e-mail က ရလာတဲ့ ကဗျာလေးတပုဒ်ကို ကြိုက်လို. တင်လိုက်တာပါ..မနေ.က သူငယ်ချင်းတစ်ယောက်ရဲ. စိတ်မကောင်းစရာ သတင်းလေးကြားရတော့ ငယ်တုန်းက သူငယ်ချင်းတွေကို ပြန်သတိရကြတယ်.. သူ.အကြောင်းတွေလည်း ပြောဖြစ်ကြတယ်.. တိုက်တိုက်ဆိုင်ဆိုင် ဒီကဗျာလေးဖတ်လိုက်ရတော့ ကျမတို.တစ်တွေ မပြီးဆုံးနိုင်တဲ့ နိစ္စဓူဝ ကိစ္စတွေနဲ.ပဲ အချိန်ကုန်သွားတာတွေကို ပိုသတိထားမိလာတယ်.. .သတိနဲ.နေဖို. ကြိုးစားရင်း ကိုယ့်ချစ်သူ ကိုယ့်အရေးပါတဲ့သူတွေနဲ. ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေး အပြစ်မကင်းတဲ့ ဟန်ဆောင်မှုတွေ မပါပဲ နေသွားကြဖို. ကျမစဉ်းစားမိတာပါ...
ဒီနေ့ ချိုသင်းရဲ့ သူငယ်ချင်း အိအိ နဲ့ ကကြတဲ့ အကြောင်းဖတ်ပြီးတော့ ကိုယ့်ရဲ့ အနုပညာ အကဘက်မှာ ဘယ်လောက်များ ပါရမီပါလိုက်သလဲဆိုတာ သူငယ်ချင်း ညီအစ်မတွေကို အမှတ်တရအဖြစ် လက်တို့ပြီး ကြွားချင်လို့ တင်လိုက်တာပါ.. : P အဲဒီပုံလေးတွေက ကျမ မူကြိုတက်တုန်းက ကျောင်းကပွဲမှာ ကခဲ့တဲ့ပုံလေးတွေပါ... ဘယ်ပုံကတော့ ကျမပါလို့ ပြောပြစရာ မလိုဘူး ထင်ပါရဲ့နော်.. သူများတွေနဲ့ မတူ..တမူထူးခြားတဲ့ ကကွက်နဲ့လေ..။ လက်ချိုးတာများ လွယ်တယ်မှတ်လို့...တကယ်ဆို ယာဉ်ထိန်းရဲမေ လုပ်သင့်တာနော်... ကိုယ်မှားလည်း ခပ်တည်တည်ပဲ.. ဘေးမကြည့် လိုက်မညှိပဲ နေတတ်တာကတော့ ငယ်ငယ်ထဲကပဲ...။
Comments