Skip to main content
ပုစွန်တစ်ကောင်နှင့်ခရီးသွားခြင်း။



အမှတ်သတိနဲ. ဆွမ်းစားဆောင်ပေါ် ကျမတို.ယောဂီများ တက်လာနေကြပါတယ်။ ထုံးစံအတိုင်း လက်အုပ်လေးချီ၊ မျက်လွှာလေးချရင်း ကိုယ့်စားပွဲဆီကို လျှောက်လှမ်း အသွားမှာ..... မျက်စိက အမြင်ဓာတ်နဲ. ပြင်ထားတဲ့ ထမင်းစားပွဲပေါ်က ပုစွန်ထုပ်ဟင်းဆိုတဲ့ အမြင်အာရုံနဲ. သွားတိုက်မိပါတယ်။ တကယ်ဆို မြင်တယ်လို. သိလိုက်ရင် အဲဒီအာရုံလေး ဖြစ်ပြီး ပျက်သွားရမဲ့ကိစ္စ...။ ဒါပေမယ့် မှတ်ဖို. သတိတစ်ချက်လွတ်သွားတော့ `ဟာ. ပုစွန်ဟင်း ပါလား´ ဆိုတဲ့ နှလုံးသွင်းမှုနဲ.အတူ လောဘလေးပါ လိုက်ပါလာပါတော့တယ်။ လူတွေရဲ. စိတ်အတွေးတွေ ဘယ်လောက်တောင်မြန်ဆန်ပြီး ကြောက်ဖို. ကောင်းလိုက်ပါသလဲဆိုတာလေ..။ နောက်တော့ အမှတ်ကလေး ပြန်ကပ်ပြီး ကိုယ့်စားပွဲမှာ ထိုင်။ ဘုရားကန်တော့၊ မေတ္တာပို. ဘုရားစာရွတ်ပြီး နှလုံးသွင်း။ `ဤသည် စားဖွယ် အမယ်မယ်ကို.... ´ကိုရွတ်ဆို။

အားလုံးပြီးတော့ စားဖို. ပြင်ဆင်ရင်း ပုစွန်ဟင်းကို အကြည့် ကရောက်သွားပြန်ပါတယ်။ အင်.....ဘယ်လိုပါလိမ့်.... ဒီစားပွဲဝိုင်းမှာ ဆရာလေး ၅ပါးရှိတာကို ပုစွန်က ၄-ကောင်ပဲပါတယ်။ အကောင်တွေကလည်း တချို.ကသေး၊ တချို.ကြီးနဲ. အကောင်လည်းမညီပါလား။ အတွေးက ရောက်ပြီးတော့ ဆက်သွားပြီ..။ နောက် လွတ်နေတဲ့ စိတ်ကို ဖမ်းတဲ့ အကျင့်လေး ၀င်နေလေတော့ ချက်ချင်းသိလိုက်ပါတယ်..။ တွေးမိတယ်။ တွေးမိတယ်။ ငါ ဘာတွေ တွေးနေမိပါလိမ့်။ တကယ်တမ်းကျတော့ ပုစွန်ကို မက်မက် စက်စက် မစားတတ်တဲ့ငါ ... လောဘတွေ ၀င်နေတာကို မြင်လိုက်ရပါတယ်။ အဲဒီအခိုက် စိတ်အေးသွားပြီး ကိုယ့်အမှတ်သတိနဲ. ကိုယ်ပြန်ကပ်သွားပြန်ပါရော။

ဒီစားပွဲဝိုင်းမှာ ကျမက ၀ါအရရော အသက် အရရော အငယ်ဆုံးဖြစ်လေတော့ နောက်ဆုံးမှပဲ ဟင်းပွဲနှိုက်ရလေ့ရှိပါတယ်။ ဒီတခါ ပုစွန်ဟင်းက ကျမဆီအရောက်မှာ ၂-ကောင်ကျန်ပါသေးတယ်။ မလှည့်ရသေးတဲ့ ဆရာလေး ၂-ပါး ရှိပါတယ်။ ကဲ.. ကြည့်... စိတ်က အကုန်တွေးပြီးနေပြီ။ ကျမ တစ်ကောင်ယူလိုက်ရင် ကျန်တဲ့ ၂ပါး ကတ၀က်စီ ပဲရမယ်။ ဖဲ့ရမှာလည်း မလုပ်ချင်ဘူး။ ဖြစ်နေတဲ့ စိတ်အစဉ်တွေ။ တကယ်ဆို ပုစွန်မှ မဟုတ်။ ဘာဟင်းကိုမှ ကျမ မက်မက်မောမော မရှိခဲ့တာ ကြာပြီ။ အိမ်မှာချက်ရင်လည်း ဘယ်တော့မှ ကောင်းကောင်းမတို.ဖြစ်။ ချက်မယ်ဆိုပြီး ၀ယ်လာတဲ့ ပုစွန်တွေလည်း ရေခဲသေတ္တာထဲက deep freezer ထဲမှာ ၃-၄ ရက်မက အေးခဲနေတတ်ခဲ့သည်ပဲ။ ချက်ပြီးသွားရင်လည်း နောက်နေ.တွေအထိ ဆက်နေရသေးတဲ့ ဟင်းပွဲကို။ ကျမ ကိုယ့်ကိုကိုယ်လည်း ရယ်ချင်မိတယ်။ လောဘစိတ်ရဲ. လှည့်စားနိုင်တဲ့ အစွမ်းကိုလည်း အံ့သြနေမိတယ်။

နောက်တော့ ကျမလည်း ပန်းကန်ထဲက ဟင်းအနှစ်ကိုပဲ ခပ်ထည့်လိုက်ပါတယ်။ ကျန်တဲ့ ဆရာလေးတွေကတော့ အားလုံးပြီးသွားပြီ ဆိုတော့ တစ်ယောက်တစ်ကောင် ကိုယ်စီ ပန်းကန်ထဲကို ထည့်လိုက်ကြပါတယ်။ ကိုယ့်အမှတ်ကလေးနဲ. ကိုယ်စားနေရင်း ကျမလည်း အဆင်ပြေနေပါတယ်။ ကျမ စိတ်ထဲမှာ ပုစွန်လည်း မရှိတော့ပါဘူး။ ခိုးလို.ခုလုလည်း ဖြစ်မနေခဲ့ပါဘူး။ ဟုတ်လှပြီပေါ့နော်။ အမှတ်သတိက နိုင်သွားတော့ လောဘ၊ ဒေါသတွေ ဖြစ်ခွင့်မရှိတော့ဘူးတဲ့။

အဲဒီအချိန်လေး အတွင်းမှာပဲ လိုက်ပွဲထည့်နေတဲ့ ဆရာလေးက ဟင်းခွက်ထဲကို ပုစွန် ၂-ကောင် လာထပ်ထည့်ပေးပါတယ်။ အမှတ်သတိတောင် ဘယ်ရောက်သွားမှန်း မသိလိုက်ပါဘူး။ ပုစွန်တစ်ကောင်က ကျမပန်းကန်ထဲရောက်နေပါပြီ။ အင်း.......မြန်လွန်းအားကြီးလို. ဘယ်အရာက ဘယ်ထောင့်က ပေါ်လာပြီး ခတ်ထည့်လိုက်တယ် မသိပါဘူး။ ကျမ အမှတ်သတိက အမှီမလိုက်နိုင်ခဲ့လိုက်ပါဘူး။ လောဘ က ပဲလား၊ ဒေါမနဿ က ပဲလား။ သေချာတာကတော့ ကျမ ကိန်းအောင်းနေတဲ့ ဒီကိလေသာတရားတွေကို တော်တော်ကြောက်လန့်သွားရတာပါပဲ။

ကျမလိုချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ကို ဒီဘ၀မှာပဲ ရနိုင်ဖို.ဆိုတာအတွက် အများကြီး ကြိုးစား အားထုတ်ရဦးမယ်ဆိုတာကိုလည်း ပိုပြီး သဘောပေါက် လိုက်ရပါတယ်။ ဒီလို အေးချမ်းဖို. မမေ့မလျော့တဲ့ သတိတရားထား တကယ့်ကို ကြိုးကြိုးစားစား အားထုတ်နေတဲ့ ကိုယ့်စိတ်ကိုယ်ဆုံးမနေရတဲ့ တရားစခန်းမှာတောင် ဒီစိတ်က မယဉ်ပါးနိုင်သေးခဲ့။....... ကိုယ်လွတ်လက်လွတ် သတိလက်လွတ်နဲ. နေနေတဲ့ လူ.လောကအသိုင်းအ၀ိုင်းမှာ နောက်ထပ်သံသရာ ရှည်စေမယ့် အကုသိုလ်တရားတွေ အများကြီး လုပ်မိ၊ ဖြစ်နေဦးတော့မှာပဲလို. ကိုယ့်ကိုကိုယ် ဆင်ခြင်မိပါတယ်။ သတိတရား လက်ကိုင်ထားမှ ကျမတို.တတွေ သက်သာရာရမယ်ဆိုတာကိုလည်း သိလိုက်ရတယ်။ တကယ်တမ်း ကျမတို. စင်ကြယ်အောင် ဆေးကြောသင့်တာက ကိုယ့်ကို သံသရာရှည်စေပြီး အပယ်ငရဲကို ဆွဲချသွားမဲ့ ဒီကိလေသာ အညစ်အကြေးတွေကိုပါ။ အရင်ကလို စာတွေ.မဟုတ်ပဲ သေသေချာချာ ကိုယ်တိုင် တွေ.သိလိုက်ရတဲ့အတွက် ဘာလုပ်ရမလဲဆိုတာ ကိုယ်တိုင်ပဲ သိသင့်နေပြီပဲလေ။ ။

အပ္ပမာဒေန သမ္ပာဒေထ။

(အပ္ပမာဒေန - မမေ့မလျော့ မပေါ့မဆ ပြင်းပြထက်သန် မှန်ကန်သော သတိတရားဖြင့်
သမ္ပာဒေထ - သီလ၊ သမာဓိ၊ ပညာ ဟု ဆိုအပ်သော သိက္ခာသုံးပါးတို.ကို ကိုယ်စီကိုယ်င ပြည့်စုံအောင် ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း။)

Comments

Popular posts from this blog

၁၁၂၇

ဘဝမှာ အခက်ခဲဆုံး အချိန်တွေကို ကျော်ဖြတ်နေရသလိုပါပဲ.... အားလုံးက ခက်ခဲနေကြတဲ့ကြားထဲ ကိုယ်က ထူးပြီး ခက်ခဲနေတာတော့ မဟုတ်ဘူးပေါ့.....ပတ်ဝန်းကျင်လိုက်ကြီး ခက်ခဲကြပ်တည်းနေကြတာ....အစစ အရာရာပေါ့လေ... ကိုယ်လည်း စိတ်ထဲ အဆင်ပြေမနေဘူး.... နေရတာလည်း လဟုတာ၊ မုဒုတာ ဖြစ်မနေဘူး... အရင်ကလို စိတ်ထဲရှိသမျှ ရေးချနိုင်တဲ့ blog ခေတ်ကို ပြန်လွမ်းလို့ ပြန်လာခဲ့တယ် ဆိုပါေတာ့.... မနေ့...အဲ...ဟို တနေ့လောက်က စပြီး Netflix က ကိုးရီးယားဇာတ်လမ်းတွဲ တခု ကြည့်ဖြစ်တယ်.... ပုံမှန်ဆို တညထဲနဲ့ အကုန်ကြည့်တတ်ပေမဲ့...အဲဒီ့ကားလေးကိုတော့ နားနားပြီး ကြည့်ရတယ်... ပြောရမယ်ဆိုရင် စိတ်ကို ဘယ်နားထားရမှန်းမသိလို့ အချိန်ဖြုန်းနေတဲ့ သဘောပါပဲ... ကိုယ်က ငယ်ငယ်ကတည်းက တက္ကသိုလ်ဘုန်းနိုင် ရဲ့ စာအုပ်တွေဖတ်ပြီး စိတ်ပညာကို  စိတ်ဝင်စားလို့ တက္ကသိုလ်ဝင်ခွင့်တင်တော့ ကိုယ်တိုင်မတင်လိုက်ရဘူး...ဖေဖေပဲ တင်ပေးတာထင်ရဲ့... ပထမ၊ ဒုတိယ၊ တတိယ ဦးစားပေးတွေက သိတဲ့အတိုင်း ဆေး၊ စက်မှုု အီကို၊ ပြီးရင် စိတ်ပညာ လို့ လျှောက်ထားဖြစ်ခဲ့တယ်... အခု အမှတ်တမဲ့ ကြည့်မိတဲ့ ကိုရီးယားကားလေးက တက္ကသိုလ်ဆေးရုံတခု ရဲ့ စိတ်ကျန်းမာရေး unit တခုက သူနာပြုဆရာမလေးကို အခြေခံတဲ့ ဇာတ်လမ်

ဥယျာဉ်တော်ထဲက သရက်သီး ငတက်ပြား ..အပိုင်း (၂) (K-မမ ရေးသည်)

တွဲလဲရယ် နေပါဦး.. (ပုံလေးကို ဒီကယူပါသည်) “ ဟိတ်ကောင် .... မင်းထမီကို ခါးတောင်းကျိုက်လိုက်.. ..ဒီထိုင်ခုံကို ငါ နံရံမှီထားပေးမယ်။ ထိုင်ခုံဘောင်ကနေ နောက်မှီတန်းပေါ်ကိုလှမ်း။ လက်နှစ်ဖက်က အဲဒီ သံဇကာကိုဆွဲ။ ဟိတ်ကောင် ..... မှန်စောင်းနဲ့ လွတ်တဲ့နေရာကို ပြောတာ။ မင်းလက်တော့ မှန်ရှတော့မှာပဲ။ အေး.... ဟုတ်ပြီ အဲဒီလို ခဏခိုထား။ ငါဒီပြတင်းပေါက်ကို မြဲမြဲကိုင်ထားမယ်။ ညာခြေထောက်က ပြတင်းပေါက်ဘောင်ပေါ်ကို လှမ်းနင်း။ နင်း .....ရဲရဲသာနင်း။ ပြုတ်ကျရုံအပြင် ဘာမှမဖြစ်ဘူး။ ဘယ်ခြေထောက်က တလှမ်းတက်။ အေး .... ညာခြေထောက်က ခေါင်းမိုးပေါ်ချ။ ညာလက်က ခေါင်ချုပ်သစ်ကိုဆွဲ။ ဘယ်ခြေကိုပါ တခါတည်း ခေါင်းမိုးပေါ်ချ။ အေး.... ဟုတ်ပြီ။ ရော့ .....ဝါးလုံး။ ဟိတ်ဟိတ်..... အဲဒီအလယ်လောက်မှာပဲနေ။ ဆက်မဆင်းနဲ့။ တော်ကြာ ခေါင်းမိုးပေါ်က ပြုတ်ကျနေလို့ ကျော်မကောင်း ကြားမကောင်းတွေ ဖြစ်နေအုံးမယ်။ ဟူး …… နင့်ကိုပြောရတာ မောလိုက်တာ။” ဒုန်း .. ဒုန်း .. ဒ ရော … ဘုတ်။ ( ဒုန်း = သရက်သီး ခေါင်မိုးပေါ်သို့ ပထမကျသံ၊ ဒုန်း = နောက်တဆင့်ခုန်သံ၊ ဒ ရော = သရက်သီး သွပ်ပြားပေါ်လိမ့်သံ။ ဘုတ် = သရက်သီးမြေကြီးပေါ်ကျသံ ) “ ဟာ .... ဟိတ်ကောင် .... ခေါင်းမိုးနဲ့ လွတ

မမာကျန်းသူများအကြောင်း။

  ကားတွေ မီးပွိုင့်မိနေတုန်း လမ်းဘေးမှာ အပေါစား  စကတ်တို ညစ်ထပ်ထပ်လေးနဲ့ မော်ဒယ်လေးတစ်ယောက်လို လမ်းလျှောက်သွားတဲ့ အမျိုးသမီးတစ်ယောက်... တခုခု လွဲနေသလားလို့....သေသေချာချာ ကြည့်မိလိုက်ပါတယ်.... စိတ်မကောင်းစရာ...ဆံပင်ဖြူဖြူ အရေတွေတွန့်လို့...သူ့ပုံစံကတော့ တကယ့်ကို မော်ဒယ်လေးတစ်ယောက် cat  walk လျှောက်သလို  confidence အပြည့်နဲ့..... နောက်တစ်ယောက်ကတော့ နေပူကျဲကျဲထဲမှာ အထပ်ထပ် ထပ်ထားသော အ၀တ်အစားများက ရာသီစုံ အ၀တ်စုံ...၀က်ဝံကြီး တစ်ကောင်စာလောက် ဖြစ်လာတဲ့  အ၀တ်ထုပ်ကြားက ခပ်ပိန်ပိန်ကိုယ်လုံးနဲ့.... သည်ကြားထဲ သယ်လာတဲ့ ဘူးစုတ် ခွက်စုတ် ပုလင်းစုတ်တွေနဲ့ ကိုယ့်ကိုယ်တောင် မလဲပြိုအောင် အနိုင်နိုင်ထိန်းရင်မနိုင်.... သူ့ကြည့်ပြီး ကိုယ်တောင် စိတ်အိုက်နောက်ရှုပ်သွားမိရဲ့။   ဓာတ်ဆီဆိုင်မှာ ဆီလာထည့်တိုင်း  လမ်းလယ်ခေါင်က  ကွန်ကရစ်တုံးတွေကို သူမရဲ့ ကြယ်မြင်လမြင် နန်းတော်ထဲက  အဆောင်တော်လို  သဘောထား။ အ၀တ်ပိုင်းလေးခင်းလို့...သူ့ဆီမှာ  ပလပ်စတစ် ခြင်းတောင်းတစ်လုံးတော့ မြင်တယ်.. တခါတလေလည်း ခေါင်းမြီးခြုံပြီး..စောစောစီးစီး အိပ်တတ်တယ်..သိပ်ချမ်းတဲ့ ရာသီမျိုးတွေမှာတောင်  သူ ဒီလိုပဲ..စိတ်ချလက်ချ လုံခြုံစွာ အိ