Skip to main content

Kyaik Htee Yoo Diary (1)


ကျမ ကျိုက်ထီးရိုးဘုရား ဖူးပြီးကတည်းက စာတပုဒ်တော့ တင်မယ်လို.စိတ်ကူးထားပေမယ့် ပြီးအောင် မရေးဖြစ်ခဲ့ဘူး။ အမှတ်တရ အဖြစ်နဲ.တော့ ရေးရမှာပါပဲ။ သည်တခါ ခရီးက ကျမတို.မိသားစု သက်သက်ချည်းပဲ ကိုယ့်ကားကိုယ်မောင်းပြီးသွားတာ ပထမဦးဆုံးအကြိမ် ဖြစ်နေလို.လေ။ အရင်ကသွားရင် သူများမောင်းတာတို.၊ ကားငှားသွားတာနဲ.၊ သူများနဲ. ကပ်လိုက်ရတာတွေ ဆိုတော့ သည်တစ်ခါ တစ်မျိုးပေါ့။ ကျမ အမျိုးသားကတော့ ကလေးတွေ ပါနေတော့ အဖော် ယောကျာၤးသား တစ်ယောက်ပါစေချင်တယ်။ သူများတွေလည်း ဒီလို ရုံးပိတ်ရက်တွေ ဆက်နေတော့ နားချင်ရှာလိမ့်မယ်လို.သဘောမတူသယောင်ယောင် အရိပ် ပြတယ်။ ကျမက အရင်ကထဲက တစ်ယောက်ယောက်ကို အားကိုးနေရတာကြီးကို သိပ်မကြိုက်လှဘူးလေ။ နောက်တော့ ကျမကလည်း အတင်းတိုက်တွန်းတော့ `အင်းလေ ... ကျိုက်ထီးရိုးနဲ. ရန်ကုန် နီးနီးလေးပဲဟာ´ လို. သူကိုသူ ဖြေတွေးလေးနဲ. အားပေးရင်း ကျမတို. ခရီးထွက်ဖြစ်ခဲ့ပါတယ်။ ထုံးစံအတိုင်း `on time couples´ ဖြစ်လေတော့ နောက်ဆုံးအချိန်ထိ ဖုတ်ပူမီးတိုက်ပါပဲ။ ကျမတို.အနေနဲ.ကတော့ အရေးထဲ အရာပေါ်တာ ရိုးနေပါပြီ။ မင်္ဂလာဆောင်တုန်းကတောင် ဧည့်သည်တွေတချို. စားပြီးပြန်တော့မှ ကျမတို. မင်္ဂလာစုံတွဲက ရေးကြီးသုတ်ပျာနဲ. ဘုန်းကြီးကျောင်းကို ခြေသုတ်နှင်ခဲ့ရပါတယ်။ မင်္ဂလာဆွမ်းကျွေးကိုလာတဲ့ ကားတွေပိတ်နေလို. ကျမတို.လည်း အခွင့်ထူးမရခဲ့ပါဘူး။ ပိတ်တဲ့နေရာမှာ ရပ်ပြီး အပြေးသွားခဲ့ရပါတယ်။ ပြန်တော့လည်း သူများတကာစုံတွဲတွေလို `just married ´ လို. ရေးထားတဲ့ ကားနောက်ခန်းမှာ လက်ထပ်ပြီးကာစ မောင်မယ်တွေလို ကြည်ကြည်နူးနူး မနေဖြစ်ခဲ့ရပါဘူး။ မင်္ဂလာမောင်နှံ ထိုင်ရမယ့်နေရာမှာ (အလိုက်မသိတဲ့..ဟဲဟဲ) သူငယ်ချင်းတွေက ထိုင်ကြပါတယ်။ ကျမတို.ကတော့ ရှေ့ကတစ်ယောက်ခုံမှာ ဣန္ဒြေသိက္ခာရှိရှိ တဟားဟား ရယ်မောရင်းနဲ. နှစ်ယောက် ပူးကပ်ပြီး ထိုင်ခဲ့ရပါတယ်။ ပြောချင်တာက ကျမတို. ဘဝခရီးအစ ကတည်းက ဒီလိုပါလို.။ နောက် လည်း ဒီလိုပါပဲ။
ထားပါတော့။ ဘယ်လိုပဲ ပျာယာပျာယာဖြစ်ဖြစ် အချိန်ကတော့ ရောက်လာတာပဲ။ ကျမတို.လည်း အိမ်ကထွက်ရင် နောက်ကြောင်းပြန်မလှည့်တော့ပါဘူး။ ဘာပဲ ကျန်ခဲ့ကျန်ခဲ့. လူပါနေရင် ပြီးရောလေ။ ၂၃-ရက်၊ နိူဝင်ဘာလ မနက် ၆-နာရီကျော်ကျော်လောက်မှာ ကျမတို.ရန်ကုန်က စထွက်ပါတယ်။ ရန်ကုန်မြို.ထဲကနေ မနက်စောစော ခရီးထွက်ရတဲ့ အရသာကို ကျမ တကယ် မက်မောပါတယ်။ စိတ်ကြည်နူးဖို.သိပ်ကောင်းပါတယ်။ ကျမကတော့ ခရီးသွားရင် အိပ်လေ့မရှိပေမယ့် အမျိုးသားက ကားပေါ်ရောက်တာနဲ.အိပ်တတ်တော့ ကျမ သူအိပ်မငိုက်အောင် ကရုစိုက်ရပါတယ်။ နောက်ဘက်မှာတော့ ကျမတို.ရဲ. ရင်နှစ်သည်းချာလေးတွေက ဇိမ်ကျနေကြပါပြီ။ တစ်နာရီကျော်ကျော်လောက် မောင်းလိုက်တော့ ပဲခူးမြို.ထဲအဝင် လ္ဘက်ရည်ဆိုင်မှာ မနက်စာ ကော်ဖီ၊ ပဲပလာတာ၊ ပဲအီကြာတွေ စားကြပါတယ်။ ပူပူနွေးနွေး ကြွပ်နေတဲ့ အီကြာကွေးက တော်တော်စားလို.ကောင်းပါတယ်။ ပြီး ဘုရားကြီးကို ခရီးဆက်ကြပါတယ်။ အသွားမှာ ကျမတို.ကား ဆီ ၂ ဂါလံ ဘုရားကြီးဆီဆိုင်က ဆီထည့်လို.ရပါမယ်။ ဆီထည့်ပြီး လမ်းညွန်တဲ့အတိုင်း ဆက်မောင်းလိုက်တာ မနက် ၁၀နာရီကျော် ၁၁-နာရီခန်.မှာ ကျိုက်ထီးရိုးဘုရား အောက်စခန်းဖြစ်တဲ့ ရေမြောင်ကြီးကို ရောက်ပါတယ်။ အပေါ်တက်တဲ့ ကားကြီးဝင်းနားထိမောင်းသွားပြီး ကားအပ်လို.ရတဲ့နေရာမှာ တစ်ည ၃၀၀၀-ကျပ်နဲ. နှစ်ည အတွက် ကားသော့ပါ အပ်ခဲ့ရပါတယ်။ များသောအားဖြင့် ကားကြီးတွေက ရသေ့တောင်အထိပဲ တက်ခွင့်ရှိပါတယ်။ ချောကားလို.ခေါ်တဲ့ ကားမျိုးတွေကသာ တောင်ပေါ်အထိ တက်ခွင့်ရှိပါတယ်။ အဲဒါကလည်း အတိအကျ ပြောလို.မရပါဘူး။ သက်ဆိုင်ရာက လိုတဲ့အခါမှသာ ခေါ်လေ့ရှိပါတယ်။ ကျမတို.ရောက်တဲ့အချိန်မှာ တောင်ပေါ်အထိတက်မယ့် ချောကားတစ်စီးက လူပြည့်သွားလို. ကျမတို.လိုက်ခွင့်မရခဲ့ပါဘူး။ ချောကားဆိုတာ VIP တွေရှိလို. ဆွဲပေးတာဖြစ်တဲ့အတွက် ကားရှေ.ခန်းကိုတော့ သာမန်လူဖြစ်တဲ့ ကျမတို. မျက်စောင်းထိုးခွင့် မရှိပါဘူး။ အဲဒီတော့ ကားနောက်ခန်း အမိုးမပါတဲ့ နေပူကျဲကျဲထဲလိုက်ဖို. ဦးထုပ်တွေ ဝယ်ဖို. ကြည့်ရပါတယ်။ အဒေါ်ကြီး တစ်ယောက်ဆီက ဝယ်ဖြစ်သွားပါတယ်။ စ စ ချင်းပဲ ဦးထုပ်တစ်လုံး ပျှမ်းမျှ ၁၀၀၀ ကျပ်နှုန်းနဲ. ကျပ် ၅၀၀၀ ထွက်သွားပါပြီ။ နာရီဝက်လောက် စောင့်ပြီးတဲ့အချိန်မှာတော့ ကျမတို.နေရာဦးရမယ့် ကားကြီးဆိုက်လာပါတယ်။ အရင်က နေရာယူဖို.ရှက်တတ်တဲ့ ကျမအမျိုးသား အခုတော့ ကလေးတွေနဲ.မိန်းမ အတွက် အရပ်ကြီး ကလန်ကလားနဲ. ကျော်ခွပြီး ရှေ့ဆုံးကတက်ပြီးနေရာဦး ပါတော့တယ်။ ပစ္စည်းတွေသယ်ပေးတဲ့ အထမ်းသမားကောင်လေးရဲ. လမ်းညွှန်မှုကြောင့် အရှေ့တန်း ၅ နေရာကိုချန်ထားပြီး အနောက်ဆုံးကနေ တတိယတန်းနဲ. စတုတ္ထတန်းမှာ ခွဲပြီးနေရာယူပါတယ်။ လက်တစ်ထွာလောက်ရှိတဲ့ သစ်သားတန်းတွေ တန်းထားတဲ့ခုံတန်းတစ်တန်းမှာ လူ ၆ယောက်ဆန်.အောင်ထိုင်ရပါတယ်။ ကျမလို ၅ ပေသာသာလူမျိုးအတွက်တောင် ရှေ့တန်းနဲ. ဒူးကမလွတ်ချင်ချင်။ ၆-ပေနီးပါးရှိတဲ့ ကျမ အမျိုးသားကတော့ သူ.ဖာသာသူ အဆင်ပြေအောင်နေတတ်လေရဲ.။ ခဏနေတော့ကားပေါ်ကို တန်းစီနေတဲ့လူတွေ အကုန်ရောက်ပြီ။ ကားက မပြည့်သေးဘူး။ အဲဒီအချိန်မှာပဲ လူတစ်ယောက ်တက်လာပြန်ပြီး စပယ်ယာကောင်လေးကို ဟောက်နေတယ်။ သူပြောထားတဲ့ တစ်တန်းစာ ချန်မထားလို.တဲ့။ တစ်ခါ ကောင်လေးက ထိုင်နေတဲ့လူတွေကို အတင်းစီပြီး သူ.ဆရာအတွက် ခုံတစ်တန်းထွက်အောင် လုပ်ပေးလိုက်တယ်။ ကျမတို. tetris ကစားသလိုပါပဲ။ ထောင်ထည့်ထည့် ထိုးထည့်ထည်. နေရာ ရလာဖို.အရေးကြီးတာကိုး။ ပြီးထိုင်ခုံလုပ်ထားတဲ့သစ်သားတန်းကို ဖယ်ပြီး အောက်ချထားလိုက်တယ်။ သူများတွေ ထိုင်ရင်ထပ်ရှုပ်မှာစိုးလို.။ ၁၀-မိနစ်လောက်ကြာတော့ အဲဒီလူ ပြန်တက်လာပြီး သူ.လူတွေ မလိုက်ဖြစ်တော့ဘူးတဲ့။ ထမင်းစားဦးမယ်တဲ့။ အော်... ကောင်းပါတယ်၊ ကောင်းပါတယ်။ နောက်ထပ်ရောက်လာတဲ့ ၈-ယောက်အုပ်စုကို တင်လိုက်တာ ကွက်တိပဲ။ ထွက်တော့မယ် အောက်မေ့နေတာ။ စပယ်ယာက လူရေတွက် နေပြန်တယ်။ နောက်... သူတို.အချင်းချင်း ပွစိ၊ ပွစိ တိုင်ပင်ရင်း ၄-ယောက်ပိုနေလို.တဲ့။ လူပိုနေရင် သူတို.ကို ဂိတ်က ဒဏ်ကြေးကောက်မယ်လေ။ ဒီတော့ ၄-ယောက်တွဲ အုပ်စုပါရင် ဆင်းပေးပါတဲ့။ ဒါမှ မြန်မြန်ထွက်နိုင်မယ်တဲ့။ အရူးလား။ နေရာရပြီး ဘယ်သူကဆင်းချင်မှာလဲ။ ကျမတို.အုပ်စုကတော့ ကွက်တိ ၄-ယောက်ပဲ။ ဒါပေမယ့် ဒီလောက်အကြာကြီးစောင့်နေပြီးမှ နောက်ထပ် ဆက်မစောင့်နိုင်တော့ဘူး။ ထပ်ပြောတယ်။ ဘယ်သူ.မှ မလှုပ်ဘူး။ မကျေနပ်တဲ့လူတွေက `ဆင်းချင်းဆင်းရင် နောက်မှ တက်တဲ့သူတွေ ဆင်းပေစေပေါ့´လို.ပြောတော့ အုပ်စုကြီးနေလို.တဲ့။ အဲဒီအုပ်စုကလည်း ကားသမားက သူတို.ဘက်မှာလို.လည်းသိရော.. ခွဲလို.မရဘူး။ ဆင်းချင်းဆင်း အကုန်ဆင်းရမှာပဲ လို. ကားသမားကို ခြိမ်းခြောက်ပြန်ရော။ နောက်ဆုံး ဘယ်သူမှ မဆင်းတော့ ကားသမားက နောက်ဆုံးအုပ်စုကို ဆင်းခိုင်းလိုက်ရတယ်။ တကယ်တမ်းကျတော့လည်း အောက်မှာ ရှိနေတဲ့ လေးယောက်အုပ်စု ၂-စု တက်လာတော့ ပြီးသွားတယ်။ ကဲ။ ကားတော့ထွက်ပြီ။ တောင်ပေါ်ကို။ ကျမကတော့ ဒီကားပေါ်အတက်အဆင်းနဲ.ကို သင်ခန်းစာတစ်ခုရလိုက်ပါတယ်။ ဘဝလမ်းကလည်း ကားပေါ်တက်ရသလိုပဲ။ အတက်လည်း ခက်၊ အပေါ်ရောက်အောင်လည်း အလုအယက်တက်။ အပေါ်သွားတုံး ခဏလေး ထိုင်စီးရမယ့် ခရီးလေးတောင် နေရာရပြီးသွားရင် ဖယ်ပေးဖို.ဆိုတာ ခပ်ခက်ခက်ပါလားလို.။ ကျမတို.ပဲကြည့်။ တစ်ဦးချင်းစီဆို ကျမပဲဖြစ်ဖြစ်၊ ကျမ အမျိုးသားပဲဖြစ်ဖြစ် နေရစ်ခဲ့ပေးဖို. စိတ်လေးတွေ အရင်က ရှိခဲ့ကြသူတွေပေမယ့် ကိုယ့်သားသမီးဆိုတဲ့စိတ်၊ ငါ့အတွက်ဆိုတဲ့စိတ်တွေ ပါလာကြတဲ့အခါ .......။ ဒါပေမယ့် ရှက်စရာလို.ထင်တတ်ရဲ.လား။ အခွင့်အရေးဆိုတာကရော တောင်းရဲသူတွေ၊ လုပ်ပိုင်ခွင့်ရှိသူတွေရဲ.လက်ထဲမှာပဲ ရှိသင့်သလား။ တန်းတူအခွင့်အရေးဆိုတာ မတောင်းပဲနဲ. ရပိုင်ခွင့် မရှိသင့်ဘူးလား။ ကျမလည်း မရှင်းတတ်တဲ့မေးခွန်းသံသရာထဲမှာပဲ ကိုယ့်ဘာသာ ပြန်မေးနေမိတယ်။......။
နောက်နေ.မှ ခရီးစဉ် ပြန်ဆက်ပါဦးမယ်။ အခုတော့ကားပေါ်ကနေ တောင်ပေါ်ဆီသို့.........။

Comments

Popular posts from this blog

၁၁၂၇

ဘဝမှာ အခက်ခဲဆုံး အချိန်တွေကို ကျော်ဖြတ်နေရသလိုပါပဲ.... အားလုံးက ခက်ခဲနေကြတဲ့ကြားထဲ ကိုယ်က ထူးပြီး ခက်ခဲနေတာတော့ မဟုတ်ဘူးပေါ့.....ပတ်ဝန်းကျင်လိုက်ကြီး ခက်ခဲကြပ်တည်းနေကြတာ....အစစ အရာရာပေါ့လေ... ကိုယ်လည်း စိတ်ထဲ အဆင်ပြေမနေဘူး.... နေရတာလည်း လဟုတာ၊ မုဒုတာ ဖြစ်မနေဘူး... အရင်ကလို စိတ်ထဲရှိသမျှ ရေးချနိုင်တဲ့ blog ခေတ်ကို ပြန်လွမ်းလို့ ပြန်လာခဲ့တယ် ဆိုပါေတာ့.... မနေ့...အဲ...ဟို တနေ့လောက်က စပြီး Netflix က ကိုးရီးယားဇာတ်လမ်းတွဲ တခု ကြည့်ဖြစ်တယ်.... ပုံမှန်ဆို တညထဲနဲ့ အကုန်ကြည့်တတ်ပေမဲ့...အဲဒီ့ကားလေးကိုတော့ နားနားပြီး ကြည့်ရတယ်... ပြောရမယ်ဆိုရင် စိတ်ကို ဘယ်နားထားရမှန်းမသိလို့ အချိန်ဖြုန်းနေတဲ့ သဘောပါပဲ... ကိုယ်က ငယ်ငယ်ကတည်းက တက္ကသိုလ်ဘုန်းနိုင် ရဲ့ စာအုပ်တွေဖတ်ပြီး စိတ်ပညာကို  စိတ်ဝင်စားလို့ တက္ကသိုလ်ဝင်ခွင့်တင်တော့ ကိုယ်တိုင်မတင်လိုက်ရဘူး...ဖေဖေပဲ တင်ပေးတာထင်ရဲ့... ပထမ၊ ဒုတိယ၊ တတိယ ဦးစားပေးတွေက သိတဲ့အတိုင်း ဆေး၊ စက်မှုု အီကို၊ ပြီးရင် စိတ်ပညာ လို့ လျှောက်ထားဖြစ်ခဲ့တယ်... အခု အမှတ်တမဲ့ ကြည့်မိတဲ့ ကိုရီးယားကားလေးက တက္ကသိုလ်ဆေးရုံတခု ရဲ့ စိတ်ကျန်းမာရေး unit တခုက သူနာပြုဆရာမလေးကို အခြေခံတဲ့ ဇာတ်လမ်

ဥယျာဉ်တော်ထဲက သရက်သီး ငတက်ပြား ..အပိုင်း (၂) (K-မမ ရေးသည်)

တွဲလဲရယ် နေပါဦး.. (ပုံလေးကို ဒီကယူပါသည်) “ ဟိတ်ကောင် .... မင်းထမီကို ခါးတောင်းကျိုက်လိုက်.. ..ဒီထိုင်ခုံကို ငါ နံရံမှီထားပေးမယ်။ ထိုင်ခုံဘောင်ကနေ နောက်မှီတန်းပေါ်ကိုလှမ်း။ လက်နှစ်ဖက်က အဲဒီ သံဇကာကိုဆွဲ။ ဟိတ်ကောင် ..... မှန်စောင်းနဲ့ လွတ်တဲ့နေရာကို ပြောတာ။ မင်းလက်တော့ မှန်ရှတော့မှာပဲ။ အေး.... ဟုတ်ပြီ အဲဒီလို ခဏခိုထား။ ငါဒီပြတင်းပေါက်ကို မြဲမြဲကိုင်ထားမယ်။ ညာခြေထောက်က ပြတင်းပေါက်ဘောင်ပေါ်ကို လှမ်းနင်း။ နင်း .....ရဲရဲသာနင်း။ ပြုတ်ကျရုံအပြင် ဘာမှမဖြစ်ဘူး။ ဘယ်ခြေထောက်က တလှမ်းတက်။ အေး .... ညာခြေထောက်က ခေါင်းမိုးပေါ်ချ။ ညာလက်က ခေါင်ချုပ်သစ်ကိုဆွဲ။ ဘယ်ခြေကိုပါ တခါတည်း ခေါင်းမိုးပေါ်ချ။ အေး.... ဟုတ်ပြီ။ ရော့ .....ဝါးလုံး။ ဟိတ်ဟိတ်..... အဲဒီအလယ်လောက်မှာပဲနေ။ ဆက်မဆင်းနဲ့။ တော်ကြာ ခေါင်းမိုးပေါ်က ပြုတ်ကျနေလို့ ကျော်မကောင်း ကြားမကောင်းတွေ ဖြစ်နေအုံးမယ်။ ဟူး …… နင့်ကိုပြောရတာ မောလိုက်တာ။” ဒုန်း .. ဒုန်း .. ဒ ရော … ဘုတ်။ ( ဒုန်း = သရက်သီး ခေါင်မိုးပေါ်သို့ ပထမကျသံ၊ ဒုန်း = နောက်တဆင့်ခုန်သံ၊ ဒ ရော = သရက်သီး သွပ်ပြားပေါ်လိမ့်သံ။ ဘုတ် = သရက်သီးမြေကြီးပေါ်ကျသံ ) “ ဟာ .... ဟိတ်ကောင် .... ခေါင်းမိုးနဲ့ လွတ

မမာကျန်းသူများအကြောင်း။

  ကားတွေ မီးပွိုင့်မိနေတုန်း လမ်းဘေးမှာ အပေါစား  စကတ်တို ညစ်ထပ်ထပ်လေးနဲ့ မော်ဒယ်လေးတစ်ယောက်လို လမ်းလျှောက်သွားတဲ့ အမျိုးသမီးတစ်ယောက်... တခုခု လွဲနေသလားလို့....သေသေချာချာ ကြည့်မိလိုက်ပါတယ်.... စိတ်မကောင်းစရာ...ဆံပင်ဖြူဖြူ အရေတွေတွန့်လို့...သူ့ပုံစံကတော့ တကယ့်ကို မော်ဒယ်လေးတစ်ယောက် cat  walk လျှောက်သလို  confidence အပြည့်နဲ့..... နောက်တစ်ယောက်ကတော့ နေပူကျဲကျဲထဲမှာ အထပ်ထပ် ထပ်ထားသော အ၀တ်အစားများက ရာသီစုံ အ၀တ်စုံ...၀က်ဝံကြီး တစ်ကောင်စာလောက် ဖြစ်လာတဲ့  အ၀တ်ထုပ်ကြားက ခပ်ပိန်ပိန်ကိုယ်လုံးနဲ့.... သည်ကြားထဲ သယ်လာတဲ့ ဘူးစုတ် ခွက်စုတ် ပုလင်းစုတ်တွေနဲ့ ကိုယ့်ကိုယ်တောင် မလဲပြိုအောင် အနိုင်နိုင်ထိန်းရင်မနိုင်.... သူ့ကြည့်ပြီး ကိုယ်တောင် စိတ်အိုက်နောက်ရှုပ်သွားမိရဲ့။   ဓာတ်ဆီဆိုင်မှာ ဆီလာထည့်တိုင်း  လမ်းလယ်ခေါင်က  ကွန်ကရစ်တုံးတွေကို သူမရဲ့ ကြယ်မြင်လမြင် နန်းတော်ထဲက  အဆောင်တော်လို  သဘောထား။ အ၀တ်ပိုင်းလေးခင်းလို့...သူ့ဆီမှာ  ပလပ်စတစ် ခြင်းတောင်းတစ်လုံးတော့ မြင်တယ်.. တခါတလေလည်း ခေါင်းမြီးခြုံပြီး..စောစောစီးစီး အိပ်တတ်တယ်..သိပ်ချမ်းတဲ့ ရာသီမျိုးတွေမှာတောင်  သူ ဒီလိုပဲ..စိတ်ချလက်ချ လုံခြုံစွာ အိ