Thursday, November 15, 2007

ကျမ ဆရာကြီးရဲ. တို.တိုင်းပြည်ကဗျာကို ရှာနေတာကြာပြီ။ ရှာတွေ.တော့လည်း မပြည့်စုံပြန်ဆိုတော့ ဖတ်ချင်တာ အားမရဘူး။ မနေ.က စာအုပ် အဟောင်းတွေ ပြန်ဖွတော့ တက္ကသိုလ်ဝင်းမွန် ရေးတဲ့ ခေတ်သစ်ကဗျာမိတ်ဖွဲ. ထဲမှာသွားပြန်တွေ.တော့ ပျော်သွားရတယ်။ ဒါနဲ.ပဲ အချစ်ကဗျာတွေ ဘေးဖယ်ပြီး ဒီကဗျာလေးကို တင်လိုက်ပါတယ်။ `တို.တိုင်းပြည်´ပါ။ ကျမတို.ရဲ. မြန်မာပြည်ပေါ့။ ဆရာကြီးက `တို.တိုင်းပြည်´ အပါအ၀င် ကဗျာငါးပုဒ်ကို `မျိုးချစ်ကဗျာစု´ အမည်နဲ. ၁၉၃၅-၃၆ ခုနှစ် ရန်ကုန်တက္ကသိုလ် သမဂ္ဂက ထုတ်ဝေတဲ့ အိုးဝေမဂ္ဂဇင်းမှာ ရေးဖွဲ.ခဲ့ပါတယ်ဆိုတာ အဲဒီစာအုပ်ထဲမှာ ဖော်ပြထားပါတယ်။ ဆိုတော့... ဆရာကြီးကဗျာက အခုလို နှစ် ၇၀-ကျော်ကြာတဲ့ ဒီအချိန်အထိ ခေတ်မီနေတုန်းပဲဆိုတာ တွေ.လိုက်ရတော့ ကျမ တော်တော်အံ့သြမိပါတယ်။


တို.တိုင်းပြည်

ထလော့ မြန်မာ၊ အို-မြန်မာတို.
တို.ရွာတို.မြေ၊တို.ရွာမြေ၀ယ်
စေတီစပါး၊များလည်းများ၏
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
ယာစကာမျိုး၊တညှိုးညှိုးနှင့်
ပုထိုးမြင့်မောင်း၊ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျက်
မစားလေရ၊၀မ်းမ၀၍
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။

ထလော့မြန်မာ၊ အို မြန်မာတို.
တို.ရွာတို.မြေ၊ တို.ရွာမြေ၀ယ်
ရေချိုသောက်ရန်၊မြစ်ချောင်းကန်နှင့်
သီးနှံ ချိုပျား၊များလည်းများ၏
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ကာလကြာလျှင်
မြင်သာမြင်ရ၊ မစားရ၍
တောကပြိတ္တာ ဖြစ်မည်တည်း။

ထလော့ မြန်မာ၊ မြန်မာထလော့
အားမပျော့နှင့်၊ မလျှော့လုံ.လ
သူကစ၍၊ ငါကအားလုံး
လက်ရုံးများမြောင်၊ ဉာဏ်များမြောင်နှင့်
စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့
ဤမြေ ဤရွာ၊ ဘယ်သူ.ရွာလဲ
ဤယာစပါး၊ ဘယ်သူ.စပါးလဲ
ထားလော့တာဝန်၊ ပွန်လော့ လုပ်ငန်း
ဉာဏ်ရှေ.ပန်း၍

တ၀မ်းတစိတ် ညီစေသတည်း။ ။



No comments: