ်၊ ဒါပေမယ့် သတ္တိအစစ်မဟုတ်ဘူး။ မိုက်ရူးရဲဆန်တဲ့ သတ္တိပဲ။ တကယ့် သတ္တိက ဒီလို မဟုတ်ဘူး။ ခမာ (သည်းခံခြင်း) ဂုဏ်နဲ. ပြည့်စုံတယ်။ လူမိုက်သတ္တိ မဟုတ်ဘဲ ပညာရှိ သတ္တိဖြစ်ဖို. အရေးကြီးတယ်။ တလွဲ ဆံပင်ကောင်းတဲ့ သတ္တိမျိုးကတော့ အလကားဘဲ။

သတ္တိကို အသုံးချ

သတ္တိဟာ ထက်ရုံကလေး ထက်ရုံနဲ. မပြီးသေးဘူး။ ကိုယ်တစ်ယောက်တည်း ကုပ်နေလို. သတ္တိ ပေါ်မလာဘူး။ ပတ်ဝန်းကျင်နဲ. ထိတွေ.ပြောဆို ဆက်ဆံလာရာက သဘောကွဲလွဲချက်တွေ ဆန်.ကျင်ဘက်တွေ ဖြစ်လာရင်တော့ ဒီသတ္တိဟာ ပေါ်လာရတာပဲ။ သတ္တိ ရှိလာ ပေါ်လာပြန်တော့ ဒီသတ္တိကို အကွက်ကျကျ အသုံးချတတ်ဖို. လိုလာပြန်တယ်။ ဆိုပါတော့…..ဒီဘက်ကမ်းမှာ ရောဂါဘယတွေ ထူပြောနေလို. ဟိုဘက်ကမ်းကို ကူးပြေးရမယ့် အခြေအနေ ရောက်နေတယ်။ ကူးစရာ လှေသမ္ဗာန် သဘောင်္တွေလည်း ရှိတယ်။ လှေထိုးသားတို. လှေသူကြီးတို.လည်း အဆင်သင့် ရှိနေတယ်။ သူတို.မှာ သယ်ဆောင်နိုင်တဲ့ သတ္တိရှိကြတယ်။ ရှိလျက်နဲ. မသယ်ဆောင်ရင် ဘယ်သူမှ ကျေနပ်ကြမှာ မဟုတ်ဘူး။

အချောင်မနေကြနဲ.

သတ္တိကို ဒီလို နေရာမျိုးတွေမှာ အသုံးချရတယ်။ ကိုယ်က အင်အားသတ္တိရှိရင် ကယ်တင်ပါ။

လျစ်လျူရှုပြီး ပေယျာလကန် ချန်မထားပါနဲ.။ ကိုယ့်အနေနဲ. ကယ်ကတည်းက အများကောင်းအောင် အများသိပ်ကောင်းအောင် ကိုယ့်သတ္တိကို အသုံးချတတ်ပါစေ။ သူတစ်ပါး အကျိုးဆောင်သူဟာ ကိုယ်ကျိုးမရှိနိုင်ဘူး။ ဒါကို ကြပ်ကြပ် သတိထားကြ။ ကိုရင်တို.၊ ဦးပဉ္စင်းတို.လည်း သူများအကျိုး ဆောင်နိုင်တဲ့ အင်အားရှိနေရင် ဆောင်ကြပါ။ သာသနာမှာ ရေသာခိုပြီး အချောင်မနေချင်ကြနဲ.။ ကဲ… တော်ပြီ။ မေတ္တာပို.၊ သိရန်မှန်က ဆိုကြ။

(၁) အရှေ.အရပ်၌ နေကြသော ကမ္ဘာသူ ကမ္ဘာသား သတ္တ၀ါအများတို.သည် ဘေးရန်ကင်းကွာ ကျန်းမာ ချမ်းသာကြပါစေ။

(၂) အရှေ.တောင်ထောင့်အရပ်၌ နေကြသော ကမ္ဘာသူ ကမ္ဘာသား သတ္တ၀ါအများတို.သည် ဘေးရန်ကင်းကွာ ကျန်းမာ ချမ်းသာကြပါစေ။

(၃) တောင်အရပ်၌ နေကြသော ကမ္ဘာသူ ကမ္ဘာသား သတ္တ၀ါအများတို.သည် ဘေးရန်ကင်းကွာ ကျန်းမာ ချမ်းသာကြပါစေ။

(၄) အနောက်တောင်ထောင့် အရပ်၌ နေကြသော ကမ္ဘာသူ ကမ္ဘာသား သတ္တ၀ါအများတို.သည် ဘေးရန်ကင်းကွာ ကျန်းမာ ချမ်းသာကြပါစေ။

(၅) အနောက်အရပ်၌ နေကြသော ကမ္ဘာသူ ကမ္ဘာသား သတ္တ၀ါအများတို.သည် ဘေးရန်ကင်းကွာ ကျန်းမာ ချမ်းသာကြပါစေ။

(၆) အနောက်မြောက်ထောင့် အရပ်၌ နေကြသော ကမ္ဘာသူ ကမ္ဘာသား သတ္တ၀ါအများတို.သည် ဘေးရန်ကင်းကွာ ကျန်းမာ ချမ်းသာကြပါစေ။

(၇) မြောက်အရပ်၌ နေကြသော ကမ္ဘာသူ ကမ္ဘာသား သတ္တ၀ါအများတို.သည် ဘေးရန်ကင်းကွာ ကျန်းမာ ချမ်းသာကြပါစေ။

(၈) အရှေ.မြောက်ထောင့် အရပ်၌ နေကြသော ကမ္ဘာသူ ကမ္ဘာသား သတ္တ၀ါအများတို.သည် ဘေးရန်ကင်းကွာ ကျန်းမာ ချမ်းသာကြပါစေ။

(၉) အထက်အရပ်၌ နေကြသော ကမ္ဘာသူ ကမ္ဘာသား သတ္တ၀ါအများတို.သည် ဘေးရန်ကင်းကွာ ကျန်းမာ ချမ်းသာကြပါစေ။

(၁၀) အောက်အရပ်၌ နေကြသော ကမ္ဘာသူ ကမ္ဘာသား သတ္တ၀ါအများတို.သည် ဘေးရန်ကင်းကွာ ကျန်းမာ ချမ်းသာကြပါစေ။

“သဗ္ဗဉ်ဉာဏ်တော် စွမ်းသုံးဖော်”

(၁) သိရမှန်က၊ မကျန်ရအောင်၊ လုံးဝစုံလင်၊ အကုန်မြင်၊ သဗ္ဗဉ်ဉာဏ်တော်အစွမ်းတည်း။

(၂) သိသည့်တရား၊ များအပြား၌၊ ဟောထားစဖွယ၊် နည်းသွယ်သွယ်ကို၊ ခြယ်လှယ်စုံလင်၊ အကုန်မြင၊် သဗ္ဗဉ်ဉာဏ်တော်အစွမ်းတည်း။

(၃) ကျွတ်ထိုက်ကြပေ၊ များဝေနေ၏၊ ဣနြေ္ဒစရိုက၊် သူ.အကြိုက်က၊ို နှိုက်ချွတ်စုံလင် ၊် အကုန်မြင၊် သဗ္ဗဉ်ဉာဏ်တော်အစွမ်းတည်း။

ဉာဏ်တော်စွမ်းပကား၊ ဤသုံးပါးကြောင့်၊ အများဝေနေ၊ ကျွတ်လွတ်စေဖို.၊ မနေမနား ၊ သက်တော်အားဖြင့်၊ ကြီးမားလေဘိ၊ ရှစ်ဆယ်ပြည့်၍၊ ပရိနိဗ္ဗာန်၊ စံသည့်တိုင်အောင် ၊ သယ်ယူဆောင်၊ ဘုန်းခေါင် ငါတို. ဘုရားတည်း။

အမျှဝေ

ဤကုသိုလ်အဖို.ကို မိဘ ဆရာ သံဃာအပေါင်း ဒါယကာ ဒါယိကာမအပေါင်း နတ်အပေါင်းနှင့် တကွ သတ္တ၀ါဟူသမျှတို.အား အမျှပေးဝေပါ၏။ အမျှရကြပါစေသတည်း။

(သာဓု၊ သာဓု၊ သာဓု)

( ဤမေတ္တာပို.ခြင်းနှင့် အမျှဝေခြင်းကို နေ.စဉ်နေ.တိုင်း အမရပူရမြို. မဟာဂန္ဓာရုံကျောင်းမှ သံဃာတော်များ ရွတ်ဆိုကြသည်။)



...

No comments: