Skip to main content
မနေ.က စာရဲ.အဆက် အနေနဲ.ရော မြန်မာ့ပညာရေး လောကအတွက်ပါ တွေးတော ဆင်ခြင်စရာ ရနိုင်မယ့် နောက်ထပ် ဆောင်းပါး တစ်ပုဒ် ထပ်တင်လိုက်ပါတယ်။

မြန်မာစာပေအကြောင်း

နံပါတ် (၄၉)

(ကျောင်းသားကလေးများနှင့် ပတ်သက်၍)

မြန်မာပြည်တွင် ယခုအခါ ကျောင်းများ၌ မြန်မာစာသင်ကြားပြသနေပုံ အကြောင်းကို အနည်းငယ် ထုတ်ဖော်ရေးသားရပေမည်။ မြန်မာသဒ္ဒါအကြောင်းနှင့် ပတ်သက်၍ ယခင်ဆောင်းပါးတို.တွင် အကျယ်အားဖြင့် ရေးသားခဲ့ပေပြီ။ ဤဆောင်းပါးတွင်ကား စာစီကုံးခြင်းအကြောင်းနှင့် ပတ်သက်၍ ရေးသားရန် ဖြစ်ပေသည်။

ယခုခေတ်၌ ကျောင်းဆရာတို.သည် ကျောင်းသားများအား စာစီစာကုံး ရေးသားပုံ နည်းစနစ်တို.ကို မသင်ကြားသေးဘဲ တစ်စုံတစ်ရာသော အကြောင်းကို စာစီကုံးခိုင်းကြ၏။ ထိုစာစီကုံးခိုင်းသော အကြောင်းအရာ တို.မှာလည်း ကျောင်းသားကလေးများနှင့် သင့်လျော်သော အကြောင်းအရာတို. မဟုတ်ဘဲ ရဟန်းတော်များနှင့် မြန်မာစာပေကို ကောင်းစွာ လေ့လာဖူးသူတို.သာ ရေးသားနိုင်မည် ဖြစ်သော အကြောင်းအရာတို.သာ ဖြစ်ကြပေသည်။

တစ်ခါတစ်ရံ ၁၅ နှစ်မျှ မပြည့်ကြသေးသော ကျောင်းသားကလေးတို.အား နက်နဲ၍ ခြောက်သွေ.လှသော “ရိုသေခြင်း၏အကျိုး”၊ “ဖြစ်လျှင်ပျက်မြဲ ” အစရှိသော အကြောင်းအရာ တို.ကိုလည်း အရေးခိုင်းကြသေး၏။ ဤကဲ့သို. ခက်ခဲသော အကြောင်းတို.ကို ငယ်ရွယ်သူ ကျောင်းသားကလေးများ အဘယ်မှာလျှင် စိတ်ကူးထုတ်၍ ရေးသားနိုင်ပါအံ့နည်း။ ထိုအခါ မိမိတို.၏ စိတ်ကူးဉာဏ်တို.ကို အသုံးမပြု ကြတော့ဘဲ လူကြီးများထံမှ ကြားဖူးသော စကားတို.ကို တိုက်ရိုက် ရေးသားသူက ရေးသား စာအုပ်ထဲမှ တိုက်ရိုက် ကူးယူသူကလည်း ကူးယူနှင့် ပြုလုပ်ကြရရှာလေ၏။ ဤသို. အရွယ်နှင့် မလိုက် နက်နဲ ခက်ခဲသော အကြောင်းအရာတို.ကို အရေးခိုင်းသော သူတို.မှာ ကျောင်းသားများ၏ ပင်ကိုယ်ဉာဏ်၊ စိတ်ကူးဉာဏ်၊ ဆင်ခြင်တတ်သော ဉာဏ်တည်းဟူသော အညွန်.အဖူးကလေးတို.ကို ချိုးဖဲ့ လိုက်ကြသော သူတို.ပေတည်း။

ကျောင်းသားကလေးများ ရှာဖွေ၍ ရေးသားပြီးသောအခါတို.၌လည်း ဆရာလုပ်သူတို.က ဂရုစိုက်ကာ ပြင်ဆင်ခြင်း မရှိ၊ သတ်ပုံ အမှားအယွင်းတို.ကိုသာလျှင် အနည်းငယ် ပြင်ဆင်၍ ပြန်ပေးလိုက်လေ့ ရှိ၏။ စာစီစာကုံး ရေးသားရာတွင် မည်သို. ကောင်းအောင် စီကုံးရမည် ဟူသော နည်းစနစ်ကို လည်းကောင်း၊ မည်သို.သော အကြောင်းကိ စီကုံးလျှင် မည်သို. စိတ်ကူးထုတ်ရမည် ဟူသော အကြောင်းတို.ကို လည်းကောင်း၊ အနည်းငယ်မျှ ဖော်ပြသွန်သင်ခြင်း မရှိသောကြောင့် ကျောင်းသားအပေါင်းမှာ စာပေ အရေးအသား၌ မတိုးတက်ရုံမျှမက စိတ်ကူးဉာဏ် ထိုင်းမှိုင်း၍ပင် လာတတ်ကြလေသည်။ ဤကဲ့သို.သော ကျောင်းဆရာတို. လက်အောက်၌ မြန်မာစာ သင်ကြားကြရသော ကျောင်းသားတို.မှာ မည် သည့်နေရာတွင်မျှ အဟုတ်အဟတ် မတတ်သည်မှာ အထူးအံ့သြရန် မရှိတော့ပေ။

ဤသို. ဖြစ်သောကြောင့် ဆရာတို.အပေါ်မှာသာလျှင် အပြစ်လုံးလုံးတင်ရန် အကြောင်းမရှိပေ။ ဆရာ အပေါင်းမှာ ဆိုင်ရာဆိုင်ရာ အစိုးရ စာမေးပွဲတို.တွင် မေးမြန်းလေ့ရှိသော မေးမြန်းလေ့ရှိသော မေးခွန်းတို.နှင့် တိုက်ဆိုင်မည့် အကြောင်းအရာနှင့် ပတ်သက်၍သာလျှင် တင်ကြိုကာ သင်ကြားထားကြရသောကြောင့် အပြစ်ဆိုစရာ ရှိလျှင် စာမေးပွဲနည်းစနစ်နှင့် စာမေးပွဲကို ယခု အုပ်ချုပ်လျက် ရှိသော အဖွဲ.တို.ကိုသာ ကောင်းစွာ အပြစ်ဆိုရန် ရှိပေတော့သည်။ ခုနစ်တန်း၊ ဆယ်တန်း စာမေးပွဲတို.၌ ကျောင်းသားများနှင့် မသင့်သော မေးခွန်းများကို မကြာမကြာ မေးမြန်းတတ်ကြ၏။ တစ်ခါတစ်ခါ စိတ်နုနယ်သေးသော ကျောင်းသားကလေးတို.ကိုပင် တိုင်းရေးပြည်ရေးနှင့် ပတ်သက်သော မေးခွန်းတို.ကိုလည်း မေးတတ်ကြပေသေး၏။ သပိတ်မှောက်ကိစ္စမပေါ်မီက ယခုထက်ပင် ပိုမို၍ ဆိုးပေသေး၏။ ယခုအခါတွင် အတော်အသင့် ကောင်းမွန်လာပေပြီ။ ဤထက်ကောင်းအောင် ဆောင်ရွက်နိုင်ကြပါစေသတည်း။

ယခုခေတ်၌ ကျောင်းသားကလေးတို.သည် မြန်မာစာပေကို မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆလုပ်၍ မရ အလေးဂရုပြုကာ သင်ကြားလေ့လာကြရသည့်အကြောင်းကို ကြားရသူတိုင်း ၀မ်းမြောက်ကြပေလိမ့်မည်။ စာမေးပွဲစစ်သောသူတို.ကလည်း မေးခွန်း ထုတ်သောအခါ ရှေးကထက်မြှင့်၍ စစ်ဆေးကြသည်ကိုလည်း ကြားရ၏။ ဤသို. စစ်ဆေးခြင်းကိုလည်း ကျေးဇူးတင်မိပေသည်။ မြှင့်သည်ဆိုရာ၌ ခက်သည်ကို မဆိုလို၊ ပိုမို ကောင်းမွန် သည်ကိုသာ ဆိုလိုရင်း ဖြစ်ပေသည်။ မြှင့်၍ စစ်ဆေးရာ၌ “ခက်လျှင်ပြီးရော” ဟူသော သဘောကို ထားကာ စစ်ဆေးခြင်းကား အကျိုးမရှိ။ ကျောင်းသားများ၏ အသိဉာဏ် အမြော်အမြင် စိတ်ကူးဉာဏ်တို.ကို အရင်းခံထားကာ မြှင့်၍ စစ်ဆေးခြင်းသာလျှင် အကျိုးကို ဆောင်ပေမည်။ မကြာမီက စာမေးပွဲ တစ်ခုတွင် စစ်ဆေး မေးမြန်းသော မေးခွန်းတစ်ခုမှာ ကျောင်းသားများနှင့် မအပ်မရာ မဆိုင်သော အချက်များကိုပါ ခက်အောင် ရွေး၍ မေးထားသည်ကို တွေ.မြင်ရပေသည်။ ကျောင်းသားများ ဖြေဆိုနိုင်ရန်ကို မဆိုထားဘိ ၄င်းတို.၏ ဆရာများနှင့် မြန်မာစာပေတွင် များစွာ ကျွမ်းကျင်သူ ဆရာကြီးများပင်လျှင် မဖြေနိုင်သဖြင့် လက်မှိုင်ချ ကြရသည်ကို တွေ.မြင်ရသောအခါ “သြော် ဤမေးခွန်းကို ထုတ်သူမှတစ်ပါး မည်သူအား ဖြေဆိုနိုင်ပါအံ့နည်း” ဟူ၍ ညည်းညူ မိခဲ့ပါသည်။ ၄င်းမေးခွန်းမှာ ပညာအုပ် ဦးဘိုးစိန်၏ လက်ရာဟူ၍ ကြားရ၏။ မှန်မမှန်ကိုကား မဖြေကြားနိုင်။

ကျောင်းသားတို.၏ စိတ်ကူးဉာဏ်ကိုလည်း အားမပေး။ စာအရေးအသား ကျနရန်လည်း ထောက်ပံ့ခြင်း မရှိသော မေးခွန်းတို.ကို ခက်လျှင်ကောင်းပြီ ဟူသော အနေမျိုးဖြင့် ထုတ်ခြင်းကား မြန်မာစာပေကို အားပေးသည် မမည်ပေ။ “ ၀မ်းဘဲဟသာင်္ အင်းကိုပစ်၍ မြစ်ကိုရှာ ရေသာများ၍ ငါးမတွေ.” ဆိုသော စကားကဲ့သို. မြန်မာစာပေတွင် မဆိုင်သော အခက်မေးခွန်းတို.ကို မေးနေပါလျှင် မေးခွန်းခက်၍ အကွက်မစေ့ ဖြစ်မည်ကို ကောင်းစွာ သတိချပ်ကြရာသတည်း။

၂၈ ဇွန်၊ ၁၉၂၉

သူရိယသတင်းစာ

Comments

Popular posts from this blog

တို့များလည်း က ဖူးပါတယ်..

 ဒီနေ့  ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ်  လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ..  : P     အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။

မြန်မာ့နိုင်ငံရေးသမိုင်းလေ့လာချက်၊ အမျိုးသားနေ့ပေါ်ပေါက်လာပုံ- (တင်နိုင်တိုး)

ြ မန်မာ့နိုင်ငံရေးသမိုင်း လေ့လာချက် အမျိုးသားနေ့ပေါ်ပေါက်လာပုံ တင်နိုင်တိုး နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်း လဆုတ် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ထားပါသည်။ ယင်းသို့ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့အား အမျိုးသားနေ့အဖြစ် အသိအမှတ်ပြုပါရန် အဆိုပြုခဲ့သူမှာ ဂျပ်ဆင်ကော်လိပ်ကျောင်းသားဟောင်း ကိုမြင့် ဆိုသူဖြစ်သည်။ ဂျီစီဘီအေ န၀မမြောက် ကွန်ဖရင့်၏ နောက်ဆက်တွဲအဖြစ် ၁၉၂၂ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့ ဂျူဗလီဟော (ယခုစစ်သမိုင်းပြတိုက်နေရာ) ၌ ဂျီစီဘီအေ အထူးကွန်ဖရင့်ကို ကျင်းပခဲ့ရာ ယင်းအစည်းအဝေးကြီးက အတည်ပြုပေးခဲ့ခြင်း ဖြစ်ပါသည်။ အမျိုးသားနေ့ သတ်မှတ်ရေး မန္တလေးမြို့တွင် ၁၉၂၁ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့၌ စတင်ကျင်းပခဲ့သည့် ဂျီစီဘီအေ န၀မမြောက်ကွန်ဖရင့်၏ စတုတ္ထနေ့ဖြစ်သော အောက်တိုဘာလ ၂၄ ရက်နေ့တွင် အမျိုးသားနေ့ သတ်မှတ်ရေးကိစ္စကို ဆွေးနွေးခဲ့ကြသည်။ ထိုနေ့ အစည်းအဝေး၏ သဘာပတိမှာ ဦးချစ်လှိုင်ဖြစ်ပြီး အမျိုးသားနေ့ သတ်မှတ်ရန် အဆိုသွင်းခဲ့သူမှာ ကန်ကြီးထောင့်မှ ဦးဘသော်ဆိုသူ ဖြစ်ပါသည်။ ဦးဘသော်က မြန်မာ တမျိုးသားလုံးအတွက် အရေးကြီးလှသော အမျိုးသားနေ့ဟူ၍ သတ်မှတ်သင့်ကြောင်း အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။ ဥ...

အမှတ်တရ...

၁၉၈၈-ခုနှစ်ရဲ့ မတ်လ ၁၁-ရက်နေ့... အဲဒီနေ့က ကြို့ကုန်းက ရန်ကုန် စက်မှုတက္ကသိုလ်ဝင်းထဲမှာ  စည်ကားနေကြတယ်လေ..။ စုပေါင်း သွေးလှူပွဲ ရှိတာကိုး။ ကျောင်းသူ ကျောင်းသားတွေလည်း စိတ်အားထက်သန်စွာ ကိုယ့်သွေးတွေကို ပေးလှူခဲ့ကြတယ်..။  (အဲဒီနေ့ သွေးလှူပွဲကတော့ ၀မ်းမြောက်စွာနဲ့ပေါ့...) ကျမလည်း သွေးလှူဖို့ ရည်စူးထားခဲ့လို့  အဲဒီ အလှူပွဲ ၀င်နွှဲခွင့်ကြုံခဲ့သေးပါတယ်.... အဲဒါ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်များတောင် ဖြစ်မလားမသိ...။ ပြီးတော့ သွေးလှူရှင်တံဆိပ်လေးတစ်ခုရယ်.. သွေးလှူမှတ်တမ်းကဒ်လေးရယ်.. ကြက်ဥပြုတ်လေး တစ်လုံးရတာတော့ မှတ်မိနေခဲ့တယ်...။ ပြီးတော့ အဲဒီ သွေးလှူရှင်တံဆိပ်ကလေးကို တစုံတယောက်ကို မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့လိုက်တယ်... အဲဒီနေ့က သူ့ မွေးနေ့ပါ.....။ သူ့မွေးနေ့မှာ ကိုယ်ရည်စူးလှူဖြစ်ခဲ့တဲ့ သွေးအလှူဟာ  လိုအပ်နေတဲ့ တစ်စုံတစ်ယောက်အတွက် အထောက်အကူဖြစ်ခဲ့ရင်.. သူရော ကိုယ့်အတွက်ပါ မွန်မြတ်တဲ့ အလှူဖြစ်စေဖို့ပါ...။ သွေးလှူပြီးပြီးချင်းပဲ  ရန်ကုန်ကနေ  မိဘတွေရှိတဲ့ ပဲခူးကို လိုင်းကားနဲ့ ပြန်လာတော့ ခေါင်းတွေ  တအားမူးနေလို့ မရပ်နိုင်ပဲ အတူလိုက်လာတဲ့ သူငယ်ချင်းရဲ့ လက်ကိ...